နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်အကျိုးစီးပွားကို ထိခိုက်စေမယ့် ကိစ္စရပ်တွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

ဩဂုတ်လ (၂၂)ရက်။

တရုတ်နိုင်ငံ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမယ့် ကိစ္စရပ်တွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်သံအမတ်သစ် Ms. Ma Jia နဲ့တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ တရုတ်သံရုံးထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်သွားမှာဖြစ်ပြီး မြန်မာရှိ တရုတ်စီမံကိန်းနဲ့ ၀န်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို အစွမ်းကုန် ထိန်းသိမ်းကာကွယ်သွားမယ်လို့ သူက ဆိုပါတယ်။

မြန်မာအနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို လွန်စွာအရေးထားပြီး “ ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဉ်ကို ခိုင်မြဲအောင်မြှင့်တင်တာနဲ့ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နေတယ်လို့ ‌စစ်‌ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကို ပထမဆုံး အဆိုပြုခဲ့ကာ မူကြီး (၅)ရပ်ရဲ့ စိတ်ဓါတ်ကို အမြဲလိုက်နာပြီး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တွေ့ဆုံချိန်မှာ တရုတ်စီမံကိန်းနဲ့ ၀န်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျကျ ထိန်းသိမ်းကာကွယ်ပေးပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုအတွက် ဘေးကင်းတဲ့ ပတ်၀န်းကျင်ဖန်တီးပေးဖို့ တရုတ်သံအမတ်က တောင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကို မြှင့်တင်သွားမှာဖြစ်ပြီး နှစ်နိုင်ငံ ချိတ်ဆက်တာတွေ တိုးမြှင့်ကာ အေးအတူပူအမျှအသိုက်အ၀န်းကို တည်ဆောက်သွားဖို့ ကြိုဆိုတယ်လို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း”

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 22 Views
(ရုပ်သံတင်ဆက်မှုစာသားမူရင်း) ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 23 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One Piece Movement က မနေ့က စတင်လိုက်တယ်လို့ သိရပါတယ်။ “ အမေ့အတွက်
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 23 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ ၂၀၀၈ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်တာမှန်သမျှကို ကန့်ကွက်ငြင်းပယ်တယ်။ SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင် ရပ်တည်သွားမှာ”
မြန်မာသတင်း

ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်ဖို့ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
ဧပြီလ (၂၁)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ရက် (၁၀၀)မှာ PDF
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 32 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 30 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့