နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ ရှုံးနိမ့်တာတွေကိုကြည့်မြင်ပြီး ပြည်သူဘက်ကရပ်တည်ဖို့ NUCC တိုက်တွန်း

ဩဂုတ်လ (၁၇)ရက်။

နိုင်ငံတကာအစိုးရတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရေးရှုံးနိမ့်တာတွေနဲ့ အုပ်ချုပ်နိုင်စွမ်းမရှိတာတို့ကို ကြည့်မြင်သုံးသပ်ပြီး ပြည်သူဘက်ကရပ်တည်ဖို့ NUCC ရဲ့ မနေ့က တိုက်တွန်းထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေတဲ့ တရားမ၀င်အတုအယောင်ရွေးကောက်ပွဲ ကျင်းပတာဟာ ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေကို ဖြစ်ပေါ်စေကာ အာပေးထောက်ခံတဲ့ နိုင်ငံတွေနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေမှာပါ တာ၀န်ရှိတယ်လို့ သတိပေးထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို လေယာဉ်ဆီတင်သွင်းတာနဲ့ လက်နက်တင်သွင်းရောင်းချတာ ပိတ်ပင်ဖို့နဲ့ အဓိကသော့ချက်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးဆက်သွယ်တာ ဖြတ်တောက်တာတို့ကို ထပ်ဆင့်ပိတ်ဆို့တာတွေကို မဖြစ်မနေ အရေးယူဆောင်ရွက်ဖို့ တာ၀န်ရှိတယ်လို့ ထပ်လောင်းအသိပေးထားပါတယ်။

အခုကာလမှာ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေး ရှမ်း-မန်းစစ်ဆင်ရေးကိုလဲ NUCC အနေနဲ့ ထောက်ခံအားပေးကာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းယူတာအပါအ၀င် အောင်မြင်တာတွေအတွက် ၀မ်းမြောက်ဂုဏ်ယူတယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးအရ အောင်မြင်သိမ်းပိုက်ပြီးတဲ့ မြို့ရွာတွေရှိ ပြည်သူလူထုရဲ့ လုံခြုံရေး၊ စား၀တ်နေရေးနဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်တာတွေကို လူမျိုး၊ ဘာသာ ရန်သူမိတ်ဆွေ မခွဲခြားဘဲ ဆောင်ရွက်ပေးနေတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေကို ကျေးဇူးတင်တယ်လို့ ရေးသားထားပါတယ်။

နိုင်ငံရေးတရား၀င်မှုနဲ့ ပြည်သူထောက်ခံတာမရှိတဲ့အပြင် ပြည်သူ့ခုခံတော်လှန်စစ်ကြောင့် ထိန်းချုပ်နယ်မြေတွေ ဆုံးရှုံးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူအပေါ် လေယာဉ်နဲ့ဗုံးကြဲတာ၊ ရပ်ရွာအိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ စတဲ့ စစ်ရာဇ၀တ်မှုတွေကို ပိုမိုတိုးမြှင့် ကျူးလွန်နေတယ်လို့ ပြောဆိုထားပါတယ်။

အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ဖြတ်ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက်ညဆင်နွှဲနေတဲ့ တော်လှန်ရေးကြီးမှာ NUCC အနေနဲ့ ဘယ်လိုပြည်ပစွက်ဖက်တာကိုမှ လက်မခံဘဲ ပြည်သူနဲ့အတူ တိုက်ပွဲ၀င်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 28 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒို လူကြီးရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 23 Views
စစ်လော်ဘီတွေက လေကြောင်းဗုံးကြဲခံရတာဆိုပြီး သတင်းမှားဖြန့်နေ မေလ (၇)ရက်။ မနေ့က KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ KNU
မြန်မာသတင်း

စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီ DCI Group တို့ ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် JFM ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 26 Views
မေလ (၇)ရက်။ စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီကုမ္ပဏီဖြစ်တဲ့ DCI Group တို့ ဆက်သွယ်ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် Justice for Myanmar(JFM)က မနေ့က ရှုတ်ချထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိတ်ဆွေဟောင်းနဲ့ ယခင်အကြံပေးအနေနဲ့ ဆောင်ရွက်ခဲ့တဲ့
မြန်မာသတင်း

ရွေးကောက်ပွဲကို ထောက်ခံတာက နိုင်ငံရေးဆောင်ရွက်တာကို ထောက်ခံတာဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 22 Views
မေလ (၇)ရက်။ ရွေးကောက်ပွဲကို ထောက်ခံတာဟာ နိုင်ငံရေးအရ ဆောင်ရွက်တာတွေကို ထောက်ခံတာဆိုပြီး ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က မနေ့က အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မဲပေးသူတွေဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက် မဲပေးတာပါ။ မဲပေးတာမှာ စနစ်တကျနဲ့
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNU ဆီ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 25 Views
မေလ (၇)ရက်။ မနေ့က တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၂)ဦးဟာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းကဖြစ်ပြီး KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၁)နဲ့ မဟာမိတ်တပ်ဖွဲ့တွေဆီ
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 33 Views
မေလ (၆)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ဝက်လက်မြို့ စခန်းသာရွာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ နေ့လယ် (၁၂)နာရီကျော်လောက် စခန်းသာရွာနားကို စစ်တပ်ရဲ့ တံတားဦးတက်ကနေ ဂျက်ဖိုက်တာ (၃)စီးနဲ့ လေကြောင်းကနေ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩစတြေးလျသံရုံး တောင်းဆို

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 30 Views
မေလ (၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩ‌စတြေးလျသံရုံးက ဒီကနေ့မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပကျယ်ချုပ် ပြောင်းရွှေ့တာကို သိရပြီး မိသားစုအပါအဝင် ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုရစေဖို့
မြန်မာသတင်း

လေးကေစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ လိုက်လံချေမှုန်းခံရပြီး (၇)ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါ (၁၈)ဦး ဖမ်းမိခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 33 Views
မေလ (၆)ရက်။ ‌ဘီးလင်းမြို့ရှိ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး (၁၈)ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲက‌နေ ထွက်ပြေးသွားတဲ့