နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

သာယာ၀တီထောင်က ထောင်ပိုင်အပါအ၀င် အဆောင်မှူးတွေက အာဏာအလွဲသုံးစားလုပ်ပြီး စီးပွားရေးသောင်းကျန်းနေ

ဩဂုတ်လ (၃၀)ရက်။

သာယာ၀တီထောင်မှာ ထောင်ပိုင်အပါအ၀င် ထောင်အဆောင်မှူးတွေက အာဏာအလွဲသုံးစားလုပ်ပြီး ပိုက်ဆံတောင်းတာနဲ့ စီးပွားရေး အလွန်အကျွံသောင်းကျန်းနေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သာယာ၀တီထောင်က ထောင်ပိုင် ရဲရင့်နိုင်ဟာ ထောင်ထဲရောင်းတဲ့ ကွမ်းယာတွေကို တစ်ခန်းကို အထုပ် (၃၀)နှုန်းနဲ့ မယူမနေရရောင်းပြီး ကွမ်းယာထုတ်တွေ မကုန်ရင် အာဏာအလွဲသုံးစားလုပ်ကာ အပြစ်ပေးတယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာအခန်းတွေအလိုက် ခွဲတမ်းနဲ့ မကုန်မချင်းရောင်းရတဲ့ ကွမ်းယာတွေမကုန်ရင် ဒါမှမဟုတ် အပြင်ကွမ်းတွေကိုစားရင် တိုက်ပိတ်တာ၊ ခြေချင်းခတ်တာတွေနဲ့ အပြစ်ပေးလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။

ထောင်ပိုင် ရဲရင့်နိုင်ဟာ ထောင်၀င်စာပစ္စည်းပို့တာကိုလဲ ကန့်သတ်ထားပြီး သူရောင်းတဲ့ ဟင်းတွေကို မ၀ယ်မနေရ ရောင်းချတာကြောင့် အစားအသောက်ကျပ်တည်းတဲ့ သာယာ၀တီထောင်မှာ ဈေးကြီးပေးကာ ၀ယ်ယူစားသောက်နေရတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် သာယာ၀တီထောင်က အမျိုးသားအဆောင်(၂)ရဲ့ (၂)ပွင့်အဆင့်ရှိ အဆောင်မှူး ကျော်ဇင်သက်ဟာ မေလပိုင်းတုန်းက သူသင်တန်းတက်ရမှာကို အကျဉ်းသားတွေဆီကနေ တစ်ခန်း (၅၀၀၀၀)ကျပ်နှုန်း ကောက်ယူခဲ့တယ်လို့ သိရပါတယ်။

ကျော်ဇင်သက်ဟာ သင်တန်းကပြန်ရောက်လာချိန်မှာလဲ ထောင်ထဲက အကျဉ်းသားတွေကို ထောင်ကခိုင်းတဲ့အလုပ် အလုပ်မလုပ်ချင်ရင် တစ်သိန်းခွဲပေးဖို့ ပြောဆိုတောင်းယူခဲ့ကာ အဲ့ဒီတစ်သိန်းခွဲဟာ အဆောင်မှူး‌ပြောင်းတိုင်း ပေးရတယ်လို့ ဆိုပါတယ်။

နောက်ပြီး သာယာ၀တီအကျဉ်းထောင်က အကျဉ်းသားတွေကို သော့ခတ်ဖို့ သော့ခလောက် သံချေးတက်နေရင်လဲ ထောင်ပိုက်ဆံမသုံးဘဲ အကျဉ်းသား‌တွေကို အတင်း၀ယ်ယူခိုင်းတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့