နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကမ်းခြေစောင့်တပ်ဖွဲ့ကို အခုထက်ပိုပြီး လက်နက်နဲ့ လူအင်အား တိုးချဲ့သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

အောက်တိုဘာလ (၇)ရက်။

ကမ်းခြေစောင့်တပ်ဖွဲ့ကို ရေယာဉ်၊ လက်နက်ကိရိယာနဲ့ လူအင်အား တိုးချဲ့သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ကမ်းခြေစောင့်တပ်ဖွဲ့ဌာနချုပ်တည်ထောင်တဲ့ (၃)နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့ကို ရေကြောင်းဆိုင်ရာတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ နှစ်စဉ်ဖွဲ့စည်းပေးနိုင်ခဲ့ပြီးဖြစ်ပေမယ့် အခုထက်ပိုပြီး တိုးချဲ့ဖွဲ့စည်းသွားရဦးမယ်လို့ ဆိုပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့အနေနဲ့ အရပ်ဘက်ရေကြောင်းအာဏာပိုင်တွေ၊ အဖွဲ့အစည်းတွေနဲ့ အေဂျင်စီတွေရဲ့ လုပ်ငန်းတွေမှာ ပံ့ပိုးကူညီဖို့နဲ့ သဘာဝဘေးနဲ့ အရေးပေါ်အပါအဝင် ရေကြောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေနဲ့ အငြင်းပွားတာတွေမှာ ဖြေရှင်းဆောင်ရွက်ပေးရမယ်လို့ ညွှန်ကြားထားပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့ကို စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့ပြီးနောက် ‌၂၀၂၁ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရေပြင်၊ ဝေဟင် နှစ်ရပ်လုံးက ကာကွယ်ထိန်းသိမ်းနိုင်ဖို့ မျှော်မှန်းချက်ထားပြီး တည်ဆောက်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဟာ ရေမိုင် (၁၃၀၀)ခန့် ကမ်းရိုးတန်းနဲ့ ကျွန်းပေါင်း (၁၄၀၀)ရှိပြီး ရေပြင်နယ်နိမိတ် စတုရန်းရေမိုင် (၁၄၃၁၁၀၇၂)ရှိတာကြောင့် တပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မနေ့ကပြုလုပ်တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တည်ထောင်တဲ့ (၃)နှစ်ပြည့်အခမ်းအနားမှာ ရေမိုင် (၄၈)မီတာ အမြန်သွားကင်းလှည့်ယာဉ် (၄)စင်းကို တပ်တော်ဝင်ရေယာဉ်တွေအနေနဲ့ ကြေညာခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 19 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 18 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 22 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 27 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 37 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာထဲ ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စကစဘက်က (၂)ဦးသေပြီး