ဩဂုတ်လ (၁၉)ရက်။
မောင်တောမြို့သိမ်းတိုက်ပွဲတွေအပေါ် သတင်းတု၊ သတင်းမှားတွေ ရေးသားပြောဆိုနေတာဟာ ဒေသထဲ လူမျိုးစုနှစ်ခုအကြား ထိခိုက်နိုင်တယ်လို့ AA ရဲ့ ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတာနဲ့အတူ နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်အချို့က မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းတု၊ သတင်းမှားတွေ ရေသားပြောဆိုနေတယ်လို့ ဆိုပါတယ်။
ခေတ်အဆက်ဆက် ရခိုင်ဒေသထဲ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေရဲ့ အဓိကလက်သည်တရားခံတွေဟာ စစ်အစိုးရအဆက်ဆက်နဲ့ ဖက်ဆစ်စစ်ကောင်စီဖြစ်တယ်လို့ ဖော်ပြထားထားပါတယ်။
ဒီရက်သတ္တပတ်ထဲအပါအ၀င် ပြီးခဲ့တဲ့လတွေက ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်ရပ်တွေတိုင်းဟာ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်တွေဖြစ်ပြီး ARSA၊ RSO၊ ARA အစွန်းရောက်အဖွဲ့တွေကပါ အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ရေးသားထားပါတယ်။
အခုအခါ မောင်တောမြို့ထဲတိုက်ပွဲတွေဟာ မြို့ထဲနေရာအနှံ့မှာ ဖြစ်ပွားနေပြီး မြို့ထဲက ဖက်ဆစ်စစ်ကောင်စီနဲ့ ARAS၊ RSO နဲ့ ARA အစရှိတဲ့ အစွန်းရောက်အဖွဲ့တွေက ဒေသခံပြည်သူတွေကို လူသားဒိုင်းကာအနေနဲ့ အသုံးပြုဖို့ ခေါ်ယူထားဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အာရက္ခတပ်တော်(AA)အနေနဲ့ အဲ့ဒီပြည်သူတွေကို နေ့တိုင်း ကယ်ထုတ်နေရဆဲဖြစ်ကာ စစ်ကောင်စီရဲ့ လူသားဒိုင်းကာအနေနဲ့ အသုံးပြုခံထားရတဲ့ မောင်တောဒေသခံ (၂၀၀၀၀)နီးပါးကို တိုက်ပွဲတွေကြားကနေ ကယ်ထုတ်ထားတယ်လို့ သိရပါတယ်။