ဩဂုတ်လ (၃၀)ရက်။
ဩဂုတ်လ (၂၇)ရက်နေ့က ကန့်ဘလူမြိုမှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ အမှတ် (၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ခမရ(၃၆၁)နဲ့ ပျူစောထီး အင်အား (၂၅၀)ခန့်ရှိတဲ့ ပူးပေါင်းစစ်ကြောင်းဟာ ကန့်ဘလူမြို့ရှိ ချပ်ကြီးရွာတောင်ဘက်မှာ ရွာကထွက်လာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြောက်ကျားတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီထံက လက်နက်ငယ် (၃)လက်၊ ကျည် (၈၃၂)တောင့်၊ ကျည်အိမ် (၃)ခု၊ Equipment (၃)ခု၊ ယူနီဖောင်း (၃)စုံ၊ လက်ထိပ် (၃)ခုနဲ့ ဓါး (၁)ချောင်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကန့်ဘလူခရိုင်တပ်ရင်း (၁/၂)နဲ့ ဒေသခံပကဖပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။