စက်တင်ဘာလ (၁၁)ရက်။
စစ်ကောင်စီရဲ့ တန့်ဆည်မြို့မရဲစခန်းကနေ လက်နက်ခဲယမ်းတွေနဲ့ အလင်း၀င်လာတဲ့ ရဲဒုတပ်ကြပ်ကို NUG ကာကွယ်ရေး၀န်ကြီးက ကျပ် (၅၅)သိန်း ချီးမြှင့်ခဲ့တယ်လို့ MinKin-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ တန့်ဆည်မြို့မရဲစခန်းက ရဲဒုတပ်ကြပ်ဟာ ကလေးခရိုင် အမှတ်(၁၁)တပ်ရင်းဆီ ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းထဲ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
သူနဲ့အတူ G3 တစ်လက် ၊ ကျည်ဘောက် (၂)ခု၊ လက်ထိပ် (၁)ခု၊ လက်ပစ်ဗုံး (၁)လုံး၊ ၅.၅၆ ကျည် (၁)တောင့်၊ ၄.၈ ကျည် (၁)တောင့်၊ ၉ မမ ကျည် (၇)တောင့်နဲ့ ၇.၆၂ ကျည် (၁၇၃)တောင့် ပါရှိတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အလင်းဝင်လာသူကို လုံခြုံတဲ့တနေရာကို ပေးပို့ထားပြီး အခက်ခဲတွေကြားက ကူညီခေါ်ထုတ်ပေးတဲ့ Freedom Revolution Force(FRF)၊ Taze PDF (တန့်ဆည်)နဲ့ နယ်မြေခံပကဖတွေကို ကျေးဇူးတင်တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူနဲ့အတူ ပူးပေါင်းကြဖို့ MinKin-PDF က တိုက်တွန်းထားတယ်လို့ သိရပါတယ်။