နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒုသမတဟောင်း ပင့်စ် (Pence) ၏ အကြံပေးဟောင်း အိုလီဗီယာ ထရို့ဗ် (Olivia Trove)

လွန်ခဲ့တဲ့ လေးနှစ်က ကျွန်မ ထရန့်အစိုးရ အုပ်ချုပ်ရေးကနေ နှုတ်ထွက်ခဲ့ပါတယ်။ အိမ်ဖြူတော်မှာ အလုပ်လုပ်ဖို့ အိပ်မက်မက်ခဲ့တဲ့ ရီပတ်ဘလစ်ကန်တစ်ယောက်အနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်၊ ဒါပေမဲ့ အမေရိကန်တစ်ယောက်အနေနဲ့ ဒီလိုဆုံးဖြတ်လိုက်တာ မှန်ကန်ခဲ့ပါတယ်။ ဒေါ်နယ်ထရန်ဟာ ကျမတို့ရဲ့ ထောက်လှမ်းရေးနဲ့ စစ်ခေါင်းဆောင်တွေကို အားနည်းစေခဲ့တာကို ကျမကိုယ်တိုင် မြင်ခဲ့ရပြီး နောက်ဆုံးမှာ ကျမတို့ရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်ကို နှောက်ယှက်ခဲ့ပါတယ်။ အခုလည်း ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ အုတ်မြစ်ချကာ လိမ်ညာပြီး နောက်တစ်ကြိမ် ထပ်လုပ်နေတယ်လို့ မြင်ပါတယ်။ ထရန့် လိုချင်တာက အကွဲကွဲအပြားပြား ဖြစ်ဖို့က သူအနိုင်ရဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး အဲဒီလိုဖြစ်နေတာကို နိုင်ငံခြားရန်ဘက်တွေကလည်း သူကို အနိုင်ရဖို့ လိုချင်နေတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဒီနည်းလမ်းပဲ ရှိလို့ပါ။

လက်တီနိုအမျိုးသားလုံခြုံရေး ကျွမ်းကျင်ပညာရှင်တယောက်အနေနဲ့ ထရန့်ရဲ့ အိမ်ဖြူတော်အတွင်းမှာ နေရတာ အလွန်ထိတ်လန့်စရာ ကောင်းပေမဲ့ ညည ကျမကိုအိပ်မပျော်စေတာကတော့ တကယ်လို့ သူအိမ်ဖြူတော်ကို ပြန်ရောက်လာရင်ဆိုတဲ့ အတွေးကြောင့်ဖြစ်ပါတယ်။ သူတကယ် ပြန်ရောက်လာရင် အကာအကွယ်ပေးထားမှုတွေကို ရုတ်သိမ်းသွားမယ် အခန်းတွင်းမှာ အနည်းငယ်သာရှိတဲ့ လူကြီးတွေကို နှုတ်ထွက်စေမယ်။ ဒါမှမဟုတ် ထုတ်ပစ်မယ်။ ကျမတို့မိသားစုဟာ ထရန့်က ကာကွယ်ပေးမယ်ဆိုပြီး ဂရုစိုက်ဟန်ပြတဲ့ ရှေးရိုးဆန်တဲ့ ကွန်ဆာဗေးတစ်တွေ ကက်သလစ် အလုပ်သမားမိသားစုမှာ ကြီးပြင်းလာခဲ့တယ်၊ ဇူလိုင်လ ၄ ရက်နေ့ဟာ တက္ကဆက်ပြည်သား တက္ကဆန်တွေရဲ့ ကျွန်မတို့ရဲ့ အမြင့်မြတ်ဆုံး အားလပ်ရက်ဖြစ်ပြီး အဲဒီတန်ဖိုးတွေက ကျွန်မကို ရီပတ်ပလီကင် ဖြစ်လာစေခဲ့ပါတယ်။

ကင်မလာဟဲရစ်ကို အားပေးတဲ့အတွက် ဂုဏ်ယူရမယ့် တူညီတဲ့တန်ဖိုးတွေရှိပါတယ်။ ကင်မလာနဲ့ အကြောင်းအရာတိုင်းကို ကျမ သဘောမတူပေမယ့် ကျမတို့ရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ အရေးကြီးဆုံးကိစ္စကိုတော့ ကျွန်မတို့ သဘောထား တူညီခဲ့ကြပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်မရဲ့ ရီပတ်ဘလီကန်ပါတီဝင်တွေကို ပြောချင်တာက ရှင်တို့က ဒီမိုကရက်တွေကို မဲပေးတာမဟုတ်ဘဲ ရှင်တို့က ဒီမိုကရေစီကို မဲပေးတာ ဖြစ်တယ်။ ရှင်တို့က ကျမတို့ရဲ့ ပါတီကို သစ္စာမဖောက်ဘူး၊ ကျမတို့ တိုင်းပြည်အတွက် ရှင်တို့က ရပ်တည်နေတယ်ဆိုတာကို ပြသကြပါ။ ကျေးဇူးတင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို