ဩဂုတ်လ (၁၈)ရက်။
မနေ့က ရန်ကုန်တိုင်း၊ မှော်ဘီမြိုနယ်က စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ တောင်သာမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာသူဟာ ဟာ ရန်ကုန် ရဲတပ်ရင်း(၅) မှော်ဘီမြို့က ရဲတပ်သား မျိုးချစ်သူဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲတပ်သား မျိုးချစ်သူဟာ G-3 အမျိုးအစားတလက်၊ ကျည် (၁၅၀)တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့နဲ့အတူ တောင်သာမြို့နယ်ပကဖထံ အလင်း၀င်လာတာလို့ ဖော်ပြထားပါတယ်။
အခုလို လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တဲ့ စစ်ကောင်စီရဲတပ်သား မျိုးချစ်သူကို ဂုဏ်ပြုငွေ သိန်း (၅၀)ကျပ် ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။