နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အား ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် မြို့တော်တွင် လူထုစုဝေးပွဲကျင်းပပြီး အီလွန်မတ်လာရောက်ပြီး ထရန့်အား ထောက်ခံမိန့်ခွန်းပြော

အောက်တိုဘာလ (၆) ရက်။

ရီပတ်ဘလစ်ကန်သမ္မတလောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ဇူလိုင်လက လုပ်ကြံခံခဲ့ရသည့်နေရာဖြစ်သည့် ပဲန်စီလ်ဘေးနီးယားပြည်နယ် ဘတ်တလာတွင် အောက်တိုဘာလ ၅ ရက်နေ့တွင် စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ သမ္မတထရန့်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်က ရီပတ်ဘလစ်ကန်ကို ထောက်ခံသည့်အနေနှင့် ထရန့်ကို မဲပေးရန် တောင်းဆိုပြီး ဒီမိုကရက်တစ်ပါတီကို ဒီမိုကရေစီကို ခြိမ်းခြောက်နေသည်ဟု တံဆိပ်တပ်လိုက်သည်။

ထရန့်သည် ပစ်ခတ်မှုအပြီးတွင် ဘတ်တလာကို ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ ၁၂ ပတ်လောက်က ဒီနေရာလေးမှာ ရက်စက်တဲ့ လုပ်ကြံသတ်ဖြတ်သူဟာ ကျွန်တော့်ကို နှုတ်ပိတ်ပြီး ကျွန်တော့်ရဲ့လှုပ်ရှားမှုတွေကို နှုတ်ပိတ်ဖို့ ကြိုးစားခဲ့ပါတယ်” ဟု ၎င်းက မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာတွင် ပစ်သတ်ခံခဲ့ရသော မီးသတ်သမားဟောင်းအား ဝမ်းနည်းကြောင်းနှင့် သမ္မတကို ကာကွယ်စောင့်ရှောက်ပေးသည့် Secret Service ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ရှစ်နှစ်တာ ကာလအတွင်း အတိုက်အခံများ၏ တံတိုင်းခတ်ခြင်းကို ခံခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။ “သူတို့က ကျွန်တော့်ကို ဆဲရေးတာ၊ စွပ်စွဲတာ၊ တရားစွဲတာ၊ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ဖယ်ထုတ်ဖို့ ကြိုးစားတယ်။ ကျွန်တော့်ကို သတ်ဖို့တောင် ကြိုးစားတယ်” ဟု ၎င်းက သက်သေမပါဘယ် ပြောကြားခဲ့သည်။

“ဒါပေမဲ့ ကျွန်တော်ဟာ ခင်ဗျားတို့အားလုံးအတွက် တိုက်ပွဲကို ဘယ်တုန်းကမှ မရပ်ခဲ့ဘူး၊ နောက်လည်း ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး။”

မဲဆန္ဒရှင်များအား ထောက်ခံအားပေးသည့် မိန့်ခွန်းတွင် အီလွန်မတ်စ်က မဲပေးရန် မှတ်ပုံတင်ရန် နောက်ဆုံးရက် နီးကပ်လာသည်နှင့်အမျှ လူများကို မှတ်ပုံတင်ရန် တောင်းဆိုခဲ့ပြီး “ မဲမပေးဘူးဆိုရင် ဒီရွေးကောက်ပွဲဟာ ခင်ဗျားအတွက် နောက်ဆုံး ရွေးကောက်ပွဲဖြစ်လိမ့်မယ်´´ ဟု သတိပေးခဲ့သည်။

ထရန့် ဆန့်ကျင်ရေး အင်အားစုများက “ ခင်ဗျားတို့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လက်နက် ကိုင်ဆောင်ခွင့်နဲ့ မဲပေးပိုင်ခွင့်တွေကို လုယူဖို့ ကြိုးစားနေတယ်” ဟု သူက ထပ်လောင်း ပြောကြားလိုက်ပါသည်။

ဓာတ်ပုံ။

Evan Vucci/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 12 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 28 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 44 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN