နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“မစ္စတာ ဒုသမ္မတ၊ ကျမ စကားပြောနေတယ်လေ။”

“Mr. Vice President, I’m speaking.”

သြဂုတ်လ (၂၈) ရက်, CNN သတင်း။

၂၀၂၀ခုနှစ် တွင် ယခင် ဒုတိယသမ္မတ မိုက်ပင့်စ် (Mike Pence) နှင့် မမေ့နိုင်သော စကားစစ်ထိုးမှုတွင် ကာမလာဟဲရစ်၏ အမိုက်စားဆုံးသောပြောဆိုခဲ့မှုသည် ဒေါ်နယ်ထရန်နှင့် သူမ ထိပ်တိုက်တွေ့ကြရမည့်အလှည့်အပြောင်းကို စုံလင်စွာ ရှင်းပြထားသည်။ ဒီမိုကရက်အများစုသည် ရီပတ်ဘလီကန် သမတလောင်းပြိုင်မည့်သူထံမှ ပြောစကားကို လုံလောက်သည်ထက်ပို၍ ကြားဖူးသည်။

သို့ရာတွင် ဟဲရစ်က လာမည့် စက်တင်ဘာလ ၁၀ ရက်နေ့ ABC News တွင် ပြုလုပ်မည့် သူတို့ရဲ့ အခြေတင် စကားစစ်ထိုးပွဲတွင် ထရန့်လိုချင်သည်ကို အတိအကျ ပေးခွင့်ရစေချင်သည်။

ဒုတိယသမ္မတ၏ စည်းရုံးရေးအဖွဲ့သည် သမ္မတ ဂျိုးဘိုင်ဒင်အဖွဲ့က ချမှတ်ထားသည့်စည်းကမ်းချက်ကို ပြောင်းပြန်လှန်ချင်နေပြီး ဇွန်လတွင် ထရန့်နှင့် ဘိုင်ဒင်တို့ စကားစစ်ထိုးကြစဉ်က ထရန့်က ဘိုင်ဒင်က သူ့ပြောရသည့်အလှည့်တွင် စကားပြောနေစဉ် ကြားဖြတ်ဝင်ဝင် ပြောနေခြင်းကို ကာကွယ်ရန်အတွက် တဦးစကားပြောနေစဉ်ကျန်တဦး၏မိုက်ကို ပိတ်ထားရန် စည်းကမ်းချမှတ်ခဲ့သည်။ ကန့်သတ်ချက်သည် ၂၀၂၀ ခုနှစ်တွင် ထရန့်၏ အဆက်မပြတ် ကြားဖြတ်ဆွေးနွေးမှုများတွင် ထပ်ခါတလဲလဲ ဝင်ရောက်ပြောကြားမှု ဖြစ်ပွားနေခြင်းကို တားဆီးရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်ပြီး ဘိုင်ဒင်သည် သတိပေးသည့်အနေဖြင့် “ခင်ဗျား ပါးစပ်ပိတ်ထားပါလား” ဟု ဆိုခဲ့ဖူးသည်။

ဟဲရစ်၏မဲအောင်နိုင်ရေးအဖွဲ့သည် ထရန့်ကို ကိုယ့်ရှူးကိုယ်ပတ်စေရန် အခွင့်အရေးပေးပြီး သူများပြောနေစဉ် ဝင်ရောက်နှောက်ယှက်ခြင်း၊ စော်ကားနှောင့်ယှက်ခြင်း သို့မဟုတ် သူ၏အလွန်သည်းခံနိုင်မှုမရှိသော ကိုယ်ရည်ကိုယ်သွေးကြောင့် မိမိကိုယ်ကို ဖျက်စီးဖို့ အခွင့်အလမ်းပေးဖို့ မျှော်လင့်နေပြီး အသံပိတ်သည့်ခလုပ်ကို မထားရှိရန် သဘောထားပေးသည်မှာ ထင်ရှားပါသည်။ တနင်္လာနေ့က သမ္မတဟောင်းထရန့်၏အဖွဲ့က ထိုပြောင်းလဲမှုကို ငြင်းခုံခဲ့သော်လည်း ထရမ့်က သူ့အဖွဲ့ကို ဆန့်ကျင်၍ အသံပိတ်ခလုတ်ကို မထားရှိတော့ခြင်းအတွက် သူအလွန်ပျော်ရွှင်ကြောင်း ပြောကြားခဲ့သည်။

ဇွန်လနှောင်းပိုင်းက CNN တွင် အရေးပါမှုအရှိဆုံး သမ္မတစကားစစ်ထိုးပွဲအပြီးတွင် ဘိုင်ဒင်သည် သမတရွေးပွဲမှ ထွက်ခဲ့ရပြီး စကားစစ်ထိုးပွဲအတွက် အငြင်းအခုံဖြစ်နေမှုသည် ကျန်ရှိနေသော မဲဆွယ်ပွဲ၏ ကြီးမားသော အရေးပါမှုကို အလေးပေးဖော်ပြခဲ့သည်။

နိုဝင်ဘာလတွင် ရီပတ်ဘလစ်ကန်များက ဘိုင်ဒင်ကို အနိုင်ယူနိုင်တော့မည်ဟု ယုံကြည်ခဲ့သော်လည်း ဘိုင်ဒင် နုတ်ထွက်ပြီးကတည်းက ၎င်းတို့၏ ရန်သူအသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်နေကြရပြီး အထူးသဖြင့် ထရန့်အတွက် အဓိက အခက်အခဲဖြစ်သည်။ ထရန့်ကဲ့သို့ ရိုင်းစိုင်းခက်ထန်ပြီး ပြိုင်ဘက်ထံမှ မူဝါဒမေးခွန်းများနှင့် နောက်ဆက်တွဲများကို တုံ့ပြန်ရန် ဟဲရစ်သည် ထို ဖိအားများအတွက် အဆင်သင့်မဖြစ်ဟု ထရန်နှင့်၎င်း၏မဲဆွယ်စည်းရုံးရေးအဖွဲ့က ယုံကြည်သောကြောင့် ထိုစကားစစ်ထိုးမှုသည် ဟဲရစ်၏တိုးတက်ထောက်ခံမှု ရရှိနေသော အရှိန်အဟုန်ကို နှေးကွေးစေရန် အကောင်းဆုံးအခွင့်အရေးဖြစ်နိုင်သည်ဟု တွက်ဆကြသည်။

“ထရန့်က စကားစစ်ထိုးဖို့ လိုတယ်။ ဟဲရစ်ကလည်း စကားစစ်ထိုးဖို့ လိုတယ်” ဟု CNN နိုင်ငံရေးလေ့လာသုံးသပ်သူ ရီပတ်ဘလီကန်အမတ် စကော့ဂျန်းနင်း (Scott Jennings) က ပြောသည်။ “ သူတို့နှစ်ယောက်လုံးက သူတို့မှာ အရည်အချင်းရှိကြောင်း သက်သေပြဖို့လိုတယ်။” ဟု သူက ဆိုသည်။

တနင်္လာနေ့၏ မဲဆွယ်စည်းရုံးမှုများကြားတွင် ဟဲရစ်က ကမ်ပိန်းကို အသွင်ပြောင်းလိုက်ခြင်းသည် နောက်ထပ် လက္ခဏာတစ်ခုဖြစ်သည်။ သူမ၏အဖွဲ့သည် ထရန့်ကို ကျုံးသွင်းနိုင်သည့် အခွင့်အရေးကို ပိုမိုခံစားလာရကာ အဆုံးစွန်သော နိုင်ငံရေးမှင်စာအဖြစ် ရောက်စေရန် မျှော်မှန်းထားသည်။ ဥပမာအားဖြင့် သမ္မတဟောင်း၏ ဗီဒီယိုဖိုင်တွင် ဟဲရစ်နှင့် စကားစစ်ထိုးမည့်ကိစ္စတွင် ထရန့်က သူ့အနေနှင့်ပြောချင်မှပြောမည်ဆိုသည့် မတင်မကျ ပြောဆိုသဘောထားပေးထားမှု နောက်တွင် ကြက်အော်သံများထည့်သွင်း၍ ဟဲရစ်တို့၏ ဝက်ဘ်ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။ (ဘာသာပြန်သူရှင်းပြချက်- ကြက်ကိုအမေရိကန်များက ငကြောက်ဆိုသည့် အသုံးအနှုန်းအဖြစ်သုံးကြသည် အဓိပ္ပါယ်မှာ ထရန့်သည် ဟဲရစ်နှင့် စကားစစ်ထိုးရန် ကြောက်နေသည်ဆိုသည့်သဘောဖြစ်သည်။) ထရန့်၏ “ အရေးကိစ္စကို ကိုင်တွယ် ဆောင်ရွက်ပေးသူများ” သည် ၎င်းတို့၏ ခေါင်းဆောင်ကို စကားပြောမိုက် အသံပိတ်ခြင်းကိစ္စနှင့်ပတ်သက်၍ မေးခွန်းထုတ်ဝံ့ခြင်း မရှိကြောင်း ဟဲရစ် လက်ထောက်များကထင်မြင်ချက်ပေးခဲ့သည်။

စကားပြောမိုက်ကို မပိတ်ဘဲ ဖွင့်ထားခြင်းက ထရန့်၏အခက်အခဲများကို ထင်ရှားစေမည်ဖြစ်သည်။

ဖွင့်ထားသည့်စကားပြောမိုက်ခွက်သည် ရီပတ်ပလီကင်ပါတီ သမတလောင်းအဖြစ် ဝင်ရွေးသူထရန့် ၌ ဟဲရစ်နှင့် စကားစစ်ထိုးပွဲတွင် မည်မျှ မိမိကိုယ်ကို စည်းစောင့်ပြီးထိန်းနိုင်မည်ကို စမ်းသပ်မည် ဖြစ်သည် တချိန်တည်းတွင် ရီပတ်ပလီကင်ပါတီ (GOP) ဗျူဟာသမားများက မူဝါဒကို စွဲမြဲစွာကိုင်ထားပီး ၎င်း၏မဲဆွယ်မှုကောင်းကျိုးအတွက် သူ၏ နှုတ်သီးကောင်းလျှာပါးရန်လိုသည့် နိုင်ငံရေးကို မပြုလုပ်ရန် ပန်ကြားနေကြသည်။

.

သူနှင့် စကားစစ်ထိုးရမည့် သမ္မတအဖြစ် ယဉ်ပြိုင်ခွင့်ရတဲ့ ပထမဆုံးလူမည်းအမျိုးသမီးတဦးကို ပြောင်ပြောင်တင်းတင်း မလေးမစား တိုက်ခိုက်ပြောဆိုနေသည့် ထရန့်၏မျက်မြင်ပြောဆိုနေမှုသည် သူ့ကိုယ်သူ မည်ကဲ့သူလူစားမျိုး ဖြစ်သည်ဆိုခြင်းကို ပုံဖော်နေခဲ့ပါသည်။ ဟဲရစ်သည် ပန့်စ် (Pence) နှင့် စကားစစ်ထိုးပွဲတွင် ချက်ချင်းတုံပြန်နိုင်သော သူမ၏ကျော်ကြားသော ပြောစကား ကတိကဝတ်များကို ထရန့်နှင့် စကားစစ်ထိုးရာတွင် ရင်ဆိုင်နိုင်သည့် ခွန်အားကို ပြသရန် အခွင့်အရေးလည်း ရှိသည်။ လိင်ပိုင်းဆိုင်ရာနှိမ့်ချမှုများနှင့် သို့မဟုတ် လူမျိုးရေးအရ လွန်ကဲစွာ ပြောဆိုမှုများရှိနေသည့် ထရန့်၏ သမိုင်းဝင်အချက်များသည် နိုဝင်ဘာလတွင် ဘက်ကူးပြောင်းမဲပေးနိုင်သည့် ပြည်နယ်များတွင် အရေးပါလာနိုင်သည့် အမျိုးသမီးများ၊ လူနည်းစုများနှင့် ဆင်ခြေဖုံး မဲဆန္ဒရှင်များကို ထောက်ခံအားပေးမှုမှ ကင်းကွာစေနိုင်သည်။

ပြီးခဲ့သောအပတ်က ဒီမိုကရက်တစ်ကွန်ဗင်းရှင်းအတွင်း သူမကို ထက်မြက်သူအဖြစ် အောင်မြင်စွာ ပွဲထုတ်နိုင်ခဲ့ပြီး ဟဲရစ်မဲဆွယ်စည်းရုံးမှု၏ ကျယ်ပြန့်သော ထင်မြင်ယူဆချက်တွင် ထရန့်၏ပုံရိပ်တွင်ရှိနေသည့် အမေရိကန်လူမျိုးများအကြား “ ခါးသီးမှု၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် အတိတ်၏ စိတ်ဝမ်းကွဲမှု တိုက်ပွဲများကို အမေရိကန်ပြည်သူများက ကျော်လွှားရန် အမြန်အခွင့်အရေးရှိသည်” ဟု ဆိုလိုသည်။

“ ဒုသမ္မတက အမေရိကန်ပြည်သူတွေကို သူတကယ်လို့ သမတအဖြစ်အရွေးခံရရင် တင်းမာမှုမရှိတဲ့ ဒေါ်နယ်ထရန့်ကို တွေ့စေချင်တယ်” ဟု ဟဲရစ်၏မဲဆွယ်စည်းရုံးရေးပြောခွင့်ရပုဂ္ဂိုလ် အိုင်ရင် ဆမ် (Ian Sams) က CNN မှ အဲလက်စ် မာကွဒ် (Alex Marquardt) ကို ပြောပါသည်။ “ဒီရွေးကောက်ပွဲနဲ့ ဒီအချိန်မှာ အမေရိကန်ပြည်သူတွေဟာ စင်ပေါ်မှာ ကိုယ်စားလှယ်လောင်းနှစ်ဦးကြားက ပြောဆိုမှုတွေကို မြင်တွေ့လေ့လာရဖို့နဲ့ ရွေးချယ်ပေးနိုင်ဖို့က အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။”

စကားပြောမိုက် ဖွင့်ခွင့်ရထားသည့်အတွက် ထရန့်ကို ရဲရင့်စွာ ကြားဖြတ်ပြောခြင်းသည် ဒုသမ္မတအတွက် အန္တရာယ်ကင်းမည်မဟုတ်ပေ။ ၂၀၁၆ ခုနှစ်တွင် သမ္မတဟောင်းသည် ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်အကြောင်း သူမ၏ဖြေကြားပြောဆိုနေမှုကို အကြိမ်ကြိမ်ကြားဖြတ် ပြောဆိုပြီး အနှောင့်အယှက်ပေးခဲ့သည်။ ထိုအချိန်က ရီပတ်ဘလစ်ကန် အမတ်လောင်းအတွက် နှိမ့်ချမှု မရှိလွတ်လပ်စွာ ပြောဆိုခဲ့သော်လည်း ရွေးကောက်ပွဲတွင် သူက ဆက်လက်အနိုင်ရခဲ့သည်။

CNN နိုင်ငံရေးဝေဖန်သုံးသပ်သူ မာရီယာကာဒိုနာ (Maria Cardona) က ဟဲရစ်သည် မိုက်ကိုဖွင့်ထားချင်သည့် အခြားအကြောင်းရင်းတခုရှိ နိုင်သည်ဟု ဆိုခဲ့သည်။

“မိုက်တွေကို အသံမပိတ်ထားခြင်းအားဖြင့် သူမပြောစကားတွေကို မိုက်နှစ်ခုစလုံးကနေ ထိန်းချုပ်နိုင်စွမ်းရှိတဲ့အပြင် ထရန့်ပြောကြားတဲ့ အချက်အလက်တွေကို အဲဒီနေရာမှာတင် စစ်ဆေးနိုင်မှာ ဖြစ်လို့ပါ” ဟု ဒီမိုကရက်တစ်တစ်ဦးဖြစ်သူ ကာဒိုနာက ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်တွင် ဟဲရစ်ကို နာမည်ကြီးသွားစေသည့် အခိုက်အတန့်

++++++++++++++++++++++++++++++++++++

စစ်ထိုးပွဲတွင် ဖန်သားပြင်နောက်ကွယ် အကာအရံဖြင့် ပြုလုပ်ခဲ့သော ဟဲရစ်သည် သူမ၏လက်ကို မြှောက်ကာ ကပ်ရောဂါနှင့်ပတ်သက်သော စကားစစ်ထိုးမှုအတွင်း သူမ၏ပြောကြားနေမှုကို ဒုသမတပင့်စ်က ဝင်ရောက် နှောက်ယှက်ဖြတ်တောက်ရန် ကြိုးပမ်းမှုကို ဟန့်တားခဲ့စဉ်က “မစ္စတာ ဒုသမ္မတ၊ ကျမ စကားပြောနေပါတယ် ကျမစကား ပြောနေပါတယ်”ဟု တားဆီးခဲ့သည်။

အဆိုပါမှတ်ချက်သည် လေ့ကျင့်ပြင်ဆင်ထားသော ကိုယ်စားလှယ်လောင်းများသည် တဦးနှင့်တဦးစကားစစ်ထိုး ငြင်းခုံမှုများကြား အခိုက်အတန့်တွင် ပန့်စ်သည် ဟဲရစ်အား မိန်းမအဖြစ် နှိမ်ချမှုအဖြစ် ထင်မြင်စေခဲ့သည်။ ပြိုင်ဖက်များ၏ မျိုးနွယ်နှင့် ကျားမ မတူကွဲပြားမှု တို့၏ ပဲ့တင်ထပ်သံများကို အပြန်ပြန်အလှန်လှန် ပြောဆိုခဲ့ကြသည်။ ထို့နောက် ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ်သည် ထိုစကားရပ်ကို အလွန်နှစ်သက်သဖြင့် နောက်ပိုင်းတွင် စကားရည်လုပွဲ၌ သူမသည် ၎င်းစကားကို ထပ်ခါတလဲလဲ အသုံးပြုခဲ့ပြီး စကားစစ်မထိုးခင် ပြောဆိုခဲ့ပြီး ပန့်စ် ကို “ ရှင်အနေနဲ့ပြဿနာ မရှိဘူးဆိုရင် ကျမစကားပြောပြီးတဲ့အထိ စောင့်ပါလား ဒါဆိုကျမတို့ စကားစမြည်ပြောလို့ရပြီ” ဟု ဆိုခဲ့သည်။

ထိုအချိန်တွင်၊ ဟဲရစ်၏ မှတ်သားဖွယ်စကားများသည် ဆိုရှယ်မီဒီယာမှတ်စုများအတွင်း ပျံ့နှံ့သွားခဲ့ပြီး ဒုသမ္မတ၏ ကိုယ်ရည်ကိုယ်သွေးကို တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေသော မတ်ခွက်များ၊ တီရှပ်များနှင့် အင်္ကျီများတွင်ထိုစကားများကိုဖော်ပြခြင်းဖြင့် အမှတ်တရများဆီသို့ ဦးတည်သွားခဲ့သည်။ လာမည့် စက်တင်ဘာ ၁၀ရက်နေ့ စကားစစ်ထိုးပွဲ၏ စည်းကမ်းချက်များအပေါ် သဘောထားကွဲလွဲမှုသည် ထရန့် မဲဆွယ်စည်းရုံးမှုတွင် ရင်းနှီးကျွမ်းဝင်လူသိများသည့် ချို့ယွင်းချက်များကို ထုတ်ဖော်ပြသနေသည်။

ကိုယ်စားလှယ်လောင်း (ထရန့်) ၏ ဝန်ထမ်းများသည် စကားစစ်ထိုးနေစဉ်အတွင်း မိုက်ခရိုဖုန်းကို အသံပိတ်ထားရန် နှစ်သက်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။အကြီးတန်းထရန့် အကြံပေး ဂျေဆင်မီလာ (Jason Miller) က သမ္မတဟောင်းသည် ABC စကားစစ်ထိုးပွဲကို ဘိုင်ဒင်နှင့် CNN ကဲ့သို့ တူညီသော စည်းကမ်းချက်များအောက်တွင် လက်ခံခဲ့ကြောင်း ကြေငြာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

“ ဟဲရစ်ရဲ့ ဒီအပိုင်းကို အပြောင်းအလဲလုပ်ခြင်းက သူမရဲ့ စကားရည်လုပွဲ ပြင်ဆင်မှုမှာ ပြဿနာရှိနေတယ်” ဟု သူက ထင်မြင်ကြောင်း ပြောခဲ့ပါသည်။ “သူတို့ရဲ့ မဲဆွယ်စည်းရုံးရေး ပြောရေးဆိုခွင့်ရှိသူတောင်မှ အချေအတင် ဆွေးနွေးမှုတွေ ပြီးသွားပြီလို့ ပြောပါတယ်။ ရှင်းပါတယ်၊ သူတို့ မကြိုက်တဲ့အရာတခုကို သူတို့မြင်နေရလို့ ဖြစ်တယ်” ဟု မီလာက ဆိုပါသည်။

ဒါပေမယ့် မကြာခဏဆိုသလိုပဲ၊ သမ္မတဟောင်းဟာ သူ့အဖွဲ့ရဲ့ရပ်တည်မှုကို လျော့ပါးစေခဲ့တယ်။ “ကျွန်တော့်အတွက် အရေးမကြီးပါဘူး၊ ကျွန်တော် လိုချင်တာ ဖြစ်နိုင်ပေမယ့် သဘောတူညီချက်ကတော့ အားလုံးက အရင်အချိန်တုန်းက အတိုင်းပါပဲ” ဟု ဗာဂျီးနီးယားရှိ မဲဆွယ်စည်းရုံးရေး ရပ်နားမှုတွင် ထရန့်က ပြောကြားခဲ့သည်။ “အဲဒီတုန်းက အသံတိတ်ထားတယ်။ နောက်ဆုံးအကြိမ်တုံးက မကြိုက်ပေမယ့် ဒါဟာ အဆင်ပြေသွားခဲ့ပါတယ်။”

ထရန့်က “ကျနော်တို့က တူညီတဲ့ စည်းမျဉ်းတွေကို သဘောတူပါတယ်။ တူညီသော စည်းမျဉ်း၊ တူညီသော သတ်မှတ်ချက်များ အပေါ် သဘောတူပါတယ်။ ပြီးတော့ ဒါက ဖြစ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။” ဟဲရစ်၏ အဖွဲ့ကချက်ချင်းတုံ့ပြန်ခဲ့သည် မိုက်ကိုဖွင့်ပြီး စကားပြောမည်ကို သမ္မတဟောင်းက သဘောတူခဲ့ကြောင်း ဆမ်က CNN သို့ ပြောပြီး “သူကိုယ်တိုင် သဘောတူကြောင်းပြောတာကို ငါတို့ကြားတယ်” ဟု သူကဆိုသည်။

CNN သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ထပ်မံရွှေ့ပြောင်းရန် အမိန့်ပေး

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အစ္စရေးသည် ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ဘေးလွတ်ရာသို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “ နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 25 Views
အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။ CNN – ၂၀၂၆ ခုနှစ်၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 29 Views
CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။ ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များမှ ပြုစုထားသော အသားတင် အကဲဖြတ်ချက် (Net Assessment) ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 34 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက