နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းဖက်စစ်ကောင်စီကို နောင်ကြဉ်သွားအောင်အထိ ထိုးနှက်ဖို့လိုတယ်လို့ NUG ယာယီသမ္မတပြော

စက်တင်ဘာလ (၃)ရက်။

အကြမ်းဖက်စစ်ကောင်စီကို နောင်ကြဉ်သွားအောင်အထိ ထိုးနှက်ဖို့လိုတယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ စစ်အာဏာရှင်ဆိုတာ အကျောမာတယ်၊ ခေါင်းမာတဲ့စရိုက် ရှိပါတယ်။ ဒါ့ကြောင့် သာသာနဲ့ နာနာနှက်လိုက်မှ၊ နောင်ကို မလုပ်ရဲအောင် အရှိုက်ထိစေမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဇွတ်မိုက်ပြီး ဆက်တိုးနေအုံးမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

တော်လှန်ရေးမှာ ပျော့ပြောင်းတာနဲ့ မာကျောတာကို မဟာဗျူဟာကျကျ ပေါင်းစပ်ကျင့်သုံးပြီး စစ်အာဏာရှင်ကို ရုပ်ပိုင်းနဲ့ နာမ်ပိုင်းဆိုင်ရာ ထိုးနှက်ချေမှုန်းရာမှာ စစ်ရေးဟာ ရုပ်ပိုင်းဖြစ်ပြီး နိုင်ငံရေးဟာ နာမ်ပိုင်းဖြစ်တယ်ဆိုတာ သတိမူဖို့ ပြောဆိုထားပါတယ်။

မင်းအောင်လှိုင်နဲ့ စစ်အုပ်စု ဆက်လက်ရှင်သန်နိုင်အောင် ရုန်းကန်ပြီး အသက်စတေးပေးနေတဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေအနေနဲ့ အမြန်ဆုံး ပြည်သူတွေနဲ့ ပူးပေါင်းဖို့ အချိန်တန်ပြီလို့ NUG ယာယီသမ္မတ က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဦးအနေနဲ့လဲ အကြမ်းဖက်စစ်ကောင်စီ ပြိုကျဖို့အတွက် ဘယ်တော့မှ တွန့်ဆုတ်နေလို့မရသလို အပြောနဲ့မဟုတ်ဘဲ လက်တွေ့သက်သေပြဖို့ လိုအပ်ကာ တော်လှန်ရေး (၄)နှစ်တာကာလထဲ လက်တွေ့ သက်သေပြထားနိုင်ခဲ့တာကို တွေ့ရတဲ့အတွက် ၀မ်းသာကျေနပ်ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကြုံတွေ့နေရတဲ့ အထွေထွေအကြပ်အတည်းတွေက စစ်အာဏာရှင်ကို ထောက်တိုင်ပြုနေတဲ့ တပ်မတော်သားတွေနဲ့ သူတို့မိသားစုဝင်တွေလဲ ထပ်တူခံစားနေကြရကာ တိုင်းပြည်ရဲ့အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အဆုံးသတ်ဖယ်ရှားနိုင်ဖို့လိုတယ်လို့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မှော်ဘီလေတပ်စစ်ဆင်ရေးထဲ Dark Shadow တပ်သား (၂)ဦး ဖမိးဆီးခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 4 Views
စက်တင်ဘာလ (၁၈)ရက်။ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် ရဲဘော်တပ်သား (၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Dark Shadow ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရန်ကုန် အင်းစိန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 6 Views
စက်တင်ဘာလ (၁၈)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က အင်းစိန်မြို့ရှိ စစ်ကောင်စီရဲ့ ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

ကန့်ဘလူနယ်ထဲ စစ်ရှုံးစစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 5 Views
စက်တင်ဘာလ (၁၈)ရက်။ စစ်ရှုံးစစ်ကောင်စီဟာ ကန့်ဘလူမြို့နယ်ရှိ မလည်တိုက်နယ်ထဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ People’s Defense Comrade(PDC)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်းအချိန်ကစပြီး စစ်ရှုံးစစ်ကောင်စီဟာ တံတားဦးလေတပ်ကနေ Mi-35p တိုက်ခိုက်ရေးလေယာဉ်နဲ့
မြန်မာသတင်း

ပုသိမ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ အထူးရဲတစ်ဦးက ဓါးထိုးထွက်ပြေးကာ ရဲမှူးတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 4 Views
စက်တင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၄)နာရီအချိန်က ပုသိမ်မြို့မှာ သတင်းရဲတပ်ဖွဲ့(SB)တစ်ဦးကို ဖမ်းဆီးစစ်ဆေးချိန် ဓါးထိုးထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ပုသိမ်က SB ဇော်ကြီးကို ရန်ကုန်ကဆင်းလာတဲ့ အထူးစစ်ဆေးရေးအဖွဲ့က ၀င်ရောက်စစ်ဆေးတဲ့အချိန်
မြန်မာသတင်း

မိတ္ထီလာမြို့ရှိ စစ်ကောင်စီရဲကင်း ဖောက်ခွဲတိုက်ခိုက်ခံရ၊ ရဲ (၃)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 4 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်လမ်းဆုံရှိ စစ်ကောင်စီရဲကင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က နံနက် (၈)နာရီလောက် နန်းတော်ကုန်းလမ်းနဲ့ ကန်ပတ်လမ်း လမ်းဆုံ
မြန်မာသတင်း

တပ်ကုန်းမြို့ ချောင်းခြားရွာက လူ (၁၀၀)ကျော် အစာအဆိပ်သင့်ကာ ဆေးကုသနေရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 3 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နံနက် (၁၀)နာရီခန့်က တပ်ကုန်းမြို့ရှိ ချောင်းခြားရွာက လူဦးရေ (၁၀၀)ကျော် အစာအဆိပ်သင့်တာကြောင့် ဆေးရုံတွေမှာ ဆေးကုသတာတွေ ခံယူနေရတယ်လို့ ကူညီပေးနေသူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနေ့က အလှူရှင်တွေ လာလှူတဲ့
မြန်မာသတင်း

ထန်တလန်မြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 5 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနေ့က ညနေ (၃)နာရီနဲ့ (၄)နာရီကြားမှာ စစ်ကောင်စီတွေ အခြေချတပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို
မြန်မာသတင်း

မိုးသည်းထန်စွာရွာမှာကို မမှန်းဆမိခဲ့တဲ့အတွက် အထိအခိုက်များပြားခဲ့တာလို့ စစ်ခေါင်းဆောင် ၀န်ခံ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 12 Views
စက်တင်ဘာလ (၁၈)ရက်။ သတိပေးတာတွေရှိပေမယ့် အချိန်တိုထဲ မိုးသည်းထန်စွာ ရွာသွန်းမှာကို မမှန်းဆခဲ့မိကြတာကြောင့် အထိအခိုက် များပြားခဲ့တာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ သဘာ၀ဘေးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သဘာ၀ဘေးဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)ထဲ