နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေပြည်အေးမြို့အထက်ပိုင်းရှိ လောင်းမင်းရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်သိမ်းပိုက်ခဲ့၊ တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၀)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့

ဩဂုတ်လ (၂၆)ရက်။

ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အထက်ပိုင်းရှိ လောင်းမင်းကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်လည်တိုက်ခိုကိသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၂၁)ရက်မှာ လောင်းမင်းရွာဆိပ်ကမ်းကို ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့ကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့ ခမရ(၃၀၉)၊ SNA နဲ့ ပျူစောထီး အင်အား (၁၀၀)ကျော်ပါတဲ့ ဖလက်ခွံ (၁)စီးနဲ့ စစ်သင်္ဘော (၂)စီးတို့နဲ့ စတင်ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။

ဩဂုတ်လ (၂၄) ရက်‌နေ့မှာ လောင်းမင်းရွာထဲ တပ်စွဲထားတဲ့ ခမရ(၃၀၉)၊ SNA တပ်မဟာ (၇၅၃၊ ၈၉၁)၊ ပျူစောထီး အင်အား (၁၀၀)ကျော်နဲ့ တီလောင်ရွာကနေ သင်္ဘောနဲ့ ထပ်မံအင်အားဖြည့်ရောက်ရှိလာတဲ့ ကသည်းတပ်ဖွဲ့ အင်အား (၇၀)ခန့်ကို တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီရဲ့ ခမရ(၃၀၉)က ဗိုလ်ကြီး ပြည့်ဖြိုးအောင်နဲ့ ဗိုလ်ကြီး စိုးရန်ပိုင်တို့ဟာ တီလောင်ရွာကနေ ဦးစီးညွှန်ကြားခဲ့ပြီး တိုက်ပွဲနေရာကို Mi-2 နဲ့ (၂)ကြိမ် ဗုံးအလုံး(၃၀) ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၀)ဦးသေဆုံးခဲ့ပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရကာ SNA (၅)ဦး ဖမ်းဆီးရမိခဲ့သလို လက်နက်ငယ် (၁၀)လက်၊ ကျည်မျိုးစုံ (၁၁၈၄) တောင့်၊ ဗုံးသီး (၆)လုံးနဲ့ ကျည်အိမ် (၂၁)ခု သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားပြည်သူ (၄)ဦး သေဆုံးခဲ့ရပြီး အဲ့ဒီထဲက တစ်ဦးဟာ ပစ်သတ်ခံခဲ့ရတာဖြစ်သလို (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးရဲဘော် (၂)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဩဂုတ်လ (၂၂)ရက်နေ့ကလဲ ဟုမ္မလင်းမြို့နယ်၊ ဆပ်ကယားရွာကို စစ်‌ကောင်စီတပ်အပါအ၀င် SNA နဲ့ ကသည်းတပ်ဖွဲ့ ပူးပေါင်းအင်အား (၅၀)ခန့် ထိုးစစ်ဆင်လာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲထဲ တော်လှန်ရေးရဲဘော်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရပြီး စစ်ကောင်စီဘက်က ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကာ မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပြီး ခန္တီးခရိုင် တပ်ရင်း(၁၊၂၊၃)၊ အထူးလှုပ်ရှားတပ်ရင်း (၂၊၈၊၉)အပါအ၀င် မော်လိုက်ခရိုင်တပ်ရင်း(၃)နဲ့ တိုက်နယ်လေး ပကဖပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့