မြေပြင်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေကို မယှဉ်နိုင်ပဲ လေကြောင်း ပစ်ကူ နှင့် ဖိတိုက်နေတဲ့ စစ်တပ်အတွက် ရုရှားဘက်က SU-30 မောင်းနှင်တဲ့ တိုက်လေယာဉ်မှူးတွေပါ ရောက်ရှိနေတာဖြစ်ပြီး စစ်ကောင်စီရဲ့ လေတပ်ကို ကူညီ သင်ကြားပြကြပေးနေတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုတွေပိုလုပ်နိုင်အောင် ရုရှားလေယာဉ်မှူးတွေနဲ့ လေ့ကျင့်နေတာဖြစ်ပြီး စစ်ပွဲမဟာဗျူဟာ ပြောင်းကာ တိုက်ခိုက်တော့မှာဖြစ်ကြောင်း တပ်တွင်းဖရဲသီးတွေက သတင်းပေးပါတယ်။ ပြောင်းလဲမယ့် မဟာဗျူဟာကတော့ လေယာဉ်နဲ့ ပထမဆုံး ပစ်ခတ်ဝင်ရောက်ပြီး ကြည်းတပ်များက လုံးထွေးကာ နောက်က ဝင်ရောက်တိုက်ခိုက်ခြင်း ပုံစံသစ် ဗျူဟာပြောင်းလဲတိုက်ခိုက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။