နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

သွေးအမျိုးအစားက အို ပါ။ CB ကိုလာခဲ့ပါ –

မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးဆုံးသူများ ဆိုရှယ်မီဒီယာမှ သူတို့၏ ကျောက်ကပ်ရောင်းရန် ကြိုးစားနေကြသည်

CNN သတင်းဆောင်းပါ။

ဟောင်ကောင်/နယူးဒေလီ CNN

ပို့ဆောင်ရေးယာဉ်မောင်း ကိုမောင်မောင်၏ ဇနီးနှင့် သမီးငယ်သည် အစားအစာ မစားရဘဲနေရသည်မှာ သုံးရက်ရှိနေပြီ ဖြစ်သည်။ ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် ၎င်း၏မွေးရပ်မြို့မန္တလေးရှိ အင်တာနက်ကဖေးသို့ လျှောက်သွားသည်ကို အမှတ်ရနေမိသည်။ သူသည် မကြာသေးမီက အတိုက်အခံ အင်အားစုများအတွက် ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟု သံသယရှိကာ စစ်အာဏာရှင်များက သူ့အား ရက်သတ္တပတ်များအတွင်း ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသည်။ ထိုအချိန်အတွင်း မိန်းမဖြစ်သူသည် မိသားစုကို ထောက်ပံ့ရန် ငွေချေးပြီး ရပ်တည်ခဲ့ရသည်။ နောက်ဆုံး သူလွတ်မြောက်လာသောအခါတွင်မူ အလုပ်ပြုတ်သွားကာ မိသားစုများမှာ လစာမဲ့အကြွေးနှင့် တင်ကျန်ရစ်ခဲ့ကြသည်။ စိတ်ပျက်လက်ပျက်ဖြင့် ကိုမောင်မောင်သည် ဖေ့စ်ဘုတ်ခ်ပေါ်တွင် သူ၏ ကျောက်ကပ်ကို ထုတ်ရောင်းရန် ကမ်းလှမ်းခဲ့သည်။

“အဲဒီအခိုက်အတန့်မှာ ဘဝက အရမ်းကြမ်းတမ်းတယ်လို့ ခံစားရတယ်။ ပိုက်ဆံရဖို့ လူတွေဆီက လုယက်သတ်ဖြတ်ယူတာကလွဲလို့ တခြားနည်းနဲ့ ရှင်သန်နိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။ “ကျွန်တော့်မိန်းမက ဒီလိုပဲ၊ ဒီကမ္ဘာမှာ သူလဲ ဆက်မနေချင်တော့ဘူး။ ဒါပေမယ့် ကျနော်တို့သမီးအတွက်ပဲ ကျနော်တို့ အသက်ရှင်နေခဲ့တယ်။” လအတန်အကြာတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် အမည်ကို အစားထိုးအသုံးပြုရန် တောင်းဆိုခဲ့သော မောင်မောင်သည် အစားထိုးခွဲစိတ်မှု ပြုလုပ်ရန် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။ ချမ်းသာသော တရုတ်-မြန်မာ လုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏ ကျောက်ကပ်ကို မြန်မာကျပ် ၁၀ သန်း (ဒေါ်လာ ၃,၀၇၉) ဖြင့် ဝယ်ယူခဲ့သည်။ မြန်မာနိုင်ငံရှိ နှစ်စဉ် ပျမ်းမျှ မြို့ပြ အိမ်ထောင်စုဝင်ငွေ၏ နှစ်ဆနီးပါး ရှိကြောင်း ကုလသမဂ္ဂ လက်အောက်ခံ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ်မှ ၂၀၁၉ ခုနှစ် အချက်အလက်များအရ သိရသည်။ ဤကဲ့သို့ မိမိကျောက်ကပ်ကို ရောင်းစားသည်မှာ ကိုမောင်မောင်တစ်ယောက်တည်း မဟုတ်ပါ။

တစ်နှစ်ကြာ CNN ၏ စုံစမ်းစစ်ဆေးမှုတစ်ခုတွင် မြန်မာနိုင်ငံတွင် စိတ်ပျက်အခက်အခဲကြုံနေသူများက Facebook တွင် ချမ်းသာသောသူများထံ ၎င်းတို့၏ ကိုယ်အင်္ဂါများကို ရောင်းချပေးနေကြောင်း ဖော်ပြခဲ့သည်။ အေးဂျင့်များ၏အကူအညီဖြင့် ၎င်းတို့သည် ဥပမာအားဖြင့် အစားထိုး ကုသမှုအတွက် အိန္ဒိယနိုင်ငံသို့ သွားလာကြရသည်—ကိုယ်တွင်းအင်္ဂါများကို တရားမဝင်ရောင်းချခြင်းကိုခွင့်မပြု သည့် နိုင်ငံနှစ်ခုလုံးရှိ ဥပဒေများကို ဖီဆန်ခဲ့ကြသည်။

CNN သည် အနည်းဆုံး မြန်မာဘာသာစကား Facebook အသုံးပြုသည့် အဖွဲ့သုံးဖွဲ့တွင် ကိုယ်တွင်းအင်္ဂါများ ရောင်းချရန် ကမ်းလှမ်းသည့် ပို့စ်များကို တွေ့ရှိပြီး ရောင်းချသူများ၊ ဝယ်သူများနှင့် အေးဂျင့်များ အပါအဝင် အင်္ဂါအစိတ်အပိုင်း ရောင်းဝယ်ရေးတွင် ပါဝင်သော လူနှစ်ဒါဇင်နှင့် စကားပြောဆိုခဲ့သည်။ ပြည်တွင်းစစ်ကြောင့် နိုင်ငံတွင်အခက်အခဲနှင့် ရင်ဆိုင်နေရသည့်သူများကို မိမိတို့ကိုယ်အင်္ဂါများကို ထုတ်ရောင်းရန် တွန်းအားပေးနေခြင်းဖြစ်သည်။

မှတ်ချက်တောင်းသောအခါတွင်၊ Facebook ၏ပိုင်ရှင် Meta က အွန်လိုင်းအဖွဲ့တစ်ဖွဲ့ကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ကုမ္ပဏီသည် နောက်ထပ် အသေးစိတ်အချက်အလက်များ သို့မဟုတ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ Facebook ၏ ကိုယ်ပိုင်စည်းမျဉ်းများတွင် သုံးစွဲသူများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဝယ်ယူခြင်း၊ ရောင်းချခြင်း သို့မဟုတ် အရောင်းအဝယ်ပြုလုပ်ခွင့်ပေးသည့် အကြောင်းအရာများကို ခွင့်မပြုဘဲ ချိုးဖောက်မှုများကို တွေ့ရှိပါက ပြန်လည်သုံးသပ်ရန်အတွက် အစီရင်ခံတင်ပြနိုင်ပါသည်။

အာဏာသိမ်းမှုက ဆင်းရဲမွဲတေမှုကို တိုးစေခဲ့သည်။

+++++++++++++++++++++++++++++

မြန်မာစစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်အကြာတွင် နိုင်ငံ့လူဦးရေ ၅၄ သန်း၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်၌ နေထိုင်နေကြရသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ သုတေသီများက ၂၀၁၇ ခုနှစ်မှစပြီး ထိုကိန်းဂဏန်းသည် နှစ်ဆတိုးလာကြောင်း တွေ့ရှိခဲ့သည်။ အမျိုးမျိုးသော လက်နက်ကိုင်အဖွဲ့များသည် စစ်အစိုးရ၏ ထိန်းချုပ်မှုကို ဆန့်ကျင်တိုက်ခိုက်နေချိန်တွင် နိုင်ငံအနှံ့ အကြမ်းဖက်မှုများ ပျံ့နှံ့လာခဲ့သည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကျဆင်းသွားခြင်း၊ အလုပ်လက်မဲ့များ တဟုန်ထိုး တက်လာပြီး အခြေခံ ကုန်ပစ္စည်း ကုန်ကျစရိတ်များသည် လူအများစုက လိုက်မမီနိုင်သောနှုန်းဖြင့် တိုးမြင့်လာပါသည်။ ရောင်းသူများသည် ဆင်းရဲပြီး ဝယ်သူများ အတော်အတန် ချမ်းသာကြသော်လည်း နှစ်ဖက်စလုံးသည် ၎င်းတို့ကိုယ်တိုင် ဆိုးရွားသော အခြေအနေတွင် ရှိနေသောကြောင့် တရားမဝင် အင်္ဂါဈေးကွက်သို့ ရောက်ရှိလာကြသည်။

“ခန္ဓာကိုယ်အစိတ်အပိုင်းကို ရောင်းဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ဘယ်သူမှ မလုပ်ချင်ပါဘူး” ဟု အမည်လွှဲတပ်ခိုင်းတဲ့ အေပရယ်က ဧပြီလ ၂၆ ရက်နေ့က သူမ၏ကျောက်ကပ်ကို Facebook တွင် ရောင်းမည်ဟု ကြော်ငြာပြီး မကြာခင်မှာပဲ ပြောကြားခဲ့ပါသည်။ “ဒီလိုလုပ်ရခြင်းရဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ကျွန်မမှာ အခြားရွေးချယ်စရာ မရှိလို့ပါပဲ။” ဟု သူမက ပြောသည်။

အေပရယ်သည် သူနာပြုဖြစ်ရန် စိတ်ကူးယဉ်အိပ်မက်ကို စွန့်လွှတ်ပြီး အသက် ၁၈ နှစ်တွင် အထည်ချုပ်စက်ရုံ၌ အလုပ်လုပ်ပြီး မိသားစုကို ကူညီရန် ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သို့ရာတွင် သူမ၏လစဉ် လစာ ဒေါ်လာ ၁၀၀ သည် နိုင်ငံရေးအကျပ်အတည်းနှင့် သူမ၏ ကင်ဆာရောဂါ ခံစားနေရသည့် အဒေါ်၏ တိုးများလာသည့် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များကြောင့် တိုးမြင့်လာသည့် စရိတ်ကို လိုက်မီဖို့ မလုံလောက်ဘူးဟု သူမက ပြောပါသည်။

“ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ ရှင်သန်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်။ ငိုခဲ့ရတဲ့နေ့ရက်တွေလည်း ရှိခဲ့ပါတယ်။ ကျမသူငယ်ချင်းတွေက ကျမကို မကူညီနိုင်တဲ့အခါ ကျမမှာ ဘာစားစရာမှမရှိတဲ့အချိန်တွေလည်း ရှိပါတယ်” ဟု CNN ကို ပြောပါသည်။

တစ်ညတွင် သူမသည် အိပ်မပျော်ဘဲ ညနက်သည့်အထိ ဖေ့စ်ဘုတ်ကို လှန်ကြည့်ရင်း ကျောက်ကပ်ရောင်းရန် ကမ်းလှမ်းသည့် အဖွဲ့တစ်ဖွဲ့၏ဆိုက်ကို ကြည့်မိခဲ့သည်။ ဤအုပ်စုအများစုသည် ကျောက်ကပ်ရောဂါ ခံစားနေရသော လူနာများအတွက် အိမ်တွင်းကုထုံးများကို မျှဝေကာ မည်သည့်ဆရာဝန်များကို ပြသရန် အကြံပြုရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ သို့သော် မကြာသေးမီနှစ်များအတွင်း အင်္ဂါအစိတ်အပိုင်းများ ရောင်းချရန် ကမ်းလှမ်းသည့်ပို့စ်များသည် ပို၍များလာကြောင်း CNN ၏ ခွဲခြမ်းစိတ်ဖြာလေ့လာချက်တစ်ခုက တွေ့ရှိခဲ့သည်။

လူတစ်ဦးသည် ကျောက်ကပ်တစ်လုံးတည်းဖြင့် ကျန်းမာသောဘဝဖြင့် အသက်ရှင်နေနိုင်သဖြင့် ယင်းအချက်သည် အရောင်းအဝယ် ဖြစ်နိုင်ရန် အကြောင်းတရား ဖြစ်လာခဲ့သည်။ သို့သော် ၎င်းသည် ရေရှည်တွင် အကျိုးဆက်များ ရှိလာနိုင်သည့် ကြီးကြီးမားမား ခွဲစိတ်မှုတစ်ခုဖြစ်သည်။ အမျိုးသား ကျောက်ကပ်ဖောင်ဒေးရှင်း၏ အဆိုအရ အကြီးမားဆုံး အန္တရာယ်မှာ ကျန်ရှိသော ကျောက်ကပ်တွင် တခုခု ဖြစ်လာခဲ့ပါက အရန်ထားရှိခြင်း မရှိတော့ခြင်း ဖြစ်သည်။

အေပရယ်က သူမ၏ ကိုယ်ပိုင်ပို့စ်ကို အမြန်ရေးတင်ခဲ့ပါသည် “ကျွန်မ ကျောက်ကပ် လှူချင်ပါတယ်။ ကျွန်မရဲ့သွေးအမျိုးအစားမှာ O ဖြစ်ပါတယ်။ ကင်ဆာဖြစ်နေတဲ့ ကျမရဲ့အဒေါ်အတွက် ခွဲစိတ်ကုသဖို့ ငွေလိုအပ်နေပါတယ်။ အသက် ၂၆ နှစ်ရှိပါပြီ။ အရက်မသောက်တတ်ပါ။ ကျမကို တိုက်ရိုက်မက်ဆေပို့ပါ။

တရားမဝင်သော်လည်း လက်လှမ်းမီလုပ်ကိုင်နိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်။

++++++++++++++++++++++++++++++++++++++++++++++++

အွန်လိုင်းကိုယ်တွင်းအင်္ဂါ အရောင်းအဝယ်တွင်၊ ဝယ်သူများနှင့် ရောင်းချသူများသည် ကြားခံအေးဂျင့်များမှ တဆင့်အရောင်းအဝယ်လုပ်ကြသည်။ အလှူရှင်များနှင့် လက်ခံယူမည့်သူများနှင့် ကိုက်ညီသောသူများကို ကြားခံအေးဂျင့်များက ရှာဖွေ လုပ်ဆောင်ပေးကြပြီး လိုအပ်သော စာရွက်စာတမ်းများကို အတုလုပ်ကာ ခွဲစိတ်မှုပြုလုပ်ရန် စီစဉ်ကြသည်။ အိန္ဒိယတွင် ကိုယ်တွင်းအင်္ဂါများ ရောင်းချခြင်းသည် တရားမဝင်သောကြောင့် ဆွေမျိုးများကြားတွင်သာ လှူဒါန်းခြင်းကိုသာ ခွင့်ပြုထားသောကြောင့် အေးဂျင့်များသည် အိမ်ထောင်စုစာရင်းများ၊ မိသားစုမျိုးရိုးစဉ်ဆက်များနှင့် အခြားစာရွက်စာတမ်းများကို ရှေ့နေများနှင့် နိုထရီများ၏ အကူအညီဖြင့် မကြာခဏ အတုလုပ်ကြသည်။ နယူးဒေလီရှိ မြန်မာသံရုံးသည် အဆိုပါအမှုကို ပြည်နယ် သို့မဟုတ် ဆေးရုံခွင့်ပြုချက် ကော်မတီထံ ပေးပို့နိုင်ရန် စာရွက်စာတမ်းများကို ပြန်လည် သုံးသပ်ရန် လိုအပ်သည်။

ခွင့်ပြုချက် ကော်မတီသည် တရားမဝင်လုပ်ရပ်ကို နောက်ဆုံးကာကွယ်ရေးစည်း ဖြစ်သည်။ ၎င်းသည် စနစ်အား လိမ်လည်ရန် ကြိုးစားသူတိုင်းကို ဖမ်းရန် ဒီဇိုင်းထုတ်ထားသည်။ စာရွက်စာတမ်းများ၊ မိသားစုဓာတ်ပုံများနှင့် ဘဏ်ရှင်းတမ်းများကို စစ်ဆေးပြီး လူစိမ်းများက မိသားစုဝင်များ ဟန်ဆောင်ထားခြင်း ဟုတ်မဟုတ်ကို စစ်ဆေးသည် သို့မဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ကုန်ကူးသူဖြစ်မလားဟု အင်တာဗျူးလုပ် စစ်ဆေးသည်။

CNN သည် နယူးဒေလီရှိ မြန်မာသံရုံးနှင့် အိန္ဒိယ ကျန်းမာရေးနှင့် မိသားစု လူမှုဖူလုံရေး ဝန်ကြီးဌာနတို့ကို မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။ လုံခြုံစွာပြောနိုင်စေရန် အမည်လွှဲသုံးခိုင်းသူ သီရိခိုင်သည် လွန်ခဲ့သော ရှစ်နှစ်ခန့်က ခင်ပွန်းဆုံးပါးသွားချိန်တွင် မုဆိုးမဖြစ်လာခဲ့သည်။ ခြောက်နှစ်အကြာတွင် ကျောက်ကပ်ရောဂါ ဝေဒနာခံစားရပြီး မင်္ဂလာဆောင်သည့် ဓာတ်ပုံအသစ်များ ရိုက်ကူးခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမဘေးတွင် ပြုံးနေသော သတို့သားမှာ ကျပ် ၁၂ သိန်း (ဒေါ်လာ ၃၆၉၅) ဖြင့် သူမက ကျောက်ကပ်ဝယ်နေသည့် အမျိုးသား ဖြစ်သည်။

သီရီခိုင်က တရားဝင် အစားထိုး ကုသရေး စောင့်ဆိုင်းစာရင်းတွင် ပါဝင်ပြီး အစားထိုး ကုသမှု ခံယူရန် ကြိုးစားခဲ့သော်လည်း ကုသမှုသည် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်ပြီး ယင်းအချိန်တွင် သူမသည် သူမ၏ ရောဂါကြောင့် သေဆုံးနေလောက်ပြီဟု သိရသည်။ ၁၉၉၅ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကျောက်ကပ် အစားထိုးမှု အောင်မြင်သူ ၃၀၈ ဦးသာ ရှိခဲ့ကြောင်း စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရုံးမှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ နှင့် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခြွင်းချက်အနည်းငယ်ဖြင့် အစားထိုးကုသမှုကို တပ်မတော်ဆေးရုံများတွင်သာ ပြုလုပ်နိုင်ကြောင်း ရန်ကုန်မှ လက်ရှိနှင့် ယခင် ဆရာဝန်တစ်ဦး မှ ပြောကြားခဲ့သည် စစ်ပွဲကြောင့် ဆရာဝန်ရှားပါးမှုလည်း ဖြစ်ပေါ်စေခဲ့သည်။

စစ်တပ်အာဏာသိမ်းမှု အစောပိုင်းကာလများတွင် ဆရာဝန်များသည် ခုခံရေးလှုပ်ရှားမှု၏ ရှေ့တန်းမှပါဝင်ခဲ့ကြပြီး မကြာခဏဆိုသလို ဒဏ်ရာရ ဆန္ဒပြသူများကို ကုသပေးကာ သပိတ်မှောက်ခဲ့ကြသည်။ ယင်းအတွက်ကြောင့် ၎င်းတို့သည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများစွာကို ဖမ်းဆီးခြင်း သို့မဟုတ် အတင်းအကျပ် တိုင်းပြည်မှ ထွက်ပြေးစေခြင်းတို့ဖြင့် တိုင်းပြည်ကျန်းမာရေးကဏ္ဍကို မြင့်မားစွာ ထိခိုက်စေခဲ့ပြီး မြန်မာနိုင်ငံ၏ နုနယ်ပြီးသား ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲခြင်းသို့ ရောက်ရှိအောင် တွန်းပို့ခဲ့သည်။

ခွဲစိတ်မှုအပြီး ရက်သတ္တပတ်များအတွင်းတွင် သီရိခိုင်နှင့် ၎င်း၏ခင်ပွန်းသည် ကော်မတီ၏ အင်တာဗျူးအတွက် ခွင့်ပြုချက်ရယူရန် လေ့ကျင့်မှုများပြုလုပ်ကာ တွေ့ဆုံခဲ့ပုံ၊ တစ်ဦးနှင့်တစ်ဦး ကြိုက်နှစ်သက်သော အစားအစာများနှင့် လိုင်စင်နံပါတ်ကဲ့သို့သော မေးခွန်းများအတွက် အဖြေများ ရှာဖွေခဲ့ကြသည်။ “ကျမတို့က တကယ့်စုံတွဲ ဟုတ်မဟုတ် အတည်ပြုဖို့ စစ်ဆေးမေးမြန်းမှုတစ်ခုပါ။ ဒါပေမဲ့ လိမ်နေတာ သူတို့ကသိတယ်” ဟု သီရိခိုင်က ပြောသည်။ “ဥပဒေက တင်းကျပ်တယ်၊ ဆေးရုံရဲ့ စည်းကမ်းကလည်းတင်းကြပ်တယ်။ ဒါပေမယ့် သူတို့က အချက်ပြ အနီရောင်အလံတွေနဲ့ စာရွက်စာတမ်းအတုတွေကို လျစ်လျူရှုပေးလိုက်ခြင်းအားဖြင့် ကုသမှုကို ရအောင် လုပ်ပေးခဲ့တယ်။”

CNN မှ အလှူရှင်များနှင့် လက်ခံသူ ဆယ်ဦးစလုံးမှ တစ်ဦးမှလွဲ၍ ကျန်တစ်ဦးသည် ၎င်းတို့၏ အမှုတွဲတစ်ခုစီတွင် မိသားစုဆက်ဆံရေးကို သက်သေပြရန်အတွက် စာရွက်စာတမ်းများ အတုအယောင်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သူတို့သည် ကြင်ယာတော်၊ ယောက္ခမ၊ တူမများနှင့် တူများအဖြစ် ဟန်ဆောင်ကြသည်။ မောင်မောင်သည် လက်ခံသူ၏ သားမက်ဖြစ်လာရသည်။ ကြောက်ရွံ့စွာဖြင့် အိမ်နှင့်ဝေးရာသို့ မောင်မောင်သည် အစားထိုးခွဲစိတ်မှု မပြုလုပ်မီ ရက်ပိုင်းအလိုတွင် ဆေးစစ်ချက်များနှင့် အင်တာဗျူးများစွာကို ဖြတ်သန်းခဲ့ရသည်။ ယခင်က မြန်မာနိုင်ငံမှ ထွက်ခွာခြင်း မရှိခဲ့သော်လည်း ယခုအခါတွင် ကျောက်ကပ်ဆေးမည့် အမျိုးသား၏ မိသားစုဘေးရှိ နယူးဒေလီမြို့၏ နာမည်ကြီး Lotus ဘုရားကျောင်းရှေ့တွင် ဓာတ်ပုံရိုက်နေသည်ကို တွေ့ရသည်။

“ကျွန်တော့်မိသားစုကို ကြည့်လိုက်တဲ့အခါ စိတ်ထဲမှာ မွန်းကြပ်နေတယ်။ သူတို့မှာ ဘာမှမရှိဘူး။ တစ်ချိန်တည်းမှာပဲ၊ ရှေ့ဆက်ရမယ့်အရာတွေ အတွက်လည်း ကျွန်တော်စိတ်ဖိစီးနေပါတယ်” ဟု ခွဲစိတ်မှုမပြုလုပ်မီ CNN သို့ ပြောကြားခဲ့သည်။ “ ငါသေရင် ဒီငွေက ငါ့ဇနီးနဲ့သမီးကို သူတို့ရဲ့ စားဝတ်နေရေးအတွက် တစ်သက်လုံး မရှိနိုင်ရင်တောင်မှ ဒီငွေကအတိုင်းအတာတခုအထိ အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” မြန်မာစစ်တပ်သည် ရှည်လျားသော အခွင့်အရေးချိုးဖောက်မှုများအတွက် မှတ်တမ်းရှိပြီး ပြည်တွင်းစစ်သည် အရပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက်စလုံးတွင် အကြမ်းဖက်မှု အဆင့်သစ်များကို ဖြစ်ပေါ်လာစေခဲ့သည်။

စစ်တပ်၏ ဖမ်းဆီးနှိပ်စက်ခံရမှုမှ တဆင့်အလုပ်ပြုတ်ပြီး ကွင်းဆက်များအဖြစ် နောက်ဆုံး မောင်မောင်အနေနှင့် ကျောက်ကပ်ကို ရောင်းစားရသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ခြင်းအတွက် စွပ်စွဲချက်များကို တုံ့ပြန်သည့်အနေဖြင့် မြန်မာစစ်တပ်က CNN သို့ “မြန်မာ့တပ်မတော်သားများသည် စည်းစနစ်တကျရှိကြပြီး မည်သူ့ကိုမျှ ဥပဒေမဲ့ ဖမ်းဆီးခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း မပြုနိုင်” ဟု ဆိုသည်။

‘အသက်ကယ်တင်ခြင်း’

+++++++++++++

၂၀၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် သက်ရှိလှူရှင်များပါဝင်သည့် ကျောက်ကပ်အစားထိုးကုသမှု ၁၀,၀၀၀ အောက်သာ လုပ်ဆောင်ခဲ့ကြောင်း အမျိုးသားအင်္ဂါနှင့် တစ်ရှူးအစားထိုးအဖွဲ့မှ ပြောကြားခဲ့သည်။ မြန်မာလူနာများ ပါဝင်သော အစားထိုး ခွဲစိတ်မှု အရေအတွက် သို့မဟုတ် ကိုယ်တွင်း ကလီစာများ ရောင်းချနိုင်သည့် ခွဲစိတ်မှု အရေအတွက်ကို CNN မှ အတည်မပြုနိုင်သေးပါ။ တရားမဝင် လုပ်ငန်းသဘောသဘာဝကြောင့် အမည်မဖော်လိုသူ ရန်ကုန်အခြေစိုက် အေးဂျင့်တစ်ဦးက အိန္ဒိယရှိ မြန်မာသံရုံးနှင့် တရားဝင်ခွင့်ပြုချက် ကော်မတီများသည် တင်ပြထားသည့် စာရွက်စာတမ်းများသည် အတုများဖြစ်ကြောင်းကို သိရှိကြောင်း ပြောသည်။

“ဒါဟာ အသက်ကို ကယ်တင်တဲ့ လုပ်ရပ်ပါ။ ဒါဟာ ဆိုးဝါးတဲ့အလုပ် မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။ မနှစ်က အလားတူပုံစံနဲ့ သူ့ကိုယ်တိုင် ကျောက်ကပ် အစားထိုး ကုသမှုကို ခံယူခဲ့ရတယ်ဟု ဆိုပါသည်။ အိန္ဒိယနိုင်ငံတွင် ကိုယ်တွင်းအင်္ဂါများ လှူဒါန်းခြင်းကို အားပေးသည့် အကျိုးအမြတ်မယူသော Multi Organ Harvesting Aid Network ၏ တည်ထောင်သူနှင့် အစားထိုး ခွဲစိတ်ဆရာဝန် ဒေါက်တာ ဆန်နီလ် ရှရော့ဖ် (Sunil Shroff) က ကိုယ်တွင်းအင်္ဂါများ လှူဒါန်းခြင်းကိစ္စသည် ရှုပ်ထွေးသည်ဟု ဆိုသည်။ ကော်မတီအတွက်လည်း(ခွင့်ပြုချက်) ပေးရတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ နောက်တဖန် သူတို့က ရဲတွေလို မတားဆီးပါဘူး၊ သူတို့ကကိုယ်ချင်းစာစိတ်နဲ့ တစ်ဦးချင်းစီ ကြည့်ရှုစစ်ဆေးပါတယ် ဘာကြောင့်လဲဆိုတော့လက်ခံသူက ဝေဒနာကို ခံစားရသူဖြစ်လို့ပါ” ဟု ၎င်းက ဆိုသည်။

အခြားနိုင်ငံမှ ထုတ်သောစာရွက်စာတမ်းများသည် စစ်မှန်ကြောင်းအတည်ပြုရန် အလွန်ခက်ခဲသောကြောင့် ၎င်းသည် ရှုပ်ထွေးပါသည်။ “သံရုံးက လက်မှတ် ထိုးပြီးတာနဲ့ ပြည်တွင်းခွင့်ပြုချက် ကော်မတီက သံရုံးမှာ တာဝန်ရှိတယ်လို့ ယူဆတယ်။ ၎င်းတို့သည် ကျွန်ုပ်တို့မသိသော မသက်ဆိုင်သော သူစိမ်းအလှူရှင်တစ်ဦးအနေနှင့် ရောက်ရှိလာနိုင်ပါတယ်” ဟု ဒေါက်တာ ရှရော့ဖ် က ပြောကြားခဲ့သည်။

မြန်မာလူနာတွေနဲ့ ပြည့်နေတဲ့ လူနာဆောင်

++++++++++++++++++++++++

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် အစားထိုး ခွဲစိတ်ကုသမှုခံယူပြီး ရက်အနည်းငယ်အကြာတွင် မောင်မောင်သည် ဆေးရုံကုတင်အစွန်းတွင် ထိုင်ကာ ဘယ်ဘက်ခြမ်းတွင် အမာရွတ်အသစ်တစ်ခုတွေ့ရှိရန် အင်္ကျီကို မြှောက်ထားလိုက်သည်။ “အတွင်းကနေ သက်သာသွားပုံရတယ်၊ ဒါပေမယ့် အပြင်မှာ နာကျင်နေတုန်းပဲ” ဟု ခရမ်းရောင် အမှတ်အသားကို ကိုင်လျက်ပြောသည်။ ဆေးရုံအတွင်းလမ်း ဖြတ်လျှောက်လာရင်း ဝမ်းဗိုက်မှာ လေးလက်မအရွယ် တူညီသည့် အမာရွတ်များရှိသည့် ပြန်လည်နလံထစခန်းက တခြား မြန်မာလူနာများကို သူက ညွှန်ပြခဲ့ပါသည်။

“အိမ်သာသွားတဲ့အခါ မြန်မာလူမျိုးတွေကို တွေ့ရပြီး အနီးအနားကို သွားတဲ့အခါမှာလည်း မြန်မာလူမျိုးတွေကို တွေ့ရပြန်တယ်” ဟု သူက ဆိုသည်။ အဆုံးမရှိသော ဆင်းရဲမွဲတေမှု သံသရာတွင် ပိတ်မိနေသူများအတွက်၊ ခန္ဓာကိုယ်အစိတ်အပိုင်းကို ရောင်းချခြင်းသည် လွတ်မြောက်ရန် အမြန်နည်းလမ်းတစ်ခုအဖြစ် ပေါ်လာတတ်ပါသည်။

၎င်းသည် အာဖဂန်နစ္စတန်မှ နီပေါအထိ အခြားနိုင်ငံအများအပြားရှိ လူများကို ခေါ်ဆောင်သွားသည့် နောက်ဆုံးစခန်းတစ်ခု ဖြစ်သော်လည်း ၎င်းသည် ပြင်းထန်ပြီး တစ်ခါတစ်ရံတွင် အသက်အန္တရာယ်ရှိသော ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များနှင့် ကြုံလာရသည်။

ဘဝက ကျောက်ကပ်ရောင်းပြီးတာနဲ့ ကောင်းလာမှာ မဟုတ်ဘူး။ ဒီရောင်းရငွေ ကုန်သွားရင် သူတို့က နဂိုဘဝကို ပြန်ရောက်သွားမှာပဲ။ ပြီးတော့ မြင်နေရတဲ့ အမာရွတ်ပဲ ကျန်နေမှာ။ သူတို့က အဲဒါကိုကြည့်ပြီး စိတ်ဓာတ်ကျသွားတတ်တယ်” ဟု ဒေါက်တာ ရှရော့ဖ်က ပြောသည်။

“ကျောက်ကပ်ကတစ်ခုပဲကျန်တော့တယ်” ဟု မောင်မောင်က ပြောပြီး သူက ဟောကိန်းထုတ်လိုက်သည်။ “ကျွန်တော် အသက်ရှင်နေနိုင်တာကတော့ ၁၅ နှစ်ကနေ အနှစ် ၂၀ လောက်ပဲ အဲဒီလောက်ကြာရင်တော့ သေဆုံးသွားလိမ့်မယ်” သို့သော် သူ့ဆုံးဖြတ်ချက်ကို သူသည် နောင်တမရပါ။

“ဒီအချိန်မှာ ဒီလိုမလုပ်ရင် ကျွန်တော့်ဘဝက ကမောက်ကမ ဖြစ်လိမ့်မယ်။ အလုပ်မရှိ၊ စားစရာမရှိ။ ကျွန်တော့်မိန်းမ၊ ကျွန်တော့်နဲ့ ကလေးမှာ စားစရာမရှိဘူး။ ကျွန်တော်တို့ သုံးယောက်လုံး သေသွားနိုင်တယ် ဒါမှမဟုတ် ရူးသွားနိုင်တယ်”လို့ သူကပြောပါတယ် မန္တလေးသို့ ပြန်လာခဲ့သော်လည်း အလုပ်ပြန်မစသေးပါ။ သူ့ကျောက်ကပ်ရောင်းရငွေက တဖြည်းဖြည်း ကုန်သွားတာကြောင့် သူ့နေ့တွေ အများစုကို အိမ်မှာပဲ နာကျင်မှုတွေနဲ့ ကုန်ဆုံးခဲ့ပါတယ်။

အေပရယ် အကြောင်းကတော့ CNN က သူမထံသို့ နောက်ဆုံးအကြိမ်ရောက်ရှိခဲ့သည်မှာ လွန်ခဲ့သောလအနည်းငယ်ကဖြစ်သည်။ သူ့ကျောက်ကပ်ကို ကျပ် ၁၂ သိန်း (ဒေါ်လာ ၃၇၀၀) နှင့် ဝယ်လိုသည့် ရန်ကုန်က အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို တွေ့ခဲ့ပါသည်။ ဧပြီလတွင် အမျိုးသား၏ အကြီးဆုံးသမီးအဖြစ် ရိုက်ယူထားသည့် မိသားစုဓာတ်ပုံများကို အတုအပလုပ်ကာ စာရွက်စာတမ်းများ အတုလုပ်ခံရပြီး ကျန်အရာမှာ ခွဲစိတ်မှု ဖြစ်သည်။ အစားထိုးကုသမှု နီးကပ်လာသည်နှင့်အမျှ အေပရယ်က သူမသည် ခွဲစိတ်ကုတင်ပေါ်တွင် သေဆုံးသွားမည်ကို စိုးရိမ်သော်လည်း နောက်ဆုတ်ရန် အချိန်နှောင်းသွားသည်ဟု ခံစားခဲ့ရသည်။ အေပရယ်၏ မိသားစုသည် သူမ၏ ကျောက်ကပ်ကို ရောင်းချရန် အစီအစဉ်ကို မသိကြသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 13 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ရန်ကုန်မှာ ပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ လူထုသပိတ် ချီတက်ဆန္ဒပြ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 11 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ ပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ လူထုသပိတ်ချီတက်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။ သပိတ်ချီတက်ရာမှာ
မြန်မာသတင်း

မန္တလေးရှိ တံတားဦးလေဆိပ်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 13 Views
စက်တင်ဘာလ (၁၉)ရက်။ စက်တင်ဘာလ (၁၇)ရက်‌နေ့ ညပိုင်းက မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ တံတားဦးလေဆိပ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ စက်တင်ဘာ (၁၇)ရက်နေ့ ည (၁၀)နာရီခွဲနဲ့ (၁၁)နာရီကြား တံတားဦးလေဆိပ်ကို လက်နက်ကြီးတွေ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်သွားဖို့ ရန်-မန်းစစ်ဆင်ရေးတရပ်ဖော်ဆောင်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 15 Views
စက်တင်ဘာလ (၁၉)ရက်။ ရန်-မန်းစစ်ဆင်ရေးအနေနဲ့ ရန်ကုန်နဲ့ မန္တလေးက တော်လှန်ရေးမဟာမိတ်တွေ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ ရန်-မန်းစစ်ဆင်ရေးကို Operation Flame(OF)Yangon နဲ့ Operation Flame(OF)Mandalay
မြန်မာသတင်း

ရေဘေးသင့်ပြည်သူတွေကို တတ်နိုင်သလောက် ပံ့ပိုးပေးမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 10 Views
စက်တင်ဘာလ (၁၉)ရက်။ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို ပြန်လည်ထူထောင်ဖို့ တတ်နိုင်သလောက် ပံ့ပိုးပေးသွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပျဉ်းမနားမြို့ရှိ ရေဘေးရှောင်စခန်းကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သမိုင်းတလျှောက် မိုးသည်းထန်စွာရွာသွန်းတာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်ထဲ အခုတကြိမ်က
မြန်မာသတင်း

မိုးကုတ်မြို့ရှိ စစ်ရှောင်တွေကို ဆန်အိတ် (၅၀၀)နဲ့ ကျပ်သိန်း (၁၅၀) MDY-PDF မတည်လှူဒါန်း

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 9 Views
စက်တင်ဘာလ (၁၉)ရက်။ “ ၁၀၂၇ စစ်ဆင်ရေး” ထဲ စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့ရှိ ကျေးရွာတွေကို ဆန်အိတ်အပိုင်း (၅၀၀)နဲ့ ငွေသားကျပ်သိန်း (၁၅၀) မတည်လှူဒါန်းခဲ့တယ်လို့ MDY-PDF ရဲ့ မမေ့င ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုးကုတ်မြို့ရှိ
မြန်မာသတင်း

အုတ်တွင်းမြို့ရှိ ရေဘေးရှောင်စခန်းတစ်ခုက လူ (၂၀၀)ခန့် အစာအဆိပ်သင့်ပြီး အရေးပေါ်ဆေးရုံတင်ခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 9 Views
စက်တင်ဘာလ (၁၉)ရက်။ မနေ့က ည (၈)နာရီအချိန်မှာ အုတ်တွင်းမြို့၊ ၀က်ဖြူကုန်းရွာရှိ ရွှေဖြူရတနာကျောင်းတိုက် ရေဘေးရှောင်စခန်းက လူ (၂၀၀)ခန့် အစာအဆိပ်သင့်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ကူညီပေးနေသူတွေထံက သိရပါတယ်။ “ ၀က်ဖြူကုန်း ရွှေဖြူရတနာကျောင်းမှာ ရေဘေးခိုလှုံနေတဲ့သူတွေ အလှူရှင်တွေ
မြန်မာသတင်း

ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ (၅)နေရာ တပြိုင်ထဲတိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 10 Views
စက်တင်ဘာလ (၁၉)ရက်။ စက်တင်ဘာလ (၁၇)ရက်နေ့က ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ (၅)နေရာကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force(FRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီနေရာတွေဟာ ဒီပဲယင်းမြို့ပေါ်ရှိ ကံပြားရွာ