နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုတလင်မှာ စစ်ကောင်စီစစ်ကြောင်းတခုလုံးကို ချေမှုန်းခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ဒေသခံတွေက အောင်သပြေနဲ့ကြိုဆို

အောက်တိုဘာလ (၃)ရက်။

ဘုတလင်မြို့၊ ကူတော်ရွာကထွက်လာတဲ့ အင်အား (၈၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပြုတ်အောင် ချေမှုန်းနိုင်ခဲ့တာမှာ ပါဝင်ခဲ့တဲ့ ULF စစ်ကြောင်းက ရဲဘော်တွေနဲ့ 96 soldier(အညာတပ်ခွဲ)က အောင်ပွဲရရဲဘော်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ ULF စစ်ကြောင်းနဲ့အတူ K2 Revolution Force၊ SAF(ကျောင်းသားလက်ရုံးတပ်တော်)၊ မုံရွာခရိုင် တပ်ရင်း (၂၀)၊ ဘုတလင်ပကဖနဲ့ ဘုတလင်မိုဘိုင်းတပ်ဖွဲ့တွေက ချေမှုန်းရေးအဖွဲ့တွေအနေနဲ့ ပါဝင်ခဲ့ပြီး Chindwin Galone Yarzar၊ B 21 PDF၊ ကနီပကဖ၊ ဗျူဟာ(၄၇)၊ Chindwin Brother၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗိုလ်ဆံရှည်နဲ့ အမိမြေ Drone တပ်ဖွဲ့တို့က ပူးပေါင်းပါဝင်ခဲ့တာပါ။

ထိုးစစ်ဆင်ဝင်ရောက်နေချိန်ကလဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ (၁၂)ကြိမ်ပြုလုပ်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်တခုဖြစ်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က ဟောင်ဝှစ်ဇာနဲ့ (၃)ကြိမ် ထပ်မံပစ်ကူ ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ (၃၀)ရက်နေ့က ကူတော်ရွာရဲကင်းစန်းကနေ ဘုတလင်ကိုပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးကျော်တင့် ခမရ(၁၀၆)ဦးဆောင်တဲ့ ခမရ(၃၀၉၊ ၁၆)၊ ခလရ(၂၂၉)နဲ့ နမခတိုင်းလက်အောက်ခံတွေပါတဲ့ အင်အား (၈၅)ဦးပါ စစ်ကြောင်းဟာ စီပါရွာအနောက်တောင်ဘက်မှာ စောင့်ကြိုတိုက်ခိုက်ခံခဲ့ရတာပါ။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၃၃)ဦးသေဆုံးပြီး လက်နက်ချအညံ့ခံတာကြောင့် ဗိုလ်ကြီး (၂)ဦးပါ စစ်သုံ့ပန်း (၄၃)ဦး ဖမ်းမိခဲ့တဲ့အပြင် လက်နက်မျိုးစုံ (၅၆)လက်နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 19 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 18 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 22 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 27 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 27 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 37 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာထဲ ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စကစဘက်က (၂)ဦးသေပြီး