နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 19 ရက်

1027 Operations

1027 Operations မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ စာသင်ကျောင်းနဲ့ လူနေအဆောက်အအုံ ထိမှန်ပျက်စီးခဲ့

ဩဂုတ်လ (၃၁)ရက်။

မနေ့က ည (၈)နာရီခွဲအချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ည (၈)နာရီ (၄၅)မိနစ်လောက်မှာ စကစက လေကြောင်းနဲ့ (၂)ကြိမ် တိုက်ခိုက်ခဲ့တာပါ။ စာသင်ကျောင်းနဲ့ လူနေအဆောက်အအုံတွေ ထိမှန်ပျက်စီးခဲ့ပါတယ်။ အသေးစိတ်စာရင်းကိုတော့ ပြုစုနေဆဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမှတ်(၈) အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းအနီးရှိ လူနေအဆောက်အအုံတို့ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ ကျတာက အမှတ်(၈) အထက်တန်းကျောင်းကို ဗုံးတစ်လုံးကျတယ်၊ ပြီးတော့ နောက်ထပ်ဗုံးတစ်လုံးက အလယ်တန်းကျောင်းနားက လူနေအဆောက်အအုံတခုကို ကျသွားတာ။ ဗုံးပေါက်ကွဲတဲ့အတွက် စာသင်ကျောင်းက ကျောင်းဆောင်တွေ ပျက်စီးသွားတယ်။ လူနေအဆောက်အအုံရဲ့ အပေါ်ဆုံးထပ်လဲ ပြင်းပြင်းထန်ထန် ပျက်စီးခဲ့တယ်” လို့ ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် လားရှိုးမြို့နေပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့ခဲ့ရပေမယ့် လူထိခိုက်သေဆုံးတာမရှိခဲ့သလို သက်ဆိုင်ရာဌာနတွေက ပျက်စီးသွားတဲ့ စာရင်းတွေကို ဆက်လက်ပြုစုနေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအ၀င် လားရှိုးမြို့ကို ကိုးကန့်တပ်(MNDAA)က ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကိုဗစ်ကြောင့် သေဆုံးသူမရှိဘူးလို့ စစ်ကောင်စီ ပြောနေပေမယ့် မကွေးမှာ ကိုဗစ်လူနာတစ်ဦး သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 8 Views
ဇွန်လ (၁၈)ရက်။ မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ M-Rescue Magway မြေပြင်လူမှုကူညီရေးအသင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တအာင်းပြည်ကောင်စီ(TLC)ဖွဲ့စည်းတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့ NUCC သဝဏ်လွှာပို့

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 7 Views
ဇွန်လ (၁၈)ရက်။ တအာင်းပြည်ကောင်စီ(TLC) ဖွဲ့စည်းတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့ အမျိုးသားညီညွတ်ရေးကောင်စီ(NUCC)က ဒီကနေ့မှာ သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ NUCC အနေနဲ့ အဖွဲ့ဝင်
မြန်မာသတင်း

ရွှေတိဂုံစေတီပေါ် အင်္ကျီအဖြူဝတ်ပြီး ပန်းကိုင်လာသူတွေ ဖမ်းဆီးစစ်ဆေးခံရတာတွေရှိနေ

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 9 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်ကစပြီး ရန်ကုန်ရှိ ရွှေတိဂုံစေတီပေါ်မှာ အင်္ကျီအဖြူဝတ်ပြီး ပန်းကိုင်လာသူတွေကို လုံခြုံရေးတွေက စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ မြေပြင်သတင်းတွေဆီကနေ သိရပါတယ်။ “ ဒီနေ့ မနက်အစောပိုင်းကစပြီး ရွှေတိဂုံဘုရားပေါ်မှာ အင်္ကျီအဖြူဝတ်ပြီး ပန်းကိုင်လာတဲ့သူတွေကို လုံခြုံရေးတွေက
မြန်မာသတင်း

ငလျင်ကြောင့်ဆိုပြီး စစ်ကောင်စီ ပြန်ဖြေဆိုခိုင်းတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ပျက်ကွက်သူ (၈၀၀)ကျော်ရှိ

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 10 Views
ဇွန်လ (၁၈)ရက်။ ငလျင်ကြောင့်ဆိုကာ စစ်ကောင်စီက ပြန်လည်ဖြေဆိုခိုင်းတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်ဖြေဆိုတာမှာ ပျက်ကွက်သူ (၈၄၉)ဦးရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ကြောင့်ဆိုပြီး ဇွန်လ (၁၆)ရက်နေ့ကစတင်ကာ စစ်ကောင်စီက ‌‌ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တို့ရှိ မြို့နယ်
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မှတ်တမ်းဗီဒီယို ထွက်ပေါ်

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 8 Views
‌သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မှတ်တမ်းဗီဒီယို ထွက်ပေါ် ဇွန်လ (၁၈)ရက်။ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ စီစီတီဗီ မှတ်တမ်းဗီဒီယိုဖိုင်တခု ဂါးဒီးယန်းသတင်းဌာနကနေ ဒီကနေ့မှာ ထွက်ပေါ်လာခဲ့တယ်လို့
မြန်မာသတင်း

တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG ခေါ်ယူ

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 28 Views
ဇွန်လ (၁၇)ရက်။ တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG က ခေါ်ယူနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ကျန်းမာရေးဝန်ကြီးဌာနကနေ အထူးကုဆရာဝန်တွေအပါအဝင် ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးမှူးတွေ၊ သားဖွားဆရာမတွေ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်တွေကို ခေါ်ယူနေတာလို့
မြန်မာသတင်း

လုံးခင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 29 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဖားကန့်မြို့ လုံးခင်းအုပ်စု ကုဋေမှောရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ မနက်(၁၀)နာရီလောက်က မှောဆီစာရွာက စကစစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေ
မြန်မာသတင်း

တပတ်ထဲ ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ (၅၂)ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 26 Views
ဇွန်လ (၁၇)ရက်။ ပြီးခဲ့တဲ့ တပတ်တာကာလထဲ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ ကိုဗစ်(၁၉) အတည်ပြုလူနာ (၅၂)ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၈)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ တပတ်ထဲ ဓါတ်ခွဲနမူနာစုစုပေါင်း (၂၂၈၅)ခုကို