မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ရဲစခန်းကို PDF မဟာမိတ် တပ်ဖွဲများ ပူးပေါင်း တိုက်ခိုက် ခဲ့ကြောင်းသိရသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲတင် စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦး သေဆုံးပြီး လက်နက် ၇ လက် ရရှိကြောင်း သိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော် က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရသည်။
ယခု တိုက်ခိုက်မှုသည် မြောင်မြို့နယ်၊ ပရိမ္မကျေးရွာရှိ မြင်းခြံခရိုင်တပ်ရင်း ၃ ၏ စခန်းကို စစ်တပ်က ဝင်စီးမှု အပေါ် လက်တုံ့ပြန်ခြင်းဖြစ် ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ က ပြောကြားထားသည်။
တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ တပ်ခွဲ၂ TTA ပျောက်ကျားတပ်(တောင်သာ)၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃၊ တပ်ခွဲ ၁ မြေလတ် PDF ၊ တပ်ခွဲ ၃ Seven Defense Force-MGN Black Tiger ၊ Scorpion People Defense Force၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ 27 Revolution Force ၊ BAGAN OGRE Force၊ Natogyi Regional Defense Force အပါအဝင် မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခြင်းဖြစ်သည်။
မိုးဇက်/Era’s Eye