ဒီကနေ့ နံနက် (၁)နာရီအချိန်က နမ့်ဆန်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နမ့်ဆန်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ လူထိခိုက်သေဆုံးတာမရှိဘူးလို့ ဆိုပါတယ်။
နမ့်ဆန်မြို့ကို “ ၁၀၂၇ စစ်ဆင်ရေး” ထဲ တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး အခုလထဲ (၄)ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဩဂုတ်လ (၁၃)ရက်နေ့ကလဲ နမ့်ဆန်မြို့ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ (၃)ကြိမ် လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလို နမ့်ဆန်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၁)ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။