စက်တင်ဘာလ (၆)ရက်။
ဩဂုတ်လထဲ မူတြော်ခရိုင်တိုက်ပွဲမှာ စစ်ကောင်စီနဲ့ KNLA၊ KNDO အပါအ၀င် တော်လှန်ရေးပူးပေါင်းတပ်တွေတို့အကြား တိုက်ပွဲပေါင်း (၁၁၅)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်က (၃၅)ဦးသေဆုံးကာ (၁၃)ဦးဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်သေဆုံးတာမရှိဘူးလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တာတွေရှိခဲ့သလို သူတို့ရဲ့တပ်သားတွေအတွက် လေကြောင်းကိုသာ အားပြုပြီး ရိက္ခာပို့ဆောင်နေရတယ်လို့ ဖော်ပြထားပါတယ်။
ဩဂုတ်လထဲ စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားပြီး လက်နက်ကြီး (၂၂)လုံးခန့် ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သလို နွားတကောင် ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ရှုံးစစ်ကောင်စီဟာ လေကြောင်းကော မြေပြင်ကပါ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။