နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဝန်ကြီးချုပ်သစ် ပေထုံတန် ရှင်နာဝပ်နဲ့ ထိုင်းနိုင်ငံ ရှေ့ရေးအလားအလာ

++++++++++++++++++++++++++++++++++++++++

သြဂုတ်လ (၁၉) ရက်။

တပ်စင်သမီး ဝန်ကြီးချုပ်သစ် ပေထုံတန် ရှင်နာဝပ်က ထိုင်းနိုင်ငံရဲ့ (၃၁) ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာပြီး ကျဆင်းနေတဲ့ ထိုင်းစီးပွားရေးကို ဦးမော့အောင် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

မနှစ်က မေလရွေးကောက်ပွဲမှာ ပီတာဦးဆောင်တဲ့ Move Forward ပါတီက တော်ဝင်မိသားစုအပေါ် ဝေဖန်မှုကို တားမြစ်တဲ့ဥပဒေတွေနဲ့ ထိုင်းနိုင်ငံရေးမှာ စစ်တပ် လွှမ်းမိုးမှုကို လျှော့ချမယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ရွေးကောက်ပွဲ ကတိကဝတ်နဲ့အတူ လူထုထောက်ခံမှု အများဆုံးရရှိခဲ့ပြီး ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ပီတာကို ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်ကို အမည်စာရင်းတင်သွင်းတဲ့အခါ Move Forward ပါတီရဲ့ ပြုပြင်ပြောင်းလဲမှု မူဝါဒတွေက ထိုင်းနိုင်ငံရဲ့ ရှိရင်းစွဲ ဖြစ်တည်မှုကို ခြိမ်းခြောက်မှုရှိတယ်လို့ ရှုမြင်ခံခဲ့ရပြီး ပီတာပါတီဟာ ရွေးကောက်ခံမဟုတ်တဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုကို ကြုံခဲ့ရပြီး ပီတာအနေနဲ့ ဝန်ကြီးချုပ်အဖြစ် အရွေးခံခွင့်မရတော့ဘဲ Move Forward ပါတီဟာ အတိုက်အခံပါတီအဖြစ်ကို ရောက်ရှိသွားခဲ့ပါတယ်။

လက်ရှိဝန်ကြီးချုပ်သစ်ရဲ့ ဖြူထိုင်းပါတီက ဒုတိယနေရာကို ရရှိခဲ့ပေမယ့် စစ်တပ်နဲ့နီးစပ်တဲ့ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ခဲ့ပြီး လွှတ်တော်မှာ အာဏာရပါတီအဖြစ် ရရှိအောင်လုပ်ခဲ့ပြီး Move Forward ပါတီကို အတိုက်အခံပါတီအဖြစ်ကို ရောက်ရှိသွားအောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖြူထိုင်းပါတီမှာ သူမဟာ ဝန်ကြီးချုပ်လောင်း အဖြစ် ရေပန်းစားခဲ့ပေမယ့် ဝန်ကြီးချုပ် အမည်စာရင်း မတင်သွင်းခဲ့ဘဲ ဆေထာ ထဝီဆင်ကိုသာ အမည်တင်သွင်းခဲ့တဲ့အတွက် ဆေထာ ထဝီဆင်ဟာ မနှစ်က သြဂုတ်လမှာ ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်နဲ့ အချိန်ကိုက် ထိုင်းနိုင်ငံမှာ သြဇာအာဏာကြီးမားခဲ့သော်လည်း တရားစွဲခံရတဲ့အမှုကြောင့် ပြည်ပကိုထွက်ပြေးသွားတဲ့သူမရဲ့ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒီနှစ် ဧပြီလမှာတော့ ဝန်ကြီးချုပ် ဆေထာဟာ ကက်ဘိနက်အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ နီးစပ်တဲ့သူတွေကို ကက်ဘိနက်ဝင်တွေအဖြစ် ရွေးချယ်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ နိုင်ငံရေးသြဇာသက်ရောက်တဲ့ ကက်ဘိနက်အဖြစ် ဖြစ်လာခဲ့ပါတယ်။

မဟာမိတ်အဖြစ်တည်ရှိတဲ့ စစ်တပ်နီးစပ်တဲ့ပါတီတွေနဲ့ ဖြူထိုင်းပါတီတို့ရဲ့ နိုင်ငံရေးရပ်တည်ချက်၊ မူဝါဒရေးရာတွေဟာ တထပ်တည်း မရှိပါဘူး။ အဲ့ဒီအတွက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ နိုင်ငံရေးသြဇာသက်ရောက်မှာကို မလိုလားတဲ့ စစ်တပ်နီးစပ်တဲ့ပါတီတွေထဲကတချို့က ဝန်ကြီးချုပ်ဆေထာ ထဝီဆင်ကို ဖြုတ်ချဖို့ ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို သတိပေးတာမျိုး ဖြစ်နိုင်တယ်လို့ ထိုင်းနိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုပါတယ်။

တကယ်လို့ သက်ဆင်က သူ့ရဲ့အရှိန်သြဇာကို လိုအပ်တာထက် ပိုလာရင် စစ်တပ်နီးစပ်တဲ့ပါတီတွေနဲ့ ဖြူထိုင်းပါတီအကြား ကွာဟချက်တွေဖြစ်လာနိုင်ပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်တဲ့အတွက် စစ်တပ်နီးစပ်တဲ့ပါတီတွေနဲ့ ဆက်ဆံရေးပြေလည်အောင် ပြုလုပ်နိုင်ဖို့က ဖြူထိုင်းပါတီအတွက် စိန်ခေါ်မှုဖြစ်တယ်လို့ ဂျပန်နိုင်ငံက ထိုင်းအရေးကျွမ်းကျင်သူ စကူဘာတက္ကသိုလ်ကထိက ဆရာမ တိုးရာမာက ဂျပန်မီဒီယာတွေမှာ လေ့လာသုံးသပ်ထားပါတယ်။

ဒါ့အပြင် Move Forward ပါတီကနေ People Party (လူထုပါတီ) အသစ်ကို ပြောင်းလဲတည်ထောင်ခဲ့တဲ့ လူထုပါတီဦးဆောင်သူတွေကလည်း အမြင်ကျယ်စွာနဲ့ လူထုကို လမ်းပေါ်ထွက်စေမှာမဟုတ်ဘူးလို့ ထိုင်းလူမျိုး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူထုက လမ်းပေါ်ထွက်ဆန္ဒပြတာနဲ့ ထိုင်းစစ်တပ်က အဲ့ဒါကို အခွင့်အရေး ရယူပြီး စစ်အာဏာသိမ်းမှု ထပ်ဖြစ်လာနိုင်ပါတယ်။

Move Forward ပါတီတဖြစ်လဲ လူထုပါတီဟာ မြန်မာနိုင်ငံလိုမျိုး ရေတိုအမြင်နဲ့ လှုပ်ရှားတာမျိုး မရှိဘဲ စိတ်ရှည်စွာ ရေရှည်အမြင်နဲ့ ဆန္ဒပြတာကို အားမပေးတာဖြစ်ပြီး ရွေးကောက်ပွဲလမ်းကြောင်းကသွားဖို့ သီးခံစောင့်နေကြတာ ဖြစ်ပါတယ်။ တချို့မြန်မာတွေပြောနေကြတဲ့ ထိုင်းတွေ မြန်မာလောက်သတ္တိမရှိဘူးဆိုတာ ဘာကြောင့်လဲဆိုတဲ့အဖြေကို ဒီနေရာကနေ စဉ်းစားနိုင်ကြလိမ့်မယ်လို့ ယူဆတယ်။ သေချာတာက ထိုင်းနဲ့ မြန်မာဟာအခြေအနေ မတူသလို ထိုင်းလူငယ်တွေဟာ အတွေးအခေါ် ပိုရှိတယ်၊ ရှေ့ရေးကြိုမြင်တယ်ဆိုတာ သိနိုင်ပါလိမ့်မယ်။ ဒီလိုအမှန်ပြောလို့တချို့က ကြိုက်ချင်မှ ကြိုက်မှာဖြစ်ပေမယ့် ဒါဟာ အရှိတရားပဲဖြစ်ပါတယ်လို့ ထိုင်းအရေးကျွမ်းကျင်သူ စတီဗင်စန်းယုက သူ့ရဲ့လူမှုစာမျက်နှာမှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံရေးဟာ မြန်မာနိုင်ငံအပေါ်မှာ ရိုက်ခတ်မှု အများကြီးရှိတဲ့အတွက် ထိုင်းနိုင်ငံအရေးကို ဆက်လက် စောင့်ကြည့်နေရမှာ ဖြစ်ပြီး လူငယ်ပညာတတ်တွေ ဦးဆောင်တဲ့ လူထုပါတီရဲ့ မူဝါဒေတွေ သူတို့ရဲ့ အပြောအဆိုအတွေ၊ အတွေးအခေါ်တွေဟာလည်း မြန်မာလူငယ်တွေ ယူတတ်ရင် သင်ခန်းစာတွေ အများကြီး ရနိုင်ပါတယ်။

May be an image of 4 people and text

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ဆွေးနွေးပွဲတိုးတက်မှုသည် ထရမ့်၏ တရုတ်ခရီးစဉ် ရလဒ်အပေါ် မူတည်နိုင်ဟု သတင်းရင်းမြစ်ဆို

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီအထိ သိသာထင်ရှားသော တိုးတက်မှုများ ရှိလာမည်မဟုတ်ကြောင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တစ်ခုအရ
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 14 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော အဖွဲ့ငယ်တစ်ခုသည် ဝါရှင်တန်နှင့် ဖြစ်ပေါ်လာနိုင်သော သဘောတူညီချက်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ၎င်းလုပ်ရပ်များသည်
Virus နိုင်ငံတကာသတင်း

ကိန်းဂဏန်းများက ဖော်ပြနေသည့် ဟန်တာဗိုင်းရပ်စ်(Hantavirus) အခြေအနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 19 Views
CNN – ၂၀၂၆၊ မေလ ၉ ရက် MV Hondius သင်္ဘောသည် တီနီရိုက်ဖ် (Tenerife) ကျွန်းသို့ ဦးတည်ခုတ်မောင်းနေစဉ်၊ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ခံနေရသည့် အဆိုပါသင်္ဘော၏ နောက်ဆက်တွဲအခြေအနေများကို မဲလ်လစ်စာ ဘဲလ် (Melissa Bell)