အောက်တိုဘာလ (၅)ရက်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်က ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအထွေထွေညီလာခံမှာ တောင်းဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က ပြင်ဆင်နေတဲ့ ဘယ်လိုရွေးကောက်ပွဲမဆို လွတ်လပ်မျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ပြဿနာကို ဖြေရှင်းနည်းမဟုတ်ဘဲ ပဋိပက္ခတွေကို ပိုမိုကြာမြင့်စေပြီး တိုက်ခိုက်တာတွေကိုသာ တိုးပွားစေမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်သူတွေရဲ့ ရပ်တည်ချက်ဟာ ခိုင်မာပြီး ပြည်သူတွေနဲ့အတူ စစ်တပ်က ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လူမှုရေးအကာအကွယ်ပေးဖို့အတွက် အာရုံစိုက်ရမယ့်အစား စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရန်စွယ်ကနေ အကာအကွယ်ပေးဖို့အတွက် ကူညီပေးဖို့ တောင်းဆိုနေရတယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေရဲ့ အဓိကဇစ်မြစ်ဟာ စစ်အာဏာရှင်စနစ်နဲ့ တရားမဝင် စစ်အာဏာသိမ်းဖို့ ကြိုးပမ်းတာဖြစ်ပြီး ဇစ်မြစ်ကို ဖြေရှင်းဖို့ နိုင်ငံတကာအနေနဲ့ အရေးယူတာတွေကို မြှင့်တင်ဆောင်ရွင်ပေးဖို့ကိုလဲ တောင်းဆိုထားတယ်လို့ သိရပါတယ်။