နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၈)လတာထဲ အကျဉ်းထောင်တွေမှာ ဆေးဝါးမလုံလောက်တာကြောင့် နိုင်/ကျဉ်းအပါအဝင် (၁၂)ဦးသေဆုံးခဲ့

အောက်တိုဘာလ (၁)ရက်။

အခုနှစ် (၈)လတာကာလထဲ အကျဉ်းထောင်တွေမှာ ဆေးဝါးလုံလောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် (၁၂)ဦး သေဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အကျဉ်းထောင်တွေထဲ ဆေးဝါးလုံလောက်စွာ မရရှိတာကြောင့် ဇန်နဝါရီလ (၁)ရက်ကနေ စက်တင်ဘာလ (၃၀)ရက်အထိ သေဆုံးခဲ့ရသူ (၁၂)ဦးဟာ နိုင်ငံရေးအကျဉ်းသား (၉)ဦးနဲ့ အကျဉ်းသူ (၂)ဦးအပြင် CDM ရဲဝန်ထမ်းတစ်ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ စစ်ကြောရေးကနေ ရရှိလာတဲ့ အတွင်းဒဏ်ရာတွေကြောင့် အပါအ၀င် အသည်းရောဂါ၊ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတိုးရောဂါ၊ ရင်ကြပ်ရောဂါနဲ့ ဆရာဝန်ပေါ့လျှော့တာတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာလို့ ဖော်ပြထားပါတယ်။

ဆေးဝါးစောင့်ရှောက်ခွင့် လုံလောက်စွာမရရှိတာကြောင့် သေဆုံးတာတွေရှိခဲ့တဲ့ အကျဉ်းထောင်တွေဟာ အင်းစိန်ထောင်၊ မန္တလေးအိုးဘို‌ထောင်၊ ကျိုက်မရောထောင်၊ ကလေးထောင်၊ မကွေးထောင်၊ ဒိုက်ဦးထောင်၊ သရက်ထောင်နဲ့ သထုံထောင်တို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ထောင်ထဲမှာ သေဆုံးခဲ့ရသူ အများအပြားရှိနေတဲ့ မြန်မာပြည်က အကျဉ်းထောင်တွေဟာ ရှေ့တန်းစစ်မြေပြင်လိုမျိုး ခေါင်းစဉ်အမျိုးမျိုးနဲ့ သတ်ဖြတ်ခံနေရတာဖြစ်တယ်လို့ PPNM က ပြောဆိုထားပါတယ်။

ဒါ့အပြင် ဆေးဝါးမလုံလောက်တာနဲ့ ဆရာဝန်မလုံလောက်တာကြောင့် ထောင်ဆေးရုံတွေမှာလဲ နိုင်ငံရေးအကျဉ်းသားတွေ မသေဆုံးခင် ယာယီထားတဲ့ နေရာတွေအဖြစ်သာ ဆက်ရှိနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်သူ (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 20 Views
အောက်တိုဘာလ (၂၅)ရက်။ ရန်ကုန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူငယ် (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေပြည်သာသပိတ်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

SpaceX မှ မြန်မာ လိမ်လည်မှုစခန်းများ အသုံးပြုနေသော Starlink ကိရိယာ ထောင်ပေါင်း များစွာကို အသုံးပြု၍မရအောင် ပိတ်ဆို့လိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 49 Views
CNN – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် အီလွန် မတ်စ် (Elon Musk) ဦးဆောင်သည့်
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပေါ် အထူးစိုးရိမ်တယ်လို့ KIO ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 49 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အခုနှစ်ကုန် ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် အထူးစိုးရိမ်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲပြုလုပ်ဖို့
မြန်မာသတင်း

PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်မရဘူးလို့ သတင်းထွက်ပေါ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 40 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ‌ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဝင်ပြိုင်ခွင့်မရဘူးဆိုပြီး ‌သတင်းတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)မှာ ဝင်ပြိုင်ဖို့ရှိနေပေမယ့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အမည်စာရင်းမှာ ပါဝင်လာတာမရှိဘူးလို့ ဆိုပါတယ်။ အခုလို
မြန်မာသတင်း

ကျားဖြန့်‌(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 25 Views
အောက်တိုဘာလ (၂၅)ရက်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်တဲ့ဖြစ်စဉ်တွေဟာ ဒေသထဲပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်၊ ယုတ်လျော့စေရုံသာမက ဦးစီးလုပ်ကိုင်သူတွေဟာ လူဆိုးဂိုဏ်းကြီးတွေအနေနဲ့ ကြီးထွားလာပြီး နိုင်ငံတကာအသိုက်အဝိုင်းရဲ့ အကျိုးစီးပွားကိုပါ ထိပါးလာတယ်လို့
မြန်မာသတင်း

ရေကြည်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးသူငယ်နဲ့ စစ်ဘေးရှောင်တွေအပါအဝင် ပြည်သူ (၂၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 29 Views
အောက်တိုဘာလ (၂၅)ရက်။ မနေ့က ရေကြည်မြို့ စပြင်ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံးအပါအဝင် ဗုံး(၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မနေ့က စပြင်ရွာကို နံနက်(၁၁)နာရီခွဲမှာ ပေါင်(၅၀၀)ဗုံး (၂)လုံးနဲ့
မြန်မာသတင်း

CDF-Kanpetlet စစ်ဦးစီးချုပ် မင်္ဂလာ‌ဆောင် ဗုံးကြဲခံရပြီး ထိခိုက်သေဆုံးသူ အများအပြားရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 24 Views
အောက်တိုဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က ကန်ပက်လက်မြို့မှာ CDF-Kanpetlet စစ်ဦးစီးချုပ်ရဲ့ မင်္ဂလာဆောင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ CDF-Kanpetlet ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းရဲ့ မင်္ဂလာဆောင်ကျင်းပတဲ့နေရာကို
မြန်မာသတင်း

အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတာကို အဆုံးသတ်ဖို့ JFM တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 23 Views
အောက်တိုဘာလ (၂၄)ရက်။ အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတာကို အဆုံးဖြတ်ဖို့ Justice for Myanmar(JFM)က (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲ စစ်အုပ်စုရဲ့ မှားယွင်းတဲ့ နိုင်ငံရေးတရားဝင်မှု ဖန်တီးဖို့အတွက်