နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 20 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်း-ကယားနယ်စပ်စစ်ဆင်ရေးထဲ စစ်ကောင်စီတပ်ဖွဲ့၀င် (၃၀)ကျော်သေဆုံးပြီး (၃)ဦးဖမ်းမိခဲ့

စက်တင်ဘာလ (၁၄)ရက်။

စက်တင်ဘာလ (၅)ရကနေ့ကစပြီး (၃)ရက်တာ ရှမ်း-ကယားနယ်စပ် စစ်ဆင်ရေးထဲ စစ်ကောင်စီစိုးမိုးထားတဲ့ တပ်၊ ရဲစခန်းနဲ့ စခန်းကုန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ Loikaw Local PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီစစ်ဆင်ရေးတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က (၃၀)ကျော် သေဆုံးခဲ့ကာ စစ်ကောင်စီတပ်သား (၃)ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီဘက်က လေကြောင်းအပါအ၀င် ဒရုန်းနဲ့ လက်နက်ကြီး အများအပြား ပစ်ခတ်ခဲ့ကာ Loikaw Local PDF ဘက်က ရဲဘော် (၃)ဦး ထိခိုက်ခဲ့သလို ပူးပေါင်းတပ်တွေဘက်က ထိခိုက်ကျဆုံးတာရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို လွိုင်ကော်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(Loikaw Local PDF)အပါအ၀င် Loikaw PDF၊ KNDF၊ KNPLF နဲ့ ရှမ်းတောင်အခြေစိုက်တပ်တွေက ပူးပေါင်းဖော်ဆောင်ခဲ့တာလို့ ရေးသားထားပါတယ်။

ကရင်နီပြည်ဟာ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးဒဏ်ထိခိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခံရတာ အများဆုံးဖြစ်တဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ကရင်နီတပ်ပေါင်းစုတွေဘက်ကလဲ ကြိုးစားခုခံတွန်းလှန်နေတယ်လို့ ပြောဆိုထားပါတယ်။

ကရင်နီပြည်သူပြည်သားတွေအပါအ၀င် မြန်မာပြည်သူပြည်သားတွေ ကြုံတွေ့နေရတဲ့ ရေဘေးအန္တရာယ်ကနေ ကင်းဝေးစေဖို့ ဆုတောင်းမေတ္တာပို့သထားပြီး အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 4 Views
မေလ (၂၀)ရက်။ စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ “
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်း‌တွေဖွင့်လှစ်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 1 Views
မေလ (၂၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းတွေကို စတင်ဖွင့်လှစ်ခဲ့တယ်လို စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ ကာ/လုံအဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 10 Views
မေလ (၂၀)ရက်။ ရွေးကောက်ပွဲကျင်းပဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)ရဲ့ အဆုံးအဖြတ်နဲ့ ဆောင်ရွက်နိုင်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဥပဒေတွေကို ချိန်ထိုးကြည့်ရာမှာ ရွေးကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နိုင်တာကို တွေ့ရကြောင်း၊
မြန်မာသတင်း

ပိုင်ကျုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ မော်ဖိုးကေစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 15 Views
မေလ (၂၀)ရက်။ မနေ့က ညပိုင်းအချိန်က ဘားအံခရိုင် ‌ပိုင်ကျုံမြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ မော်ဖိုးကေစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မော်ဖိုးကေတပ်စခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးကျော်ခန့်သာရှိပြီး စတင်တိုက်ခိုက်ခံရတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်တွေကို
မြန်မာသတင်း အာရှ

တမူးမှာ ခရိုင်ပကဖအဖွဲ့ဝင်တွေ ကျဆုံးခဲ့တဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 26 Views
မေလ (၁၉)ရက်။ မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင်ပကဖအဖွဲ့ဝင် (၁၀)ဦး ကျဆုံးခဲ့ရတဲ့အပေါ် အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ “ တမူးမြို့အနီး ပကဖအဖွဲ့ဝင် (၁၀)ဦး ကျဆုံးခဲ့ရတဲ့ကိစ္စနဲ့ပက်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေအနေနဲ့
မြန်မာသတင်း

ရန်ကုန် စမ်းချောင်းမြို့ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 15 Views
မေလ (၁၉)ရက်။ ဒီကနေ့ နေ့လယ် (၁၁)နာရီ (၅၀)မိနစ်အချိန်က စမ်းချောင်းမြို့ တောင်ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ The Bloodline ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၁)နာရီ
မြန်မာသတင်း

တောင်ငူလေတပ် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီရဲ့လေယာဉ် (၃)စီး ပျက်စီးခဲ့ပြီး ဒုဗိုလ်မှူးကြီးအဆင့် (၂)ဦးအပါအဝင် (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 23 Views
မေလ (၁၉)ရက်။ စစ်ကောင်စီရဲ့ တောင်ငူရှိ ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထိခိုက်ပျက်စီးတဲ့ နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို BWM နဲ့
မြန်မာသတင်း

အမေရိကန်-တရုတ် (၂)နိုင်ငံလုံးနဲ့ အကောင်းဆုံး ထိတွေ့ဆက်ဆံသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 19 Views
မေလ (၁၉)ရက်။ အမေရိကန်-တရုတ် နှစ်နိုင်ငံလုံးနဲ့ အကောင်းဆုံး ထိတွေ့ဆက်ဆံသွားဖို့ရှိတယ်လို့ စစ်ခေါင်းဆောင်က ရုရှားနိုင်ငံ RT သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကတော့ လွတ်လပ်ပြီး တက်ကြွတဲ့