နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က လက်ယာစွန်းသွေးကြွလှုံ့ဆော်သူအား ကြိုးကိုင်နေခြင်း မဟုတ်ကြောင်း အခိုင်အမာဆို

“သူမဟာ လွတ်လပ်စွာ လုပ်ဆောင်နေသူသာ” ဖြစ်သည်ဟုဆို

စက်တင်ဘာလ (၁၅) ရက်၊ ကယ်လီဖိုးနီးယား၊ (CNN)။

နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန်သမ္မတလောင်းဖြစ်သူ သမ္မတဟောင်းထရမ့်သည် စက်တင်ဘာလ (၁၃) ရက်နေ့က လူသိများသော လက်ယာစွန်းလှုံ့ဆော်သူ လော်ရာလူမာ(Laura Loomer) သည် ၎င်း၏ ထိန်းချုပ်မှုနှင့် ကြိုးကိုင်မှုအောက်တွင် မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ သူမဟာ သူ့ဘဝကို လွတ်လပ်စွာ လုပ်ရှားနေသူသာ ဖြစ်ပြီး သူ့အား “ထောက်ခံသူ” ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် CNN သတင်းထောက်တစ်ယောက်၏ မေးခွန်းတွေကို ဖြေကြားခဲ့ပါသည်။ ထရမ့်နှင့် လူမာတို့အကြား နီးကပ်သော ဆက်ဆံရေးနှင့် ပတ်သက်၍ မကြာသေးမီ ရက်ပိုင်းအတွင်းက ထရမ့်၏ လက်ထောက် အများအပြားက စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် ထရမ့်သည် လူမာနှင့်ပတ်သက်ပြီး ယခင်ကတည်းက သူ၏ထောက်ခံသူတစ်ဦးအဖြစ် ကြာရှည်စွာ ရှိနေပြီး သူ၏မဲဆွယ်စည်းရုံးရေးကာလအတွင်း အလွန်အပြုသဘောဆောင်သောမှတ်ချက်များပေးခဲ့သည်ဟု ရှင်းပြခဲ့သည်။ ထရမ့်သည် သူမကို ချုပ်ကိုင်ခြင်း သို့မဟုတ် ခြယ်လှယ်နေခြင်း မဟုတ်ကြောင်းနှင့် သူမ ပြောချင်ရာကို လွတ်လပ်စွာ ပြောပိုင်ခွင့်ရှိကြောင်း အလေးပေးပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲအပြီး နာရီအနည်းငယ်အကြာတွင် သူသည် လူမာ၏ ပြောဆိုချက်အချို့ကို သဘောမတူကြောင်း ၎င်း၏ လူမှုကွန်ရက် Truth Social တွင် ရေးသားခဲ့သည်။ သူမနှင့် ခပ်ခွာခွာနေရန် ရည်ရွယ်ချက်ကို ထုတ်ဖော်ခဲ့သည်။ မည်သည့်ထုတ်ပြန်ချက်ကို အထူးသဘောမတူကြောင်း ၎င်းက မဖော်ပြခဲ့ပေ။ လူမာသည် အခြေအမြစ် မရှိသော တွေးခေါ်သုံးသပ်ချက် သီအိုရီများကို ကာလရှည်ကြာ ထောက်ခံအားပေးခဲ့ပြီး လူမျိုးရေးခွဲခြားသည့် အကြောင်းအရာများကို အွန်လိုင်းတွင် လွှင့်တင်ခဲ့သည်။

Truth Social တွင် ပို့စ်တစ်ခု၌ ထရမ့်က လူမာနှင့်ပတ်သက်ပြီး “သူ့ရဲ့ မဲဆွယ်စည်းရုံးရေးမှာ အလုပ်လုပ်နေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ပုဂ္ဂလိက အရပ်သားတစ်ဦးဖြစ်ပြီး သူ့ကို ကာလကြာရှည် ထောက်ခံနေသူပါ။ သူမ ပြောတာကို သဘောမတူပေမယ့် ကျွန်တော့်ကို ထောက်ခံတဲ့သူတွေ အများကြီးထဲက တစ်ယောက်ပါ၊ တခြားထောက်ခံသူတွေလိုပဲ အစွန်းရောက် လက်ဝဲဝါဒီတွေနဲ့ ဖက်ဆစ်ဝါဒီတွေက ကျွန်တော်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး ဆဲရေးတာကို ငြီးငွေ့နေတဲ့သူပါ” ဟု ရှင်းလင်းခဲ့သည်။

လူမာသည်သည် အငြင်းပွားမှုများကို ဖိတ်ခေါ်သည့် အသက်မွေးဝမ်းလမ်းကျောင်းကို လုပ်ဆောင်ခဲ့သည်။ အစွန်းရောက် လက်ယာယိမ်းအွန်လိုင်းဝေဖန်သူများကြားတွင် ထင်ရှားကျော်ကြားလာပြီး တစ်ချိန်က သူ့ကိုယ်သူ “အစ္စလာမ့်ဆန့်ကျင်ရေးဝါဒီ” ဟု ဂုဏ်ယူစွာ ခေါ်ဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် သူသည် အစ္စလာမ့်ကိုးကွယ်သူ မဟုတ်သူ မောင်းနှင်သည့် ကားအငှားဝန်ဆောင်မှုလုပ်ငန်းကိုဖန်တီးရမည်ဟုဆိုရှယ်မီဒီယာတွင်ပြောကြားခဲ့သည်။ ပြောကြားသည့် အကြောင်းရင်းမှာ အစ္စလမ္မစ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ ယာဉ်မောင်းများကို မထောက်ခံလိုခြင်းကြောင့် ဖြစ်သည်။

မနှစ်ကလည်း ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အကြမ်းဖက် တိုက်ခိုက်ခံရမှုမှာ “အတွင်းကလူရဲ့ တိုက်ခိုက်မှု” ဟု ဆိုရှယ်မီဒီယာပို့စ်တစ်ခုတွင် ၎င်းက အခိုင်အမာဆိုခဲ့သည်။

လူမာသည် ၎င်း၏မွေးရပ်ဖလော်ရီဒါပြည်နယ်မှ ကွန်ဂရက်လွှတ်တော်အတွက် နှစ်ကြိမ်တိုင်တိုင် ယှဉ်ပြိုင်ခဲ့သော်လည်း နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့သည်။

ထရမ့်နဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ဒုသမ္မတဟားရစ်တို့အကြား စကားစစ်ထိုးပွဲမတိုင်ခင် နှစ်ရက်အလိုတွင် လူမာက အိန္ဒိယက ဇာတိရင်းမြစ်ဖြစ်တဲ့ ဟားရစ်သာ အနိုင်ရရင် အိမ်ဖြူတော်က အိန္ဒိယဟင်းနံ့တွေနဲ့ နံ့နေတော့မှာပဲ” ဟု လူမာက ပြောခဲ့ပါသည်။

အဆိုပါမှတ်ချက်များနှင့် ပတ်သက်၍ မေးမြန်းသောအခါ ထရမ့်က အဲ့ဒါကို သူအခုမှ ကြားသိခဲ့ရတယ်ဟု ပြောကြားခဲ့သော်လည်း လူမာသည် “ခိုင်မာသောထင်မြင်ချက်ရှိသူ” ဖြစ်သည်ကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။

ထရမ့်၏ကိုယ်ပိုင်လေယာဉ်ဖြင့် စကားစစ်ထိုးပွဲကျင်းပသည့် ဖီလာဒဲလ်ဖီးယားမြို့သို့ သွားရာတွင် ၎င်း၏အနီးကပ်လက်ထောက်များနှင့် မိသားစုများနှင့်အတူ လူမာလည်း လိုက်ပါခဲ့သည်။ ယင်းအကြောင်းနှင့်ပတ်သက်ပြီး မေးမြန်သည့်အခါ ထရမ့်က “လေယာဉ်ပေါ်မှာ လူတွေ အများကြီးစီးလာတယ်။ အရမ်းကြီးတဲ့ လေယာဉ်ကြီးပါ” ဟု ဖြေကြားခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက