အဆိုတော် ပိုပို နဲ့ ဗျူးတီးဘလော့ဂါ ဝင်းမင်းသန်းတို့ ကို စစ်ကောင်စီ က ဒီနေ့ အောက်တိုဘာ (၂၈) ရက် ညပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
အကြမ်းဖက် စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပြည်သူတွေဟာ ဒီလိုအဓမ္မ အာဏာသိမ်းတာကို မကျေနပ်ကြတဲ့အတွက် ဆန္ဒထုတ်ဖော် ခဲ့ကြတဲ့အထဲမှာ အနုပညာ့ရှင် တေးသံရှင်တွေ အပါအဝင်ဖြစ်ပါတယ်။ ဒီအထဲက မှ ဆိုရှယ် မီဒီယာ လူမှုကွန်ရက်မှာ နာမည်ကျော်တဲ့ ဗျူးတီးဘလော့ဂါ ဝင်းမင်းသန်း နဲ့ အဆိုတော် ပိုပိုတို့လည်း စစ်ကောင်စီကို ဆန့်ကျင် တဲ့အထဲမှာ ပါဝင်ခဲ့ကြပါတယ်။
အဲဒီအတွက် စစ်ကောင်စီက သူတို့ကို ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးပြီး ထောင် ၃ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။ ၎င်းတို့ကို ဖမ်းဆီးချိန်က စလို့ ထောင်ထဲမှာ ၁ နှစ်နဲ့ ၆ လ ကြာမြင့်ခဲ့ပါတယ်။ ပြန်လည်လွှတ်ပေးတဲ့ ကိစ္စကို တော့ စစ်ကောင်စီဘက်က ထုတ်ပြန်လာခြင်းမရှိသေးပါ။