နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် အတားအဆီးဖြစ်နေသော ဖီလာဒဲဖီစင်္ကြံအကြောင်း သိရန်အချက်များ

စက်တင်ဘာလ (၂) ရက်၊ CNN သတင်း။

ဖီလာဒဲဖီစင်္ကြံသည် အစ္စရေးစစ်တပ်က လက်ရှိထိန်းချုပ်ထားသည့် ဂါဇာကမ်းမြောင်နှင့် အီဂျစ်နယ်စပ်တစ်လျှောက် ၁၄ ကီလိုမီတာ (၈.၇ မိုင်) ရှည်လျားသော မြေနေရာတစ်ခုဖြစ်သည်။ စင်္ကြံတစ်လျှောက်တွင် အစ္စရေးတပ်များ တည်ရှိနေခြင်းသည် ဟားမတ်စ်တို့နှင့် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံ စေ့စပ်ညှိနှိုင်းမှုတွင် အဓိက အငြင်းအခုံ ဖြစ်ခဲ့သည်။ သဘောတူညီချက်တစ်ခု၏ ပထမအဆင့်တွင် နယ်စပ်ဇုန်ကို ထိန်းချုပ်ရန် အစ္စရေးက တောင်းဆိုထားပြီး ဟားမတ်စ်က အစ္စရေးတပ်များကို ရုပ်သိမ်းရမည်ဟု ပြောကြားထားသည်။

အဆိုပါ သောင်မတင်ရေမကျဖြစ်မှုသည် ကြာသပတေးနေ့တွင် အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့အစည်းအဝေးတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး ရိုအော့ဗ် ဂဲလန့် (Yoav Gallant) တို့ကြား ခါးသီးသော အငြင်းပွားမှုကို ဖြစ်ပေါ်စေခဲ့သည်။ ဟားမတ်စ်များ အနေဖြင့် ၎င်းအောက်ရှိ ဥမင်လှိုဏ်ခေါင်းများအတွင်း လက်နက်များ မှောင်ခိုတင်သွင်းမှု ပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်ရန် စင်္ကြံကို ထိန်းချုပ်ရန် လိုအပ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။ ဂဲလန့်သည် နေတန်ယာဟု၏ အဆိုပြုချက်ကို သဘောမတူပါ။ “ဒါရဲ့ အရေးပါမှုကြောင့် ဟားမတ်စ်က သဘောတူမှာ မဟုတ်ဘူး၊ ဒါကြောင့် သဘောတူညီချက်လဲ ရှိလာတော့မှာ မဟုတ်ဘဲ ဓားစာခံတွေ ပြန်လွှတ်ပေးမှာလဲဖြစ်လာမှာ မဟုတ်တော့ဘူး”ဟု ကာကွယ်ရေးဝန်ကြီးကဆိုသည်။

အမေရိကန်၊ ကာတာနှင့် အီဂျစ်တို့သည် သဘောတူညီချက်တစ်ခုအတွက် ကြားမှညှိနှိုင်းပေးရန် လပေါင်းများစွာ ကြိုးပမ်းခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နေတန်ယာဟုအား ဖီလာဒဲဖီစင်္ကြံ တွင် ပိုမိုပျော့ပြောင်းရန် တွန်းအားပေးခဲ့သည်။ ကြာသပတေးနေ့တွင် နေတန်ယာဟုသည် သဘောတူညီချက်၏ပထမအဆင့်တွင် စစ်ဘက်ဆိုင်ရာစင်္ကြံတွင် မည်သို့ရှိနေသင့်သည်ကို ပြသသည့်မြေပုံများ ထုတ်ခဲ့ပြီး ဓားစာခံအချို့ကို ပထမအဆင့်တွင် လွှတ်ပေးမည်ဟု ဆိုသည်။ နေတန်ယာဟု၏ အစိုးရအဖွဲ့သည် သူတင်ပြသည့်မြေပုံများကို ထောက်ခံမဲ ရှစ်မဲ တစ်မဲဖြင့် ထောက်ခံမဲပေးခဲ့ပြီး ဂဲလန့်ကသာ ကန့်ကွက်ခဲ့သည်။

တနင်္ဂနွေနေ့တွင်၊ ဂဲလန့်သည် သဘောတူညီချက် တစ်ခုရရှိရန် စင်္ကြံကို ဦးစားပေးထိန်းချုပ်ရန် အစိုးရ၏ဆုံးဖြတ်ချက်ကို “ စာရိတ္တအရ အရှက်ကင်းမဲ့ခြင်း” ဟု ခေါ်ဆိုခဲ့သည်။ “ ကျွန်တော်တို့ ဒီလမ်းကို ဆက်လျှောက်ပါက၊ ကျွန်တော်တို့ သတ်မှတ်ထားသော ပန်းတိုင်တွေကို အရောက်လှမ်းနိုင်မှာ မဟုတ်” ဟု ၎င်း၏လုပ်ဖော်ကိုင်ဖက်များအား သတိပေးခဲ့သည်။

ဖီလာဒဲဖီစင်္ကြံ

+++++++

ဖီလာဒဲဖီစင်္ကြံသည် အရှည် ၁၄ ကီလိုမီတာ (၈.၇ မိုင်) နှင့် ၁၀၀ မီတာ (၃၃၀ ပေ) ကျယ်ဝန်းသော ဖီလာဒဲဖီစင်္ကြံ သည် ၁၉၇၉ ခုနှစ် အစ္စရေးနှင့် အီဂျစ်တို့ကြား ငြိမ်းချမ်းရေးစာချုပ်အရ ထူထောင်ထားသော ပိုမိုကျယ်ပြန့်သော စစ်မဲ့ဇုန်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 22 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 26 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 27 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 22 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 30 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 22 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ
မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 29 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 193 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ စိုးဝင်းအပါအဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကိုကိုလှိုင်၊ သန်းဆွေ၊