နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 30 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြို့ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်‌ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသားကလေးငယ်တွေအပါအ၀င် (၈)ဦးသေဆုံးခဲ့

စက်တင်ဘာလ (၆)ရက်။

မနေ့က ည (၉)နာရီကျော်အချိန်မှာ ဖယ်ခုံမြို့ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့ည  (၉)နာရီ (၉)မိနစ်အချိန်မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဥ်နဲ့ ဗုံး (၂)လုံးလာကြဲတာပါ။ (၁)လုံးက စစ်ဘေးရှောင်အစွန်နေရာမှာ ကျပြီး နောက် (၁)လုံးက စစ်ဘေးရှောင်မိသားစုတစ်စုရဲ့ နေအိမ်ပေါ် တည့်တည့်ကျရောက်ပေါက်ကွဲတာ” လို့ PKPF က ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသား (၂)ဦးနဲ့ အမျိုးသမီး (၆)ဦး သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူတွေထဲ (၃)တန်းကနေ (၁၁)တန်းအထိ ကျောင်းတက်နေတဲ့ ကလေးငယ် (၆)ဦးပါ၀င်တယ်လို့ သိရပါတယ်။

ဘန်ကောက်စစ်ဘေးရှောင်စခန်း ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ တစ်ဦးပျောက်ဆုံးနေပြီး အရပ်သားနေအိမ် (၂၀)လုံးထက်မနည်း ထိခိုက်ပျက်စီးသွားကာ အခုတစ်ကြိမ်နဲ့ဆို (၇)ကြိမ်မြောက် ဗုံးကြဲခံရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“ ဖက်ဆစ်စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆရာမအပါအဝင် ကျောင်းသူ/သား (၈)ဦး သေဆုံးသွားပြီး ကျောင်းသူ/သားတွေ မြောက်များစွာ ဒဏ်ရာရရှိတယ်လို့ ကနဦး သတင်းရရှိထားပါတယ်။ အခုလို ရန်သူမှန်းမသိ ပြည်သူမှန်းမသိတဲ့ ဖက်ဆစ်လုပ်ရပ်ဟာ ရက်စက်လွန်းတယ်” လို့ PKPF က ပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်နေအိမ် (၁၆၇)လုံးနဲ့ လူဦးရေ (၆၆၆)ဦး နေထိုင်တဲ့နေရာဖြစ်သလို ကျောင်းသားဦးရေ (၆၉၈)ဦးရှိတဲ့ စစ်ဘေးရှောင်စခန်းတခုဖြစ်ကာ အခုအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရတာ အဆိုးဝါးဆုံးဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 34 Views
ဇွန်လ (၂၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူတာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 25 Views
ဇွန်လ (၂၈)ရက်။ ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူဆောင်ရွက်တာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဘယ်လာရုစ်နိုင်ငံကို ရောက်နေတဲ့ သင်တန်းသားတွေနဲ့
မြန်မာသတင်း

မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရောဂါတွေကို ဆေးမီတိုနဲ့သာ ကုသခွင့်ရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 25 Views
ဇွန်လ (၂၈)ရက်။ စစ်ကောင်စီက မတရားဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရောဂါတွေကို ဆေးမီးတိုနဲ့သာ ကုသခွင့်ပြုထားတယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည် ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို လုံလောက်တဲ့
မြန်မာသတင်း

အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 18 Views
ဇွန်လ (၂၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အိုးဘိုထောင်မှာ အကျဉ်းချခံထားရတဲ့ မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဒီမနက်
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးထပ်ကြဲ၊ အမျိုးသမီး (၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 32 Views
ဇွန်လ (၂၇)ရက်။ မနေ့က ည (၁၂)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ရပ်ကွက်(၇)ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံး ထပ်မံကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီက (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 27 Views
ဇွန်လ (၂၇)ရက်။ ဇွန်လ (၂၃)ရက်ကနေ (၂၅)ရက်အထိ ကန့်ဘလူမြို့ ဇီးကုန်းတိုက်နယ်ထဲရှိ ကျေးရွာတွေကို အင်အား (၁၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဲ့ဒီပူးပေါင်းစစ်ကြောင်းဟာ ဇွန်လ (၂၃)ရက်နေ့ နံနက်
မြန်မာသတင်း

EAEU ရဲ့ လေ့လာသူနိုင်ငံအနေနဲ့ ပါဝင်နိုင်အောင် ထောက်ခံပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 31 Views
ဇွန်လ (၂၇)ရက်။ မြန်မာကို ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)ရဲ့ လေ့လာသူနိုင်ငံအနေနဲ့ ပါဝင်နိုင်အောင် ထောက်ခံဆောင်ရွက်ပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေတ္တာရပ်ခံခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ EAEU ရဲ့ မိသားစုအဖွဲ့ဝင်နိုင်ငံအနေနဲ့ ပါဝင်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတာကို စစ်ခေါင်းဆောင်က မနေ့က ဘယ်လာရုစ်နိုင်ငံ
မြန်မာသတင်း

ကျောက်ကြီးမြို့မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာ (၇)ဦးထက်မနည်းသေဆုံးပြီး (၂၂)ဦး ဖမ်းမိခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 27 ရက်
  • 29 Views
ဇွန်လ (၂၇)ရက်။ မနေ့က ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦးထက်မနည်း