ဩဂုတ်လ (၂၆)ရက်။
လားရှိုးမြို့မှာ ခိုးမှုကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို မဖယ်ရှားနိုင်သေးဘူးလို့ အထူးဒေသ(၁)ရဲတပ်ဖွဲ့ ဒုရဲမှူး Mr. Zi Xuejin ရဲ့ ဩဂုတ်လ (၂၃)ရက်နေ့ လူထုတွေ့ဆုံပွဲမှာ ပြောဆိုထားချက်အရ သိရပါတယ်။
လားရှိုးမြို့ရဲ့အခြေအနေဟာ တိုက်ပွဲအပြီး ရှုပ်ထွေးနေသေးတာကြောင့် ရာဇ၀တ်သမားအချို့ဟာ ဝေးလံခေါင်သီတဲ့ လမ်းတွေနဲ့ လမ်းကြားတွေမှာ အခွင့်ကောင်းယူကာ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ခိုးမှုကျူးလွန်သူတွေကို ဖယ်ရှားနိုင်ဖို့အတွက် ပြည်သူ့လုံခြုံရေးလုပ်ငန်းမှာ ရဲတပ်ဖွဲ့တစ်ခုထဲနဲ့ မလုံလောက်တာကြောင့် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လိုအပ်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
လားရှိုးမှာ မြို့ထဲလုံခြုံရေးကို မြှင့်တင်ဆောင်ရွက်နေပြီး မူးယစ်ဆေးဝါး၊ တရားမ၀င်လက်နက်တွေနဲ့ ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားတာတွေကို ပြင်းထန်စွာ နှိမ်နင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာ ရပ်ကွက်တွေမှာ တရားဥပဒေစိုးမိုးဖို့အတွက် လုံခြုံရေးအဖွဲ့တွေနဲ့အတူ ပုံမှန်ကင်းလှည့်ဖို့အပါအ၀င် ကာကွယ်ရေးအဖွဲ့ရဲ့ လုပ်ငန်းတွေမှာ လူထုအနေနဲ့ ပါ၀င်ပူးပေါင်းဖို့ တောင်းဆိုထားပါတယ်။
အခုအခါ လားရှိုးမြို့ကို ပြန်လည်၀င်ရောက်နေထိုင်သူတွေ နည်းပါးနေဆဲဖြစ်ပြီး မြို့ထဲသန့်ရှင်းရေး အားနည်းနေကာ ဆက်သွယ်ရေးဖုန်းလိုင်းတွေလဲ Mytel တစ်မျိုးသာ ရရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။