အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ များကို ဖွဲ့စည်းလိုက်ကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၂ ခုနှစ် ပြည်သူ့ရဲတပ် ဖွဲ့ ဥပဒေ ပုဒ်မ ၁၄ / (ခ) အရ ကသာမြို့နယ်ပြည် သူ့ရဲတပ်ဖွဲ့ နှင့် ဒီပဲယင်းမြို့နယ် ပြည်သူ့ရဲ တပ်ဖွဲ့တို့ကို ဖွဲ့စည်းလိုက် ကြောင်း အောက်တိုဘာ ၃၁ ရက် တွင် ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို NUG အစိုးရ ပြည်ထဲရေး နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
MoeZ/Era’sEye | Photo – NUG ထုတ်ပြန်ချက်