နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း အမေရိကန်

မြန်မာနိုင်ငံက ရဲစွမ်းသတ္တိရှိတဲ့ ဆရာ/ဆရာမတွေကို ဂုဏ်ပြုတယ်လို့ အမေရိကန်သံရုံး ထုတ်ပြန်

အောက်တိုဘာလ (၅)ရက်။

မြန်မာနိုင်ငံက ရဲစွမ်းသတ္တိရှိတဲ့ ဆရာ/ဆရာမတွေကို ဂုဏ်ပြုတယ်လို့ ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့ဆရာမျာနေ့မှာ ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဆရာ/ဆရာမတွေရဲ့ ကရုဏာနဲ့ လုံ့လစိုက်ထုတ်တာတွေဟာ သူတို့နေထိုင်ရာ အဝင်းအဝိုင်းရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်နေတယ်လို့ ‌ဆိုပါတယ်။

ကြိမ်ဖန်များစွာ အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ရင်ဆိုင်နေရတဲ့ကြားက ဆရာ/ဆရာမတွေဟာ အနာဂတ်မျိုးဆက်သစ်တွေကို ဆက်လက် အားပေး၊ ညွှန်ပြ၊ ပညာသင်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတဝန်း ထိခိုက်လွယ်တဲ့ ကလေးငယ်တွေရဲ့ ပညာရေးလိုအင်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆရာ/ဆရာမပေါင်း (၂၂၀၀၀)ကျော်အတွက် အကူအညီဖြစ်စေမယ့် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အရင်းအမြစ်တွေကို ဂုဏ်ယူစွာ ပံပိုးပေးနေတယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းနေတာကြောင့် နိုင်ငံရေးမငြိမ်မသက်တာတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံဟာ ချိနဲ့ယိုယွင်းလာနေပါတယ်။

နောက်ပြီး စစ်တပ်ရဲ့ အရပ်သားတွေအပါအဝင် စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကြောင့် ဆရာ/ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ အစုလိုက်အပြုံလိုက် သေဆုံးရတာတွေလဲ ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

နယူးယောက်မှ စီအက်တဲလ်နှင့် ဒီစီအထိ ဒီမိုကရက်တစ် ဆိုရှယ်လစ် ခေါင်းဆောင်များကို မြို့ကြီးများက ပိုမိုရွေးချယ်လာကြ

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 66 Views
CNN – ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ရက် အမေရိကန်ပြည်ထောင်စု၏ အဓိက မြို့ကြီးများတွင် အိမ်ရာနှင့် ကလေးသူငယ် စောင့်ရှောက်ရေး ကုန်ကျစရိတ်များကို
မြန်မာသတင်း

ရန်ကုန်တိုင်းစစ်ဌာနနယ်မြေရှိ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲဝင် (၁၃၀)နီးပါး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 23 Views
ဇွန်လ (၂၀)ရက်။ အခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကနေ မေလကုန်အထိ ရန်ကုန်တိုင်းစစ်ဌာန်မြေထဲ တိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်တဲ့အနေနဲ့ (၂)ကြိမ်၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ (၂)ကြိမ်နဲ့
မြန်မာသတင်း

ရေစကြိုမှာ တပ်ပြန် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 23 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၈)ရက်နေ့ နံနက်အစောပိုင်းက ရေစကြိုမှာ တပ်ပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို ရေစကြိုမြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေစကြိုတပ်ဆီပြန်လာတဲ့ ခွေးစစ်ကြောင်းကို ပကဖရဲဘော်တွေက အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာ။ အဲ့ဒီတိုက်ပွဲက (၁)နာရီနီးပါးကြာတယ်။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေက ကရင်နီတော်လှန်ရေးကို ချိနဲ့သွားဖို့ လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 24 Views
ဇွန်လ (၂၀)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးကို ချိနဲ့သွားစေဖို့ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ (၁၅၁)နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ KNPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ မတရားဖိနှိပ်တာနဲ့ စစ်ဆင်ရေးတွေကြောင့် ကရင်နီပြည်သူတွေဟာ ရပ်ရွာနဲ့ အိုးအိမ်တွေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 18 Views
ဇွန်လ (၂၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေယ်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ဖို့ စစ်အုပ်စု နည်းလမ်းပေါင်းစုံ ကြိုးပမ်းနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာ စစ်အုပ်စုက လူထုခေါင်းဆောင်ရဲ့ ကျန်းမာရေးနဲ့ လက်တွေ့
မြန်မာသတင်း

ရဲဘော်/ရဲမေ (၉)ဦးကို တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ကြေညာ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 20 Views
ဇွန်လ (၂၀)ရက်။ ရဲဘော်/ရဲမေ (၉)ဦးကို ‌တပ်ပြေးတွေအနေနဲ့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ သူတို့ဟာ တပ်ရင်းမှာ တာဝန်ထန်းဆောင်နေချိန် တရားဝင်နှုတ်ထွက်ခွင့် တင်ပြလာတာမရှိဘဲ သူတို့သဘောဆန္ဒနဲ့ တပ်ပြေးသွားတာလို့ ဆိုပါတယ်။ တပ်ပြေးအနေနဲ့ ကြေညာခံရသူတွေဟာ နေလင်းအောင်၊
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိကြောင်း အမေရိကန်ပြောကြား၊ လက်ဘနွန်တွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားကြောင်း သတင်းရရှိ

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက် အစ္စရေး၏ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ဘနွန်တောင်ပိုင်းတွင် လူ ၄၇ ဦး သေဆုံးခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဇဘိုလာတို့သည် အပစ်အခတ်ရပ်စဲရေး အတွက် သဘောတူညီခဲ့ကြကြောင်း