နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်က သမတရွေးကောက်ပွဲတွင် သူရှုံးနိမ့်ခဲ့ပါက ဂျူးများတွင် တာဝန်ရှိသည်ဟုဆို။

စက်တင်ဘာလ (၂၁) ရက်၊

ဒေါ်နယ်ထရန့်က သမတရွေးကောက်ပွဲတွင် သူရှုံးနိမ့်ခဲ့ပါက ဂျူးများတွင် တာဝန်ရှိသည်ဟု မဖြစ်သေးသည့် အခြေအနေအပေါ်တွင် ကြိုတင်ပြစ်တင်ခဲ့မှုကို ဟဲရစ်မဲဆွယ်ပွဲအဖွဲ့မှ ဂျူးအုပ်စုများက ထရန့်ကို ပြစ်တင်ဝေဖန်ကြသည်။ “ဒေါ်နယ်ထရန့်သည် ရှေးအကျဆုံး ဂျူးမုန်းတီးရေး လမ်းကြောင်းများကို အသုံးပြုနေသည်” ဟု သူမ၏ မဲဆွယ်စည်းရုံးရေးအဖွဲ့မှ ပြောကြားခဲ့သည်။

ဒုသမ္မတ ကင်မလာဟဲရစ်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့နှင့် ဂျူးလူမျိုး စည်းရုံးလှုံ့ဆော်ရေးအဖွဲ့များက သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ “အန္တရာယ်” ရှိသော ပြောဆိုချက်နှင့် ဂျူးမုန်းတီးရေး ပြောဆိုမှုမှတ်ချက်များတွင် သမ္မတရွေးကောက်ပွဲတွင် သူရှုံးနိမ့်ပါက ဂျူးလူမျိုး မဲဆန္ဒရှင်များကို အပြစ်ဖို့ခံရမည်ဟူသော မှတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

“ကျွန်တော် တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်းနဲ့ သိမ်မွေ့စွာ တင်ပေးပါ့မယ်၊ ဂျူးလူမျိုးတွေ ဖြစ်နေကြတဲ့ မဲဆန္ဒရှင်တွေရဲ့ မှန်ကန်တဲ့ ဆက်ဆံမှုကို ကျွန်တော် မရခဲ့ပါဘူး” ဟု ဝါရှင်တန်တွင် ကြာသပတေးနေ့ညက ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ထရန့်က ပြောကြားခဲ့သည်။ “ကျုပ်မသိနိုင်ဘူး၊ ဒီရွေးကောက်ပွဲမှာ ငါမနိုင်ရင် ဘာတွေဖြစ်သွားလဲ သိလား ဒီလိုဖြစ်လာရင် အဲဒါနဲ့ ဂျူးလူမျိုးတွေနဲ့ အများကြီး သက်ဆိုင်လိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကို မဲပေးသူက ၄၀ ရာနှုန်းပဲ ရှိတယ်။ အဲဒါက ဘာအဓိပ္ပါယ်လဲဆိုတော့ ပြည်သူတွေထဲက ၆၀% က ရန်သူကို မဲပေးတယ်။”

တုံ့ပြန်မှုက ပြင်းထန်ခဲ့သည်။

“ဒေါ်နယ်ထရန်သည် အားနည်းနေပြီး နိုဝင်ဘာလမဲရွေးပွဲတွင် အမေရိကန်အများစုက သူ့ကို ငြင်းပယ်မည့်အချက်ကို သီးမခံနိုင်သောကြောင့် စာအုပ်ထဲရှိ ရှေးအကျဆုံး ဂျူးမုန်းတီးရေး အမျိုးအစားများကို အသုံးချနေပါသည်။ သို့သော် ထိုကဲ့သို့သော စကားလုံးများသည် အန္တရာယ်ရှိသည့် အကျိုးဆက်များ ဖြစ်လာနိုင်သည်ကို ကျွန်ုပ်တို့သိပါသည်” ဟု ဟဲရစ် မဲဆွယ်စည်းရုံးရေးအဖွဲ့ အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ မော်ဂန် ဖင်ကယ်စတိန်း (Morgan Finkelstein) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က စပရင်းဖီးလ်ဒ်၊ အိုဟိုင်းယိုးပြည်နယ်မှာ သူ့ရဲ့လိမ်ညာမှုတွေနဲ့ ပတ်သက်ပြီး ထရန့်ဟာအန္တရာယ်ရှိကြောင်း သက်သေပြခဲ့သလို၊ ဘယ်လောက်ပဲ ပြဿနာတက်တက် သူ့အနေနဲ့ လူများကို ကြောက်လန့်တကြားနဲ့ ခြိမ်းခြောက်မှု လုပ်တာတွေကို လုပ်ဆောင်နေလိမ့်မယ်” ဟု ဆိုသည်။

ထရန့်နှင့် သူ့လက်တွဲဖော်ဖြစ်သည့် အိုဟိုင်းယိုးပြည်နယ်၏ အထက်လွှတ်တော်အမတ် ဂျေဒီဗင့်စ် (JD Vance) တို့သည် စပရင်းဖီးလ် (Springfield) တွင် နေထိုင်သည့် ဟေတီနိုင်ငံ (Haitian) မှ ရွှေ့ပြောင်းအလုပ်သမားအများစုဟာ အိမ်နီးချင်းများ၏ အိမ်မွေးတိရိစ္ဆာန်များကို ခိုးယူစားသောက်သည်ဟု အခြေအမြစ်မရှိသည့် စွပ်စွဲချက်ကို မကြာသေးမီရက်ပိုင်းက တွန်းအားပေးပြောကြားခဲ့ကြသည်။ “ဒီရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် ရှုံးသွားတဲ့အခါ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ နောက်ခံသမိုင်းကြောင်းမျိုးစုံက အမေရိကန်တွေဟာ သူနေ့စဉ်ခွဲခြားပြောကြားနေတဲ့ သဘောထားကွဲလွဲမှုဆိုတဲ့ စာမျက်နှာကို ကျော်လွှားပြီး စုစည်းလာကြမှာပါ” ဟု ဖင်ကယ်စတိန်းက ထပ်လောင်းပြောကြားခဲ့သည်။

ဟားရစ်၏ခင်ပွန်း ဒေါ့အမ်းဟော့ဖ် (Doug Emhoff) ကိုယ်တိုင်သည်လည်း ဂျူးလူမျိုးတယောက်ဖြစ်ပြီး သူက ဂျူးအမေရိကန်များသည် ထရန့်၏ တိုက်ခိုက်မှုကြောင့် ကြောက်ရွံ့သွားမည် မဟုတ်ကြောင်းသောကြာနေ့က X တွင် ရေးသားခဲ့သည်။ “မနေ့ညက ဒေါ်နယ်ထရန့်က ဂျူးတွေကို အပြစ်တင်ပြီး လိမ်လည်လှည့်ဖြားတဲ့ ဂျူးတွေကို လူကုန်ကူးခြင်းအားဖြင့် ဂျူးတွေကို ဆန့်ကျင်တဲ့ ဆန့်ကျင်ရေးမီးတောက်ကို တစ်ကြိမ်ထပ်ပြီး လှုံ့ဆော်ခဲ့ပါတယ်။ သူက ဂျူးတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရည်ရွယ်တဲ့ အဖြစ်အပျက်တစ်ခုတောင် လုပ်ခဲ့တယ်” ဟု အမ်းဟော့ဖ်က ရေးသားခဲ့သည်။ “ဒါက အန္တရာယ်များပြီး ရှုံ့ချရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ခြိမ်းခြောက်ခြင်းခံမှာ မဟုတ်ပါဘူး၊ ဂျူးတွေအဖြစ် ပွင့်ပွင့်လင်းလင်း၊ ဂုဏ်ယူဝံ့ကြွားစွာနဲ့ အကြောက်တရားကင်းကင်းနဲ့ ဆက်လက်နေထိုင်သွားမှာ ဖြစ်ပါတယ်။” ဘက်မလိုက်သော ဂျူးထောက်ခံ အားပေးရေးအဖွဲ့များသည် ဒေါ်နယ်ထရန့်၏ မှတ်ချက်အပေါ် ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြသည်။

“ဂျူးအသိုက်အဝန်းအများစုက မဲပေးသူတိုင်း၊ အမေရိကန်လူဦးရေ၏ ၂ ရာခိုင်နှုန်းခန့်ရှိသော ဂျူးများကို ရွေးကောက်ပွဲရလဒ်အတွက် အပြစ်တင်ခြင်း မပြုသင့်ပါ” ဟု အမေရိကန်ဂျူးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ‘ဂျူးတွေကြောင့် ငါတို့ မဲရှုံးခဲ့ရတယ်’ လို့ သတ်မှတ်သူ ဘယ်သူမဆိုဟာ ဒေါသထွက်စရာကောင်းပြီး အန္တရာယ်များပါတယ်။ ဂျူးတွေကို မုန်းတီးမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်တဲ့ အကြမ်းဖက်မှုတွေဆီကို ဦးတည်သွားစေနိုင်တယ်လို့ နှစ်ထောင်ပေါင်းများစွာ သမိုင်းကသက်သေ ပြသခဲ့ပါတယ်”ဟု ဆိုသည်။

ဂျူးမဲဆန္ဒရှင်အချို့သည် ဟဲရစ်ကို မဲပေးမည်ဖြစ်ပြီး အချို့က ထရန့်ကို မဲပေးမည်ဖြစ်ကြောင်း AJC မှပြောကြားခဲ့ပြီး “ကျွန်ုပ်တို့ထဲမှ သူများက သမတလောင်းကို မဲပေးရွေးချယ်ကြတာဖြစ်ပြီး ဘယ်သူ တဦးတယောက်ကမှ ရန်သူကို မဲပေးတယ်လို့ မှတ်ယူမိကြမှာ မဟုတ်ပါဘူး” အသရေဖျက်မှု တိုက်ဖျက်ရေးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဂျိုနသန် ဂရင်းဘလတ်(Jonathan Greenblat) က လူမှုမီဒီယာတွင် ရေးသားခဲ့ရာတွင် ထရန့်၏မှတ်ချက်များသည် သူပြောကြားနေသည့် ဂျူးဆန့်ကျင်ရေး ပညာပေးအခန်းအနားတွက် ဆန့်ကျင်ဖက်အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ပြီး အမေရိကန်ဂျူးများအတွက် ဆိုးဝါးမှုကိုဖြစ်စေသည်ဟု ရေးသားခဲ့သည်။

“မင်းရဲ့ ဖြစ်နိုင်ချေရှိတဲ့ ရွေးကောက်ပွဲမှာ ရှုံးနိုင်ခြေရှိနေတာကို အမေရိကန်ဂျူးတွေအပေါ် ဒီရှုံးနိမ့်မှုအတွက် ကြိုတင်အပြစ်တင်တာဟာ အမေရိကန်ဂျူးတွေကို ကူညီရာ လုံးဝမရောက်ပါဘူး။ လက်ယာအစွန်းရောက်တွေနဲ့ လက်ဝဲဂျူးဆန့်ကျင်ရေးသမားတွေက ဂျူးတွေကို မကောင်းဆိုးဝါးတွေအဖြစ် ဆဲဆိုသွားပုတ်လေလွင့်စကားတွေ ဆက်လက်လုပ်ဆောင်နေတာတွေကို တိုးလုပ်ဆောင်လာအောင် အားပေးလိုက်တာဖြစ်တယ်လို့ ဂရင်းဘလတ် (Greenblat) က ရေးသားပြီး “ရှင်းပါတယ်၊ ဒီမိန့်ခွန်းက ပိုပြီး ရန်လိုမုန်းတီးမှုတွေ ဖြစ်ပေါ်စေပြီး ဆိုးရွားတဲ့ အခြေအနေတွေကို ပိုဆိုးသွားစေနိုင်ပါတယ်” ဟု သူကဆိုသည်။ တိုးတက်သော ဂျူးလူမျိုးများရေးရာကောင်စီကို ဦးဆောင်သူ အေမီ စပယ်တယ်နစ်ခ် (Amy Spitalnick) သည် ထရန့်၏ မှတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချသည့် ပြောဆိုမှုတွင် ပါဝင်ရန် လူများကို ပိုမိုအားပေး တိုက်တွန်းခဲ့သည်။

“မနေ့ညက၊ ထရန့်က ဂျူးတွေကို ‘အရူး’ နဲ့ ‘သစ္စာမဲ့သူ’ ဆိုပြီး လနဲ့ချီကြာအောင် ခေါ်ဆိုပြီးနောက် သူ့ရဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်နိုင်မှုအတွက် ဂျူးတွေကို ကြိုတင်အပြစ်တင်ခဲ့ပါတယ်။ ဒီလို ဆန့်ကျင်ပြောဆိုလိုက်တာဟာ ပါတီစွဲနိုင်ငံရေးနဲ့ ပတ်သက်တာ မဟုတ်ဘူး၊ အခြေခံ ဂျူးတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်တယ်” ဟု စပယ်တယ်နစ်ခ်က ရေးသားခဲ့သည်။ “ဒီလိုပြောဆိုမှုတွေကို ဆန့်ကျင်ပြောဆိုဖို့ လိုအပ်တယ်” ဟု သူမက ဆိုသည်။

ထရန့်သည် လက်ယာနိုင်ငံရေး တချို့ထံမှထောက်ခံမှုတချို့ကို ရရှိခဲ့သည်။ ထရန့်ကို ထောက်ခံသည့် အဓိက ဂျူးနိုင်ငံရေးအုပ်စုဖြစ်သည့် ရီပတ်ပလီကင် ဂျူးညွန့်ပေါင်းအဖွဲ့ (Republican Jewish Coalition) က ဂျူးဘာသာရေးကို ဆန့်ကျင်မှုကို ကာကွယ်တိုက်ဖျက်သည့် သူ၏မှတ်ချက်အတွက် ထရန့်ကို ချီးကျူးခဲ့ပါတယ်။ အဖွဲ့အစည်း၏ အမှုဆောင်အရာရှိဖြစ်သူ မတ်ဘရုတ်စ် (Matt Brooks) က ABC သတင်းတွင် ဂျူးမဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ မှတ်ချက်များသည် ဂျူးမဲဆန္ဒရှင်များကို လှုံ့ဆော်ပေးသည်ဟု ထင်ကြောင်း၊ ဒီမိုကရက်တစ်များ၏ ပြောကြားချက်များသည် အခြားနည်းဖြင့် လှည့်စားခြင်းဖြစ်သည်ဟု သူထင်ကြောင်း ဖုန်းအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ဒါက ဘာလဲဆိုတော့ သမ္မတက ဂျူးအသိုက်အဝန်းကို လှုံ့ဆော်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဘရုတ်စ် ပြောကြားပြီး အမေရိကတွင် ဂျူးဘာသာကိုးကွယ်ယုံကြည်မှုကို ဆန့်ကျင်မှုတိုးပွားလာခြင်းကြောင့် အမေရိကန်ဂျူးများအတွက် နေထိုင်ရမှုတွင် ဘေးကင်းသည်ဟု မခံစားရခြင်းကို ထရန့်မှ “ထိုအချက်ကို သတိပြုမိလာခဲ့သည်” ဟုလည်း ဘရုတ်စ်က ပြောကြားခဲ့သည်။ (ဥပမာတစ်ခုအနေနဲ့ ကောလိပ်ကျောင်းတွေမှာ ဂျူးကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုကို ဘရုတ်စ်က ထောက်ပြထားပါတယ်။) “ထရမ့်က ဂျူးအသိုင်းအဝိုင်းအတွက် အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေ အများကြီးလုပ်ပေးခဲ့တာကို ရှောင်လွှဲဖို့ ဒါဟာ လုံးဝကို အာရုံထွေပြားမှုတစ်ခုပါပဲ” ဟု ဘရုတ်စ်က ပြောကြားခဲ့သည်။

သူက အကြိတ်အနယ်ယှဉ်ပြိုင်ရမဲ့ ပြည်နယ်တွေမှာ ရွေးကောက်ပွဲမဲတွေဟာ အရမ်းကို ကပ်နေမှာဖြစ်လို့ ဒါကို ထရန့်က ရည်ညွှန်းပြနေတာဖြစ်ပြီး မဲတွေက တဦးနဲ့တဦး အလွန်နီးကပ်နေမှာဖြစ်လို့ အကယ်၍ “ဂျူးတွေပေးတဲ့မဲတွေ က သူ့မျက်နှာသာမရရင် သူ့အတွက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်နိုင်မှာ ဖြစ်တယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 85 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက