နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့မှာ စစ်ကောင်စီလက်ပါးစေတွေက လမ်းမတွေပေါ်မှာ တွေ့ရာလူဖမ်းဆီးတာတွေ အများအပြားရှိလာ

ဩဂုတ်လ (၂၆)ရက်။

ရန်ကုန်တိုင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီလက်ပါးစေတွေက တပ်သားသစ်စုဆောင်းဖို့ တွေ့ရာလူဖမ်းဆီးခေါ်ဆောင်တဲ့ဖြစ်စဉ်တွေ အများအပြားရှိလာတယ်လို့ မြို့ခံပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

“ မြို့ထဲလမ်းမပေါ်မှာ စကစလက်ပါးစေ အရပ်၀တ်တွေနဲ့ ပျူစောထီးတွေက တပ်သားသစ်စုဆောင်းဖို့ တွေ့ရာလူကို ဖမ်းသွားတာတွေက တဖြည်းဖြည်းများလာနေတယ်။ လမ်းသွားနေတဲ့ လူငယ်တွေကို သူခိုးလို့စွပ်စွဲပြီး အတင်း၀င်ဖမ်းတဲ့အခြေအနေမျိုးပါရှိနေတာ။ တချို့တွေကတော့ အနီးပတ်၀န်းကျင်ကောင်းလို့ လွတ်သွားတာတွေရှိတယ်” လို့ မရမ်းကုန်းမြို့နေသူတစ်ဦးက ဆိုပါတယ်။

အခုတပတ်ထဲ စစ်ကောင်စီလက်ပါးစေတွေရဲ့ အဖမ်းအဆီးဖြစ်စဉ် (၂၇)ခုအထိရှိခဲ့ပြီး ဧည့်စာရင်းစစ် ရှာဖွေတဲ့ဖြစ်စဉ် (၅၀)ခုအထိရှိခဲ့ကာ စစ်ဘေးရှောင်တွေ ၀င်ရောက်လာပြီးနောက် ညတိုင်း အင်အားအများအပြားနဲ့ ဧည့်စာရင်းစစ်တာတွေရှိတယ်လို့ ကြည့်မြင်တိုင်မြို့နယ်ပကဖက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီဟာ ပြည်သူ့လုံခြုံရေးအတွက်ဆိုပြီး ဗဟိုကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းပြီး ရပ်/ကျေးတွေက အသက် (၃၅)နှစ်ကနေ (၆၅)နှစ်အရွယ်ရှိ အမျိုးသား (၁၀)ဦးပါ အစုအဖွဲ့တခုစီ ဖွဲ့စည်းဖို့ အမိန့်ထုတ်ထားပါတယ်။

“ စကစက ရပ်ကွက်ကျေးရွာတိုင်းမှာ လုံခြုံရေးအတွက်ဆိုပြီး (၃၅)နှစ်ကနေ (၆၅)နှစ်ကြား ယောင်္ကျားလေး (၁၀)ဦးပါတဲ့အဖွဲ့ကိုဖွဲ့ဖို့ အမိန့်ထုတ်ထားတယ်လို့ ပြောတယ်။ ဒါက ပြည်သူ့စစ်ဖွဲ့တဲ့သဘောမျိုးပါ။ စစ်သင်တန်းပေးမယ်လို့လဲ သိထားရတယ်။ အချို့မြို့တွေမှာဆို စာရင်းတွေကောက်နေပြီး မဲတောင်နှိုက်နေကြတယ်” လို့ မြိုနယ်ပကဖက ပြောဆိုထားပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ရှိ လမ်းမတွေပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက အင်အားပြ ကင်းလှည့်လမ်းလျှောက်နေတာတွေကိုလဲ ဆက်တိုက်တွေ့နေရပြီး တစ်ဖွဲ့ကို အင်အား (၁၀)ဦးနဲ့အထက်ရှိတယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလဲ အောက်ကြည့်မြင်တိုင်မြို့နယ်မှာ စစ်ကောင်စီလက်ပါးစေတွေက လမ်းသွားလမ်းလာ လူငယ်တစ်ဦးကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အနီးရှိပြည်သူတွေက ၀န်းရံကယ်တင်ပေးခဲ့တာကြောင့် လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 18 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 18 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 14 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 25 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 24 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ
မြန်မာသတင်း

မောင်းမကန်ရွာထဲ မူးယစ်ရမ်းကားတဲ့ စစ်ကောင်စီရဲတပ်သားကို ဖမ်းဆီးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 25 Views
မေလ (၁၅)ရက်။ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၀)ရက်နေ့ ည (၉)နာရီခွဲအချိန်က မောင်းမကန်နယ်မြေရဲစခန်းက စစ်ကောင်စီရဲတပ်သား နိုင်မင်းဆိုသူကာ မူးယစ်ရမ်းကားပြီး မောင်းမကန်ရွာထဲ သေနတ်ပစ်ဖောက်