နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုးသည်းထန်စွာရွာသွန်းတာကြောင့် စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာ သေဆုံးသူ (၁၉)ဦးရှိ

စက်တင်ဘာလ (၁၃)ရက်။

မိုးသည်းထန်စွာရွာသွန်းတာကြောင့် စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်နယ်မြေထဲ သေဆုံးသူ (၁၉)ဦးအထိရှိထားတယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ မနေ့က စာရင်းထုတ်ပြန်ထာချက်အရ သိရပါတယ်။

နေပြည်တော်နယ်မြေထဲ သေဆုံးသူ (၁၉)ဦးဟာ အမျိုးသား (၆)ဦးနဲ့ အမျိုးသမီး (၁၃)ဦးတို့ဖြစ်ပြီး ပျောက်ဆုံးသူတွေရှိနေတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေတွေ၀င်ရောက်လာတဲ့အတွက် ကျေးရွာတွေအပါအ၀င် နေရာပေါင်း (၃၀)ခုက ရေဘေးသင့်ပြည်သူ (၃၆၀၂)ဦးကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နေပြည်တော်မှာ ရေ၀င်ရောက်တဲ့ ကျေးရွာနဲ့ နေရာတွေဟာ တပ်ကုန်းနဲ့ မကျီးပင်အပါအ၀င် ရွာသစ်ကျေးရွာ၊ အနော်ရထာရပ်ကွက်၊ နေရောင်ပြအင်း၊ ဘဲကုန်းရွာ၊ ပုဗ္ဗ၊ ဝက်အင်းရွာ၊ အေးမြင့်သာယာ၊ စက်ကုန်းရွာ၊ တန်ပိုစုရွာ၊ ချောင်းစောက်ရွာ၊ ပေါက်တောရွာ၊ ပျဉ်းမနား၊ မအူပင်ရွာ၊ ပျဉ်းမနားသကြားစက်၊ ဘုန်းကြီးကျောင်း၊ ညောင်ပင်သာရွာ၊ သနပ်ရှေ့ရွာ၊ ကျွန်းဦးရွာ၊ ဝက်ကုန်းနဲ့ ပေါက်တောရွာတို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ပုဗ္ဗသီရိတောက်ထိန်ရွာ၊ ကင်းသာလမ်းခွဲနဲ့ ပင်လောင်းလမ်းဆုံ၊ ရွာသစ်ကျေးရွာ၊ ဘုရင့်နောင်ရပ်ကွက်နဲ့ ဘိုးဘွားရိပ်သာ၊ မကျီးပင်ကျေးရွာ၊ မကျီးပင်အုပ်စု၊ ညောင်ပင်သာရွာ၊၊ ကျီးဖြူရိုး၊ ဆင်သေ၊ ဈေးကုန်း၊ နှမ်းတော၊ သစ်ဆိမ့်ပင်၊ ဇီးဖြူပင်၊ နတ်သူရဲ၊ ပေါစံခေါရွာ၊ လယ်ဝေး၊ ဟေမာန်ကျေးရွာ၊ သစ်စိမ်းကျေးရွာနဲ့ ကွမ်းခြံကျေးရွာတို့လဲ ပါ၀င်တယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ မိုးသည်းထန်စွာ ရွာသွန်းတာ‌ကြောင့် နေပြည်တော်ရှိ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး၊ ပုဗ္ဗသီရိနဲ့ ဇေယျာသီရိ စတဲ့မြို့နယ်တွေမှာ ရေကြီးနေပြီး နိုင်ငံတ၀န်း ရေကြီးနစ်မြုပ်တာကြောင့် သေဆုံးသူ (၆၀)ကျော်ရှိတယ်လို့ စာရင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 29 Views
ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ထုတ်ပြန် မေလ (၃၀)ရက်။
မြန်မာသတင်း

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 22 Views
မေလ (၃၀)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မိုးဗြဲမြို့ထဲတနေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 21 Views
မေလ (၃၀)ရက်။ ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်နယ် (၂)ခုက ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ သင်တောရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စကစတပ်နဲ့ ပျူစောထီးတွေက ရွာပတ်ပတ်လည်နဲ့
မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်က အပစ်ရပ်ထားတဲ့အပေါ် လိုက်နာကြဖို့ဆိုပြီး တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 19 Views
မေလ (၃၀)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပစ်ရပ်ထားတဲ့အပေါ် လိုက်နာဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငလျင်အတွက် အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် ပြန်လည်ထူထောင်ရးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ စစ်တပ်က ဧပြီလ (၂)ရက်နေ့ကစပြီး
India မြန်မာသတင်း

အိန္ဒိယမှာ အထောက်အထားမရှိဘဲ ခရီးမသွားဖို့နဲ့ UN-Card အမြဲဆောင်ဖို့ သတိပေးတာတွေရှိ

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 25 Views
မေလ (၂၉)ရက်။ အိန္ဒိယမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ India for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယအကြား ပဋိပက္ခဖြစ်ပြီးနောက် တရားမဝင်နေထိုင်တဲ့
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 26 Views
မေလ (၂၉)ရက်။ မနေ့က ညနေ (၆)နာရီအချိန် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော့ကရိတ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ကနဲလေးတပ်စခန်းကို မနေ့က
မြန်မာသတင်း

မိုးကုတ်မှာ စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 15 Views
မေလ (၂၉)ရက်။ မေလ (၂၄)ရက်နေ့ ည (၁၀)နာရီအချိန်က စစ်ကောင်စီတပ်ရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)စခန်းဟောင်းအနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အရင် စစ်ကောင်စီရဲ့
မြန်မာသတင်း

တော်လှန်ရေးကာလထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 20 Views
မေလ (၂၉)ရက်။ နွေဦးတော်လှန်ရေး (၄)နှစ်တာထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့တယ်လို့ NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၀၂၄ တနှစ်ထဲမှာ တိုက်ပွဲထဲကျဆုံး ပကဖ (၂၀၀)ကျော်ရှိသလို၊ ၄