နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေဘေးသင့်ပြည်သူတွေကို တတ်နိုင်သလောက် ပံ့ပိုးပေးမယ်လို့ စစ်ခေါင်းဆောင်ပြော

စက်တင်ဘာလ (၁၉)ရက်။

ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို ပြန်လည်ထူထောင်ဖို့ တတ်နိုင်သလောက် ပံ့ပိုးပေးသွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပျဉ်းမနားမြို့ရှိ ရေဘေးရှောင်စခန်းကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သမိုင်းတလျှောက် မိုးသည်းထန်စွာရွာသွန်းတာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်ထဲ အခုတကြိမ်က အကြီးမားဆုံးဖြစ်ပြီး (၆)လတာကာလထဲ မူလအခြေအနေပြန်ရောက်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

ရေကြီးနစ်မြုပ်တာကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်နိုင်ဖို့ တတ်နိုင်သလောက် ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

အခုနှစ်ထဲ မိုးရွာသွန်းတာ များပြားတာကြောင့် ဆည်/တာတမံတွေထဲ ရေတွေ ပြည့်၀စွာ ၀င်ရောက်နေတဲ့အတွက် လာမယ့်နွေရာသီအတွက် စိုက်ပျိုးရေကို အပြည့်အ၀ရရှိစေမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

အခုဖြစ်ပေါ်ခဲ့တဲ့ သဘာ၀ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရတာတွေကို အမြန်ဆုံးစာရင်း‌ကောက်ယူပြီး အချက်အလက်တွေ ပြုစုကာ ပျက်စီးဆုံးရှုံးတဲ့တန်ဖိုးတွေကို အပိုင်းအလိုက်သတ်မှတ်ပြီး ထောက်ပံ့တာတွေပြုလုပ်ဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

အခုအခါမှာတော့ စစ်ကောင်စီဟာ ရေဘေးသင့်ပြည်သူတွေအတွက် ပြည်တွင်း၊ ပြည်ပကနေ အလှူငွေတွေအပါအ၀င် အလှူပစ္စည်းတွေ ပါ၀င်လှူဒါန်းဖို့ နေ့စဉ်ထုတ်သတင်းစာမှာ အသိပေးကြေညာထားပါတယ်။

အခုလို အချိန်တိုထဲ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံတာတွေကို အချိန်မီ မမှန်းမိနိုင်ခဲ့တဲ့အတွက် ထိခိုက်တာတွေ များပြားခဲ့တာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၀န်ခံပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

SCEF နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 25 Views
မေလ (၁၄)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊အစိုးရတို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို
မြန်မာသတင်း

လယ်မူလားမြို့ တကူရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 28 Views
မေလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ လယ်မူလားမြို့ တကူရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဟားခါးမြို့မှာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို CDF-Hakha ဖမ်းဆီး

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 19 Views
မေလ (၁၄)ရက်။ မနေ့က ဟားခါးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟာ ဟားခါးမြို့ထဲ ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓါးပြတိုက်တာ စတဲ့
မြန်မာသတင်း

ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်နယ်ထဲက Star Link အင်တာနက်တွေ ယာယီပိတ်ထားဖို့ ရွှေဘိုခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 24 Views
မေလ (၁၄)ရက်။ ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်ထဲရှိ Star Link အင်တာနက်တွေ ယာယီပိတ်သိမ်းကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရိုင်စစ်ဌာနအနေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတာကြောင့် အရပ်ဖက်-စစ်ဖက် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ စစ်သတင်းလုံခြုံရေးစည်းကမ်းတွေကို လိုက်နာပူးပေါင်းဖို့
မြန်မာသတင်း အရှေ့တောင်အာရှ

စစ်အုပ်စု ရွေးကောက်ပွဲ အာဆီယံအဖွဲ့ထဲ အသိအမှတ်ပြုဖို့ သဘောတူညီမှုမရ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 23 Views
မေလ (၁၃)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအပါအဝင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ သံရုံးတွေကို တိုက်တွန်းတဲ့ စာတစောင် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်က ပေးပို့ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်တွန်းစာဟာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ
မြန်မာသတင်း

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်တာကြောင့် နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 38 Views
မေလ (၁၃)ရက်။ မေလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က အရူနာချားပြည်နယ်၊ Changlang ခရိုင်၊ Doimuk Nala ဒေသထဲ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က နာဂလက်နက်ကိုင်တပ်ဖွဲ့ကို ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပန်ဆောင်မြို့အခြေစိုက် နာဂလက်နက်ကိုင်တပ်ဖွဲ့(NSCN-K)(AM)စစ်တိုင်းရဲ့
မြန်မာသတင်း

KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 29 Views
မေလ (၁၃)ရက်။ KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကရင်နီပြည်သူတို့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ခွန်းရီမာန်ထူးဟာ မေလ (၁၀)ရက်နေ့ ထိုင်းဒေသစံတော်ချိန် ညနေ (၅)နာရီ
မြန်မာသတင်း

ယင်းမာပင်မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး (၁၀)ဦးခန့် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 31 Views
မေလ (၁၀)ရက်နေ့က ယင်းမာပင်မှာ စစ်တပ်ရဲ့ အင်အား(၃၀၀)ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာအမှတ်(၄၇)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်ရဲ့ တပ်မ(၃၃)နဲ့ ဘန့်ဘွေးရွာက ပျူစောထီးတွေပါတဲ့ အင်အား (၃၀၀)ကျော် စစ်ကြောင်းက