နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေပြည်အေးမြို့အထက်ပိုင်းရှိ လောင်းမင်းရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်သိမ်းပိုက်ခဲ့၊ တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၀)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့

ဩဂုတ်လ (၂၆)ရက်။

ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အထက်ပိုင်းရှိ လောင်းမင်းကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်လည်တိုက်ခိုကိသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၂၁)ရက်မှာ လောင်းမင်းရွာဆိပ်ကမ်းကို ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့ကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့ ခမရ(၃၀၉)၊ SNA နဲ့ ပျူစောထီး အင်အား (၁၀၀)ကျော်ပါတဲ့ ဖလက်ခွံ (၁)စီးနဲ့ စစ်သင်္ဘော (၂)စီးတို့နဲ့ စတင်ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။

ဩဂုတ်လ (၂၄) ရက်‌နေ့မှာ လောင်းမင်းရွာထဲ တပ်စွဲထားတဲ့ ခမရ(၃၀၉)၊ SNA တပ်မဟာ (၇၅၃၊ ၈၉၁)၊ ပျူစောထီး အင်အား (၁၀၀)ကျော်နဲ့ တီလောင်ရွာကနေ သင်္ဘောနဲ့ ထပ်မံအင်အားဖြည့်ရောက်ရှိလာတဲ့ ကသည်းတပ်ဖွဲ့ အင်အား (၇၀)ခန့်ကို တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီရဲ့ ခမရ(၃၀၉)က ဗိုလ်ကြီး ပြည့်ဖြိုးအောင်နဲ့ ဗိုလ်ကြီး စိုးရန်ပိုင်တို့ဟာ တီလောင်ရွာကနေ ဦးစီးညွှန်ကြားခဲ့ပြီး တိုက်ပွဲနေရာကို Mi-2 နဲ့ (၂)ကြိမ် ဗုံးအလုံး(၃၀) ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၀)ဦးသေဆုံးခဲ့ပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရကာ SNA (၅)ဦး ဖမ်းဆီးရမိခဲ့သလို လက်နက်ငယ် (၁၀)လက်၊ ကျည်မျိုးစုံ (၁၁၈၄) တောင့်၊ ဗုံးသီး (၆)လုံးနဲ့ ကျည်အိမ် (၂၁)ခု သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားပြည်သူ (၄)ဦး သေဆုံးခဲ့ရပြီး အဲ့ဒီထဲက တစ်ဦးဟာ ပစ်သတ်ခံခဲ့ရတာဖြစ်သလို (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးရဲဘော် (၂)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဩဂုတ်လ (၂၂)ရက်နေ့ကလဲ ဟုမ္မလင်းမြို့နယ်၊ ဆပ်ကယားရွာကို စစ်‌ကောင်စီတပ်အပါအ၀င် SNA နဲ့ ကသည်းတပ်ဖွဲ့ ပူးပေါင်းအင်အား (၅၀)ခန့် ထိုးစစ်ဆင်လာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲထဲ တော်လှန်ရေးရဲဘော်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရပြီး စစ်ကောင်စီဘက်က ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကာ မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပြီး ခန္တီးခရိုင် တပ်ရင်း(၁၊၂၊၃)၊ အထူးလှုပ်ရှားတပ်ရင်း (၂၊၈၊၉)အပါအ၀င် မော်လိုက်ခရိုင်တပ်ရင်း(၃)နဲ့ တိုက်နယ်လေး ပကဖပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးနှင့် တိုဟိုကုဒေသများတွင် အင်အား မဂ္ဂနီကျူ ၇ ဒဿမ ၆ ပြင်းအားရှိသော ငလျင်လှုပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 26 Views
ဒီဇင်ဘာလ (၈) ရက်။ အရေးပေါ်သတင်း။ ဒီနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ဟိုကိုင်းဒိုး
မြန်မာသတင်း

စစ်ကောင်စီနဲ့ အပစ်ရပ်ရေးထိုးတာ တော်လှန်ရေးကို မထိခိုက်စေဘဲ ခရီးဆုံးအထိ ဆက်လျှောက်မယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 23 Views
ဒီဇင်ဘာလ (၈)ရက်။ စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲရေး ရေးထိုးတာဟာ တော်လှန်ရေးပန်းတိုင်နဲ့ မျှော်မှန်းချက်ကို ထိခိုက်မှာမဟုတ်ဘူးလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ခန်းမ ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲ (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 21 Views
ဒီဇင်ဘာလ (၈)ရက်။ ဒီဇင်ဘာလ (၆)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က မြောက်ဥက္ကလာပမြို့နယ်ခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဥက္ကလာပမြို့နယ်ခန်းမကို လက်လုပ်မိုင်း၊ နာနတ်သီးတွေနဲ့ တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ လုံခြုံရေးယူထားတဲ့ ရဲခွေးတွေ
မြန်မာသတင်း

ဂွအခြေစိုက် ခမရ(၅၆၃)က စစ်တပ်ဘက်က ဒုတပ်ကြပ်အပါအဝင် (၄)ဦး ဘက်ပြောင်းလာတယ်လို့ PRA-Magway ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 26 Views
ဒီဇင်ညာလ (၈)ရက်။ အမ်း-ပဒန်းလမ်းပိုင်းရှိ ဇင်ပြွန်းရွာအနီးမှာ စစ်တပ်ရဲ့ ဒုတပ်ကြပ်အပါအဝင် တပ်ဖွဲ့ဝင် (၄)ဦး ပြည်သူ့ဘက်ကူးပြောင်းလာခဲ့တယ်လို့ PRA-Magway ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ တပ်ဖွဲ့ဝင် (၄)ဦးဟာ ဂွမြို့အခြေစိုက် ခမရ(၅၆၃) လက်အောက်ခံတပ်ရင်းကဖြစ်ပြီး
မြန်မာသတင်း

NUG အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း CRPH ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 21 Views
ဒီဇင်ဘာလ (၈)ရက်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)ကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ CRPH ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG အစိုးရအဖွဲ့ကို ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူရဲ့ ဒီမိုကရေစီနည်းကျ အပ်နှင်းထားတဲ့ အာဏာကို ကျင့်သုံးပြီး ပြင်ဆင်ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 20 Views
ဒီဇင်ဘာလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ နှစ်နိုင်ငံကုန်သွယ်ရေးတွေ ပြန်လည်ကောင်းမွန်ဖို့ နယ်စပ်‌ဒေသတည်ငြိမ်ရေး
မြန်မာသတင်း

“CRPH ကထောင်ချနိုင်သတဲ့လား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 38 Views
ငါ့လူ-သူ့လူ-ရွေးအပစ်ပေးတဲ့ခေတ်” ဒီအပတ်ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်းမှာ CRPHက ရွေးကောက်ပွဲဝင်မဲ့သူများကိုထောင်ချနိုင်ဖို့ ဥပဒေရေးဆွဲနေတယ်ဆိုတဲ့သတင်းကို ဆန်းစစ် ဝေဖန်မှုနဲ့ NUG ရဲ့တရားစီရင်‌ရေးမှာ သူ့လူကိုယ့်လူ ဘက်လိုက်မှုတွေကို  ဆွေး‌နွေး တင်ပြကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ တနင်္ဂနွေနေ့ ဒီဇင်ဘာလ (၇)ရက်နေ့မှာ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့ကသူတို့အမြင်များကို
မြန်မာသတင်း

မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 64 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီအချိန်ကစပြီး မိုးကုတ်မြို့နယ်ထဲရှိ စစ်တပ်အခြေကုပ်ယူလာတဲ့ နယ်မြေတွေကို PDF တပ်ဖွဲ့ဝင်တွေက အပြင်းအထန် ထိုးစစ်ဆင်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲစတင်ခဲ့တဲ့နေ့ကစပြီး ဒီကနေ့အထိ