နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အာဒမ် ကင်ဇင်နာ (Adam Kinzinger)

ကျွန်တော်အနေနဲ့ ဒီနေရာမှာပြောချင်တာက ဒီမိုကရေစီကို ကာကွယ်ဖို့ တခါတရံ မဟာမိတ်ဖွဲ့ရတာ ကိုးရိုးကားယား နိုင်လှပါတယ်။ အမှန်တရား၊ ဒီမိုကရေစီနဲ့ လူ့ကျင့်ဝတ်တွေကို ကာကွယ်ဖို့ လိုပါတယ်။ ရော်နယ်ရီဂင်ရဲ့ပါတီကို ကျွန်တော် စိတ်ပါဝင်စားပါဝင်ခဲ့တုံးက လူငယ်လေး တယောက်ဘဝမှာပဲ ရှိပါသေးတယ်၊ သူ့ရဲ့ အမေရိကန်နိုင်ငံကို အင်အားကြီးတဲ့နိုင်ငံအဖြစ်အမြင်နဲ့ တောက်ပနေတဲ့ တောင်ပေါ်ကမြို့မှာကျွန်တော်ဟာ ရီပတ်ပလီကင်ပါတီ အောက်လွှတ်တော်အမတ်အဖြစ် ၁၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိလည်း ဒီရာထူးကို ယူထားပါတယ်။

ကျွန်တော်အနေနဲ့ ဒီနေရာကို ရောက်လာလိမ့်မယ်လို့ စဉ်းကို မစဉ်းစားခဲ့ဘူးပါဘူး ဒါပေမဲ့ နားထောင်ကြပါ၊ ခင်ဗျားတို့အနေနဲ့လည်း ကျနော့်ကိုဒီနေရာမှာ မြင်ရလိမ့်မယ်လို့ထင်မှာ မဟုတ်ပါဘူး ဟုတ်တယ်မဟုတ်လား၊ ဒါပေမဲ့ကျွန်တော် ဒီမိုကရက်တစ်ပါတီနဲ့ပတ်သက်တဲ့ အကြောင်းကို လေ့လာမိခဲ့ရတယ် ဒါကို ကျနော်တို့ ရီပတ်ပလီကင်ပါတီဝင်တွေကို ဒီလျှို့ဝှက်ချက်ကို ပြောပြချင်ပါတယ်။ ဒီမိုကရက်တွေကလဲ ကျွန်တော်တို့လိုပဲ တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့ မျိုးချစ်စိတ်ရှိ တဲ့သူတွေပါပဲ။ ဒီနိုင်ငံကို ကျွန်တော်တို့ ချစ်သလောက် သူတို့လဲချစ်ပါတယ်။ သူတို့ဟာ အမေရိကန်ရဲ့တန်ဖိုးကို အိမ်မှာကော ပြည်ပမှာပါ ကာကွယ်ဖို့ စိတ်အားထက်သန်ကြပါတယ်။ ကျွန်တော်တို့ ကွန်ဆာဗေးတစ်တွေလိုပဲ သူတို့စိတ်ရှိကြပါတယ်။ ကျွန်တော်ဟာ ဒီလိုတွေ့ရှိရမှုအတွက် စိတ်သက်သာရာ ရခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်သင်ယူလိုက်ရတာက ကျွန်တော့်ပါတီနဲ့ပတ်သက်ပြီး ကျွန်တော်သိခဲ့ရတာပါ။ ဒါကိုကျွန်တော် မျက်ကွယ်ပြုလို့ မရနိုင်ပါဘူး။ ဒါကတော့ ရီပတ်ပလီကင်ပါတီဟာ ကွန်ဆာဗေးတစ်ပါတီ မဟုတ်တော့ပါဘူး။ ပါတီဟာ မူလကိုင်ဆွဲထားတဲ့ အခြေခံသဘောတရားဖြစ်တဲ့ နိုင်ငံတော်နဲ့ အမျိုးသားရေးအပေါ် သစ္စာခံထားမှုကို လူတယောက်ထံကို ရွှေ့ပြောင်းလိုက်တယ်။ ဒီလူရဲ့ရည်ရွယ်ချက် ကတာ့ သူ့အတွက်ပဲဖြစ်တယ်။ ဒေါ်နယ်ထရန့်ဟာ အင်အားရှိဟန်ဆောင်နေတဲ့ အားနည်းသူတယောက်ဖြစ်တယ်။ သူက သေးသိမ်တဲ့စိတ်ထားရှိသူ လူတစ်ယောက်ဖြစ်ပြီး စိတ်သဘောထား ကြီးမားသူအဖြစ် ဟန်ဆောင်နေသူ ဖြစ်တယ်။ သူဟာအမှန်တရားကို လိုလားသူ ဟန်ဆောင်ထားတဲ့ သစ္စာမဲ့နေသူ တယောက် ဖြစ်တယ်။ သူဟာပြစ်မှု ကျူးလွန်ခဲ့သူဖြစ်ပေမဲ့ သူ့ကိုယ်သူ အနိုင်ကျင့်ခံနေရသူအဖြစ် ကပြဖြေရှင်းနေတာကို ရပ်မဲ့သူ မဟုတ်ဘူး။ သူက စင်ပေါ်မှာပြောတယ်။ ဒါပေမဲ့ တကယ့် ဖြေရှင်းနိုင်တဲ့အင်အား သူ့မှာမရှိပါဘူး။

ကွန်ဆာဗေးတစ် တယောက်အနေနဲ့ရော စစ်မှုထမ်းဟောင်း တယောက်အနေနဲ့ပါ ကျွန်တော်ယုံကြည်တာက တကယ့်အင်အားက အင်အားနည်းသူတွေကို ကာကွယ်ပေးဖို့ဖြစ်တယ်။ သင့်မိသားစုကို ကာကွယ်ဖို့၊ ကျွန်တော်တို့အခြေခံဥပဒေနဲ့ ကျွန်တော်တို့ရဲ့ဒီမိုကရေစီအတွက် ခုခံရပ်တည်ဖို့ ဒါဟာ ကွန်ဆာဗေးတစ်တွေရဲ့ စိတ်ဝိညဉ်ဖြစ်တယ်။ ဒါဟာ ရီပတ်ပလီကင်တွေရဲ့ စိတ်ဝိညဉ်ပဲဖြစ်တယ်။ ဒါပေမဲ့ ဒေါ်နယ်ထရန့်ဟာ ရီပတ်ပလီကင်ပါတီရဲ့ စိတ်ဝိညဉ်ကို မွန်းကြပ်စေခဲ့တယ်။ သူ့ရဲ့အခြေခံ အားနည်းချက်က ကျွန်တော်တို့ပါတီကို အဖျားရောဂါလို ပြန့်နှံ့သွားစေခဲ့တယ်၊ ပါတီစွမ်းအားကို တဖြည်းဖြည်း အင်အားချိ့နဲ့လာစေတယ်၊ ကျွန်တော်တို့ရဲ့ အမာခံကျောရိုးတွေကို ပျော့လာစေတယ်၊ ကျွန်တော်တို့ရဲ့ စံတန်ဖိုးတွေနဲ့ မသက်ဆိုင်တဲ့ လမ်းကြောင်းကို လွဲမှားစွာ ပို့ဆောင်နေတယ်။ ကျနော်တို့ ဒီမိုကရေစီဟာ ဇန်နဝါရီလ ၆ရက်နေ့က တိုက်ခိုက်ခြေမှုန်းခြင်းကို ခံလိုက်ရပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ လိမ်ညာမှုနဲ့ ဂုဏ်သိက္ခာမဲ့မှုဟာ အမေရိကန်လွှတ်တော်ကို သိမ်းပိုက်မှုကြီးကို ဖြစ်ပေါ်စေခဲ့တယ်။ အဲဒီနေ့မှာ ကျနော်ဟာ မျက်မြင်သက်သေ အဖြစ်ရှိခဲ့ပြီး အလွန်အမင်း ဝမ်းနည်းကြေကွဲခဲ့ရတယ်။ ကျနော်တို့ထုံးတမ်းစဉ်လာအရ အထွတ်အမြတ်ထားတဲ့ ယဉ်ကျေးမှုဖြစ်တဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရေးမူဝါဒကို မလေးမစား ပြုလုပ်ပြီး ဖျက်စီးခဲ့သူဟာ အလွန်ကို ပျော့ညံ့လွန်းသူ တယောက်ဖြစ်တယ်။ အလွန်မောက်မာ၊ အလွန်အားနည်းပြီး သူ့အနေနဲ့ သူရှုံးခဲ့တာကို လက်မခံနိုင်သူ ဖြစ်တယ်။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကို ပစ်ပယ်ဖို့ ကြိုးစားတဲ့ လူပုဂ္ဂိုလ်တယောက်ကို ကိုးကွယ်တဲ့ပါတီတခုကို ဘယ်လိုလုပ်ပြီး မျိုးချစ်စိတ်ရှိတယ်လို့ ခေါ်နိုင်မလဲ၊ ယူကရိန်းအတွက် ထောက်ပံ့မှုကို ထိန်းချုပ်ထားခြင်းအတွက် ဘယ်လိုလုပ်ပြီး ပါတီက လွတ်လပ်ခွင့်အတွက် ရပ်တည်ပါမယ်လို့ပြောလို့ရမလဲ၊ ဒီမိုကရေစီကို ဆန့်ကျင်အကြမ်းဖက်မှုကို လုပ်ပြီး ငါတို့နိုင်ငံက ဘယ်လိုနိုင်ငံမျိုးလဲ ဆိုထားချက်တွေအားလုံးကို စိမ်ခေါ်ခဲ့တယ်။ စကားနှစ်ခွပြောတယ် ပြီးနောက်ဆုတ်လိုက်တယ်၊ နောက်ရူးကြောင်ကြောင်နဲ့ ပူတင်ကို စွဲလန်းအထင်ကြီးနေတဲ့သူကို သမတလောင်းအဖြစ် ရွေးချယ်ခဲ့တယ်။

နောက်တခုက သူ့နဲ့အတူ တွဲပြိုင်မဲ့သူ (J. D. Vance) က ဘာပြောခဲ့သလဲဆိုတော့ “ယူကရိန်းမှာ ဘာဖြစ်နေသလဲဆိုတာ ငါဂရုမစိုက်ဘူး” လို့ ပြောခဲ့တယ်။ သူက ဒုသမတ ဖြစ်ချင်တယ်။ ငါတို့ ရှေးဦး တည်ထောင်ခဲ့သူများက တိုက်ပွဲဝင်ရယူထားခဲ့တဲ့ စံတန်ဖိုးတွေကို ဖျက်စီးပြီး ဘယ်လိုလုပ်ပြီး ပါတီအနေနဲ့ ကွန်ဆာဗေးတစ်တွေပါလို့ ကြေညာနိုင်မလဲ။

ဒုတိယကမ္ဘာစစ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ငါ့အဖိုးဟာ သူ့အသက်ထက် ဒီစစ်ပွဲဟာ ပိုအရေးကြီးတယ်လို့ ယုံကြည်ခဲ့တယ်။ သူဟာ ရန်သူ စစ်ကြောင်းရှေ့မှာ တာဝန်ထမ်းဆောင်ပြီး တိုက်ခဲ့တယ်။ အမေရိကန် ဒီမိုကရေစီကို ထိမ်းသိမ်းဖို့ သူလုပ်ခဲ့တယ်။ သူ့မျိုးဆက်က ရန်သူကို မျက်နှာချင်းဆိုင်ဖို့ သတ္တိတွေ ရှိခဲ့တယ်။ နားထောင်ကြပါ။ ကျွန်တော်တို့ တောင်းဆိုချင်တာက ပျော့ညံ့နေတဲ့ လူတယောက်အပေါ် ဆန့်ကျင်ရပ်တည်ပြဖို့ပါ။

တချို့က မေးမယ်။ ကျွန်တော် ဘာကြောင့် ဒီလို ရပ်တည်လာရသလဲပေါ့။ အဖြေက ရိုးရိုးလေးပါ။ လူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျား ကျွန်တော်တို့က နိုင်ငံကို ဦးစားပေး ရှေ့မှာ ထားရပါမယ်။ ဒီည ရီပတ်ပလီကင်တယောက်အနေနဲ့ ခင်ဗျားတို့ရှေ့မှာ လာပြောနေတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံကို ရှေ့မှာထားပြီး ပြောနေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဒီနေရာနဲ့ ထိုက်တန်လို့ဖြစ်တယ်၊ ကျွန်တော်ရဲ့ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော်၊ အခြေခံဥပဒေ၊ အမျိုးသားရေး၊ ဒီမိုကရေစီရေးတို့အပေါ် ယုံကြည်သစ္စာခံခြင်းတို့ကို ကင်မလာဟဲရစ်ကလည်း မျှဝေခံယူထားတာကို ကျနော်သိတယ်။ သူကဒီအချက်တွေကို တိုင်းပြည်အတွက် တာဝန်ခံပြီး ဝန်ဆောင်မှုပေးချင်တယ်။

ဘယ်ပေါ်လစီပဲဖြစ်ဖြစ် ကျနော်တို့ သဘောမတူတာတွေကို လူမျိုးအတွက် ဂုဏ်သိက္ခာတရားနဲ့ သစ္စာစောင့်သိမှုဆိုင်ရာ အခြေခံအချက်တွေနဲ့ နှိုင်းယှဉ်ရင် သဘောထားကွဲလွဲနေတဲ့မူဝါဒတွေဟာ ဘာမှမဟုတ်တဲ့ ကွဲလွဲမှုသာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရီပတ်ဘလီကန်အမတ်တွေ နားထောင်ကြပါ။ သင်တို့ ဒီအခြေခံမူတွေကို သစ္စာခံနေသေးရင် သင်တို့ ဒီနေရာမှာရှိနေမယ်လို့ ငါသံသယရှိတယ်။

ဘာကြောင့်လဲ ဆိုတော့ ဒီမိုကရေစီဆိုတာ ပါတီကို မသိဘူး၊ ပါတီ မရှိဘူး။ ဒီဟာက ရှင်သန်နေတဲ့ အသက်ရှူနေတဲ့ အတွေးအခေါ်ဖြစ်ပြီး ငါတို့နိုင်ငံ ဖြစ်တည်မှုကို ပြဋ္ဌာန်းထားတဲ့ စံနှုန်းတစ်ခု ဖြစ်တယ်။ အဲဒါက ငါတို့ကို အာဏာရှင်တွေနဲ့ ခွဲထုတ်ထားတဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး အဲဒီအခြေခံအုတ်မြစ် အက်ကွဲသွားတဲ့အခါ ခိုင်မြဲဖို့ အားလုံး စည်းစည်းလုံးလုံး ရပ်တည်ရမယ်။ ဒီအခြေခံမူတွေက ခုခံကာကွယ်ထိုက်တယ်လို့ သင်ထင်ရင် မှန်ကန်တဲ့ရွေးချယ်မှုပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အခြေခံတန်ဖိုးတွေကို မဲပေးပြီး ကင်မလာဟဲရစ်ကို မဲပေးပါ။ သင့်ကို ဘုရားသခင် ကောင်းချီးပေးပါစေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို