နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အထဲ အရပ်သား (၁၂)ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ MNDAA အတည်ပြုထုတ်ပြန်

စက်တင်ဘာလ (၉)ရက်။

ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က လားရှိုးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၁၂)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နံနက် (၁၀)နာရီ (၂၃)မိနစ်နဲ့ (၁၀)နာရီ (၃၀)မိနစ်ခန့်မှာ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းတပ်ဖွဲ့က လားရှိုးမြို့ လူနေရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။ လားရှိုး ရပ်ကွက် (၁)မှာ ဗုံး (၂)လုံး ကျရောက်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ကို လေကြောင်းကနေ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက်(၁)ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၁၂)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကနဦးသတင်းတွေအရ ဗုံးပေါက်ကွဲတာကြောင့် ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ထားပြီး ထိခိုက်ဆုံးရှုံးတာနဲ့ အသေအပျောက်စာရင်း အသေးစိတ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လားရှိုးမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီနဲ့ ရဲဌာနဝန်ထမ်းတွေဟာ အခင်းဖြစ်ပွားရာကို အမြန်သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

လားရှိုးမြို့ကို လေကြောင်းကနေ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် စစ်ကောင်စီဘက်က တစုံတရာ ပြောဆိုတာမရှိဘဲ အခုလိုလုပ်ရပ်ဟာ လူသားမျိုး‌နွယ်အပေါ် ရိုင်းစိုင်းတဲ့အပြုအမူလို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖြူးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး (၄)သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 19 Views
ဇွန်လ (၁၂)ရက်။ ဇွန်လ (၁၀)ရက်နေ့ ည (၉)နာရီ (၄၅)မိနစ်အချိန်က ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို
မြန်မာသတင်း

နမ္မတူမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 16 Views
ဇွန်လ (၁၂)ရက်။ ဒီကနေ့ နံနက်အစောပိုင်း (၁)နာရီကျော်အချိန်က နမ္မတူမြို့ မန်လီရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး
မြန်မာသတင်း

ပုလဲမှာ ပစ်ချခံရတဲ့ စစ်ကောင်စီ တိုက်လေယာဉ် အပျက်အစီးနဲ့ ရုပ်အလောင်းတွေကို PLA ထပ်မံထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 21 Views
ဇွန်လ (၁၁)ရက်။ ပုလဲမြို့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲထဲ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်အပျက်အစီးနဲ့ ရုပ်အလောင်းတွေကို PLA က ဒီကနေ့မှာ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပစ်ချခံရတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ ကျေးရွာတရွာထဲ ထိုးစိုက်ဆင်းသွားပြီး ပျက်စီးသွားတဲ့ လေယာဉ်အမျိုးအစားကိုတော့
မြန်မာသတင်း

ပေါက်ခေါင်းမြို့ရှိ ကျေးရွာတွေကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 22 Views
ဇွန်လ (၁၁)ရက်။ ဇွန်လ (၃)ရက်နေ့ နံနက် (၉)နာရီအချိန်က ပေါင်ခေါင်းမြို့ရှိ ကျေးရွာတွေကို မီးရှို့ပြီးထွက်လာတဲ့ အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ PPDF-၃၆၀၁တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပေါက်ခေါင်းမြို့နယ်အပိုင်ထဲက ကျေးရွာတွေကို
မြန်မာသတင်း

ဖယ်ခုံနယ်အစပ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ရေးသတိပေးချက်တွေကို လိုက်နာဖို့ ဖယ်ခုံ-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 21 Views
ဇွန်လ (၁၁)ရက်။ ဖယ်ခုံအင်းအရှေ့ခြမ်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို စစ်ကောင်စီတပ်နဲ့ PNA ပြည်သူ့စစ်တို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဖယ်ခုံ-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံနဲ့ ညောင်ရွှေထိစပ်နေတဲ့
မြန်မာသတင်း

ကျုံဒိုးမြို့နယ်ထဲ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦးသေဆုံးပြီး (၂၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 14 Views
ဇွန်လ (၁၁)ရက်။ ဇွန်လ (၉)ရက်နေ့ နေ့လယ် (၁)နာရီ (၄၅)မိနစ်အချိန်က ကျုံဒိုးမြို့ ပိုင်ရပ်ကျေးရွာထဲကို စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ‌ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်က
မြန်မာသတင်း

NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တာဝန်ကနေ အနားယူ

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 20 Views
ဇွန်လ (၁၁)ရက်။ NUG သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ဟာ တာဝန်ကနေ အနားယူသွားခဲ့တယ်လို့ ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကို မနေ့ကစပြီး ပြောရေးဆိုခွင့်ရှိသူတာဝန်ကနေ အနာယူခွင့်ပြုလိုက်တာလို့
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင်ထဲက စစ်ကောင်စီရဲ့ ပွိုင့်(၂၅၆၆) ရှေ့တန်းစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 20 Views
ဇွန်လ (၁၀)ရက်။ ဒီကနေ့ မြိတ်-ထားဝယ်ခရိုင်ထဲရှိ စစ်ကောင်စီရဲ့ အမိုနယ်စပ် (သို့မဟုတ်) ပွိုင့်(၂၅၆၆) ရှေ့တန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ အမိုနယ်စပ် (သို့) ပွိုင့်(၂၅၆၆) ရှေ့တန်းစခန်းကို မြိတ်-ထားဝယ်ခရိုင်ထဲ