နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုသိမ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ အထူးရဲတစ်ဦးက ဓါးထိုးထွက်ပြေးကာ ရဲမှူးတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရ

စက်တင်ဘာလ (၁၈)ရက်။

ဒီကနေ့ နံနက် (၄)နာရီအချိန်က ပုသိမ်မြို့မှာ သတင်းရဲတပ်ဖွဲ့(SB)တစ်ဦးကို ဖမ်းဆီးစစ်ဆေးချိန် ဓါးထိုးထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ပုသိမ်က SB ဇော်ကြီးကို ရန်ကုန်ကဆင်းလာတဲ့ အထူးစစ်ဆေးရေးအဖွဲ့က ၀င်ရောက်စစ်ဆေးတဲ့အချိန် ထွက်ပြေးသွားတာ၊ နောက် SB မင်းမင်းကို စစ်ဆေးတဲ့အချိန် သူကလဲ ဓါးနဲ့ထိုးပြီးထွက်‌ပြေးသွားတယ်။ ဓါးထိုးခံရသူထဲ ရဲမှူးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရသွားတယ်” လို့ သတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။

သတင်းရဲတပ်ဖွဲ့(SB) မင်းမင်းဆိုသူကို ရန်ကုန်ကနေလာတဲ့ စစ်ကောင်စီလက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့က စစ်ဆေးချိန် ဓါးထိုးထွက်ပြေးတာကြောင့် ရဲမှူးတစ်ဦး သေဆုံးပြီး တစ်ဦး ပုသိမ်ဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသနေမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဓါးထိုးခံရတဲ့အထဲ စစ်ဆေးချိန်ပါ၀င်တဲ့ စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ စရဖအဖွဲ့၀င် (၂)ဦးလဲ ဒဏ်ရာရရှိခဲ့ကာ ဓါးထိုးထွက်ပြေးတဲ့ SB မင်းမင်းကြောင့် ဖမ်းဆီးခံရတဲ့ တော်လှန်ရေးရဲဘော် ရာဂဏန်းအထိရှိတယ်လို့ ဆိုပါတယ်။

အခုလဆန်းပိုင်းကစပြီး ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးနဲ့ ဒုဗိုလ်မှူးကြီးအဆင့်အပါအ၀င် အရာရှိအများအပြားကို အလွဲသုံးစားလုပ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလဲ အနောက်တောင်တိုင်းစစ်ဌာနချုပ်က G1 တစ်ဦးရဲ့နေအိမ်ကို ၀င်ရောက်ဖမ်းဆီးကာ အိမ်ခြံမြေကွက် (၁၂)ကွက်နဲ့ ကျပ်သိန်း (၁၅၀၀)ခန့်အပါအ၀င် အခေါက်ရွှေ (၄)တုံးနဲ့ KTV ဆိုင်တဆိုင်တို့ကို သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီမော့ဆိုအနောက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် တော်လှန်ရေးရဲဘော်အချို့ ထိခိုက်ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 22 Views
‌နိုဝင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်က ကရင်နီပြည် ဒီမော့ဆိုအနောက်ခြမ်းတနေရာကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား (၇)ဦး သတ်ဖြတ်ခံရပြီး (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 23 Views
‌နိုဝင်ဘာလ (၃)ရက်။ မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာနယ်ဇင်းသတင်းသမား (၇)ဦးဟာ စစ်အာဏာရှင်ရဲ့ သတ်ဖြတ်တာခံခဲ့ရတယ်လို့ ယူကေသံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကန့်ဘလူမှာ မြို့နယ်ပအဖတံဆိပ်တုံး အတုလုပ်တာနဲ့ အခွန်ငွေအလွဲသုံးစားပြုလုပ်တဲ့ အခွန်အရာရှိ (၇)ဦးကို ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 21 Views
‌နိုဝင်ဘာလ (၃)ရက်။ ကန့်ဘလူမြို့မှာ မြို့နယ်ပအဖတံဆိပ်တုံးအတုပြုလုပ်တာနဲ့ အခွန်ငွေအလဲသုံးစားပြုလုပ်မှုနဲ့ မြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်အပါအဝင် အခွန်အရာရှိ (၇)ဦးကို မြို့နယ်နဲ့ ခရိုင်ပအဖက ဖမ်းဆီးထားတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ကန့်ဘလူမြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်ဟာ Non-CDM အချုပ်သူတဦးကို အဓမ္မပြုကျင့်တာကြောင့် မုဒိန်းမှုနဲ့
မြန်မာသတင်း

“တရုတ်ဖိအားနဲ့ပြောင်းလဲသွားတဲ့တော်လှန်ရေး”

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 51 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၁၉) ခေတ်မျက်လုံးရဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်တင်ပြလာတာအခုဆိုရင် (၁၉) ကြိမ်မြောက် ရှိလာပါပြီ။ ဒီအပတ်တနင်္ဂနွေနေ့မှာ ဆွေးနွေးတင်ပြမဲ့ အကြောင်းအရာ ကတော့ နွေဦးတော်လှန်ရေးစစခြင်း တပြည်လုံး စစ်အာဏာ သိမ်းတာကို ဆန့်ကျင်တော်လှန်ကြပေမဲ့ လက်နက်ခဲယမ်း အခက်အခဲကြောင့် တော်လှန်ရေး
မြန်မာသတင်း

တလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၅၀)နီးပါး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 55 Views
နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၉)ဦး သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းပြည်ထဲ စစ်တပ်ရဲ့ လေကြောင်းအပါအဝင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးသူထဲ
မြန်မာသတင်း

ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံထားရသူ (၈၈)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 54 Views
ရွေးကောက်ပွဲ နှောင့်ယှက်သူတွေကို ဆက်လက်ဖမ်းဆီးဖို့ စစ်ကော်မရှင်ညွှန်ကြားထား ‌နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလ (၂၉)ရက်နေ့အထိ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၈၈)ဦးအထိရှိပြီလို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဟာ သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲ
မြန်မာသတင်း

တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို စစ်တပ်က အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ကြေညာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 49 Views
‌နိုဝင်ဘာလ (၁)ရက်။ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို အရေးပေါ်အခြေအနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက်ကြေညာထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို အရေးပေါ်အခြေအနေ ကြေညာတဲ့အမိန့်ကို မနေ့ကစပြီး ရက်ပေါင်း (၉၀)အထိ
မြန်မာသတင်း

ရန်ကုန်ရှိ စစ်တပ်ရဲ့ ရွှေပေါက္ကံနယ်မြေရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 36 Views
နိုဝင်ဘာလ (၁)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန် မြောက်ဥက္ကလာပမြို့ရှိ ‌စစ်တပ်လက်အောက်ခံ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၀)နာရီ (၁၇)မိနစ်အချိန်မှာ