နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်စီမံကိန်းတွေနဲ့ ၀န်ထမ်းတွေကို ကာကွယ်ဖို့ တရုတ်သံအမတ်က စစ်ကောင်စီကို ထပ်မံပြောဆို

ဩဂုတ်လ (၂၈)ရက်။

မြန်မာရှိ တရုတ်စီမံကိန်းတွေနဲ့ ၀န်ထမ်းတွေ ဘေးကင်းလုံခြုံရေး ကာကွယ်ဖို့ မနေ့က နေပြည်တော်မှာ တရုတ်သံအမတ် Ms. Ma Jia က စစ်ကောင်စီ၀န်ကြီး ဦးသန်းဆွေနဲ့တွေ့ဆုံချိန် ထပ်မံပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ တရုတ်သံအမတ်နဲ့ စစ်ကောင်စီ၀န်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့တာကို တရုတ်သံရုံးက ထုတ်ပြန်ထားတာဖြစ်ပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့ ဆိုပါတယ်။

အဲ့ဒီတွေ့ဆုံပွဲထဲ တရုတ်သံအမတ်က မြန်မာနိုင်ငံစီးပွားရေးနဲ့ ပြည်သူအကျိုးပြုဖွံ့ဖြိုးရေးကို ထောက်ခံအားပေးတာနဲ့ ကုလအပါအ၀င် နိုင်ငံတကာပလက်ဖောင်းတွေမှာ အပြန်အလှန် ထောက်ခံအားပေးဖို့ ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ်လ (၂၁)ရက်နေ့ကလဲ တရုတ်သံအမတ်ဟာ စစ်ခေါင်းဆောင် ‌မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် တရုတ်စီမံကိန်းတွေကို ကာကွယ်ပေးဖို့ ပြောဆိုခဲ့ကာ မင်းအောင်လှိုင်ကလဲ အစွမ်းကုန်ကာကွယ်သွားမယ်လို့ ကတိပြုပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယိရဲ့ ခရီးစဉ်ထဲ မြန်မာနိုင်ငံနဲ့ အရေးကြီးသဘောတူညီချက်တွေ ရရှိခဲ့ကာ ခရီးစဉ်ရလဒ်ကို အတူတကွ ဖော်ဆောင်ပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ တိုးတက်မှုအသစ်တွေ တွန်းအားပေးဖို့ စစ်ကောင်စီ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။

မနေ့က နေပြည်တော်မှာ တရုတ်သံအမတ်အသစ်က စစ်ကောင်စီရဲ့ စိုက်/မွေး/ဆည်၀န်ကြီး ဦးမင်းနောင်နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး၀န်ကြီး ဒေါက်တာကံဇော်တို့နဲ့လဲ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို