နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

လျှပ်စစ်မီးကို အချိန်နဲ့သာပေးနိုင်တဲ့ စစ်‌ကောင်စီက မီတာခ တိုးမြှင့်ကောက်ခံ

ဩဂုတ်လ (၃၀)ရက်။

စက်တင်ဘာလကစပြီး လျှပ်စစ်နှုန်းထားခတွေ ပြင်ဆင်သတ်မှတ်ပြီး တိုးမြှင့်ကောက်ခံသွားမှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်၀န်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လျှပ်စစ်နှုန်းထားခတွေ တိုးမြှင့်ကောက်ခံဖို့ကို စစ်ကောင်စီ၀န်ကြီးဌာနက တင်ပြခဲ့ပြီးနောက် ဇူလိုင်လ (၅)ရက်နေ့မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးရဲ့ သဘောတူညီချက်အရ ပြင်ဆင်သတ်မှတ်တာလို့ ဆိုပါတယ်။

ဓါတ်အားခ တိုးမြှင့်ကောက်ခံတာဟာ လျှပ်စစ်ဓါတ်အားသုံးစွဲသူတွေဆီကို လျှပ်စစ်ဓါတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ဖို့အတွက် နှစ်အလိုက် ထုတ်လုပ်တဲ့စရိတ် မြင့်မားလာတာကြောင့် ပြင်ဆင်သတ်မှတ်တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ပြင်ဆင်သတ်မှတ်လိုက်တဲ့ ဓါတ်အားခတွေဟာ အိမ်သုံးအမျိုးအစားဖြစ်ပါက (၁)မှ (၅၀)ယူနစ်အထိ (၅၀)ကျပ်၊ (၅၁)မှ (၁၀၀)ယူနစ်အထိ (၁၀၀)ကျပ်၊ (၁၀၁)မှ (၂၀၀)ယူနစ်အထိ (၁၅၀)ကျပ်နဲ့ (၂၀၁)ယူနစ်နဲ့အထက် (၃၀၀)ကျပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လုပ်ငန်းသုံးအမျိုးအစားတွေအနေနဲ့ (၁)ယူနစ်မှ (၅၀၀၀)ယူနစ်အထိ (၂၅၀)ကျပ်၊ (၅၀၀၁)မှ (၂၀၀၀၀)ယူနစ်အထိ (၄၀၀)ကျပ်နဲ့ (၂၀၀၀၁)ယူနစ်နဲ့အထက်ကို (၅၀၀)ကျပ်ကို ပြောင်းလဲသတ်မှတ်ထားပါတယ်။

“စကစလက်ထက်မှာ ဘယ်အရာမှကောင်းတာမရှိတာ အကုန်မျက်မြင်တွေ့နေရတာပဲ။ ကုန်ဈေးနှုန်းကော လူသုံးကုန်ကော အကုန်လုံး ဈေးတွေကတက်နေတာ။ ဒီလိုအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို မီတာခပါ ထက်တိုးကောက်တာဆိုတော့ ရေနစ်နေတဲ့သူကို ဝါးလုံးနဲ့ထပ်ထိုးသလိုဖြစ်နေပြီ”လို့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်း စက်သုံးဆီဈေးတွေလဲ ထပ်မံမြင့်တက်လာပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ (၉၂)တစ်လီတာကို (၂၉၀၀)ကျော်ရှိခဲ့ရာက ဒီကနေ့မှာတော့ (၃၁၀၀)ကျပ်နဲ့ (၁၀၀)ကျပ်နီးပါး မြင့်တက်ခဲ့ကာ ဆီပြတ်လပ်တာတွေနဲ့ ပြန်လည်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို