နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်

အောက်တိုဘာလ (၇)ရက်။

ဒီကနေ့ နံနက်အစောပိုင်းကျော်အချိန်မှာ NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားပြီလို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေရဲ့ အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။

“ ဒီကနေ့ နံနက် (၂)နာရီ (၅၀)မိနစ်မှာပဲ ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံက ICU ထဲမှာ ကွယ်လွန်သွားပါပြီ” လို့ ပါတီနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ အိုးဘိုအကျဉ်းထောင်ထဲ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတာကြောင့် အောက်တိုဘာလ (၅)ရက်နေ့မှာ မန္တလေးဆေးရုံရှိ အထူးကြပ်မတ်ဆောင်(ICU)ထဲ ဆေးကုသမှုခံယူခဲ့ရတာပါ။

ဒေါက်တာဇော်မြင့်မောင်ဟာ ICU ထဲ ဆေးကုသမှုခံယူနေရတဲ့အချိန် သတိလစ်မေ့မြောနေပြီး ကျန်းမာရေး စိုးရိမ်ရတဲ့အခြေအနေကြောင့် မိသားစုဝင်တွေက စောင့်ကြည့်နေခဲ့ရတယ်လို့ သိရပါတယ်။

အိုးဘိုအကျဉ်းထောင်ထဲ ဖမ်းဆီးခံထားရတဲ့အချိန် ကျန်းမာရေးဆိုးဝါးနေတဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အောက်တိုဘာလ (၆)ရက်နေ့မှသာ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး နောက်တရက် ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အသက် (၇၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါဝေဒနာ ခံစားနေရသလို စစ်တပ်က အာဏာသိမ်းဖို့ စတင်ကြိုးပမ်းတဲ့အချိန်မှာပဲ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် (၂၉)နှစ်အထိ ချမှတ်ခံခဲ့ရတာပါ။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားခဲ့တာကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလဲ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အတည်ပြုထားပြီး အောက်တိုဘာလ (၈)ရက်နေ့ တောင်အင်းမြောက်အင်းသုဿာန်မှာ မီးသင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 0 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 20 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့