နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 3 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

လူပျောက်ရှာ‌ဖို့ထွက်လာတဲ့ AA တပ်ဖွဲ့ဝင်တွေကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်၊ AA တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခဲ့

အောက်တိုဘာလ (၈)ရက်။

မနေ့က နေ့လယ် (၁)နာရီခွဲအချိန်ခန့်မှာ ဘူသီးတောင်မြို့နယ်ထဲ လူပျောက်ရှာဖို့ထွက်လာတဲ့ AA တပ်ဖွဲ့ဝင်တွေကို ARSA လက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဘူးသီးတောင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွာသစ်မှာနေထိုင်တဲ့ အသက် (၆၇)နှစ်နဲ့ (၆၅)နှစ်အရွယ် အမျိုးသား (၂)ဦးဟာ နံနက် (၈)နာရီအချိန်က အိမ်ဆောက်လုပ်ဖို့ ဂုံးနားရွာဘက် ဝါးခုတ်သွားရာကနေ အိမ်ပြန်မရောက်လာခဲ့တာလို့ ဆိုပါတယ်။

သူတို့ (၂)ဦး အိမ်ပြန်မရောက်လာတဲ့အတွက် ရွာမကျေးရွာရှိ အာရက္ခပြည်သူ့လုံခြုံရေးအဖွဲ့ထံ အကြောင်းကြားလာတာကြောင့် တပ်ဖွဲ့ဝင် (၃)ဦးဟာ နေ့လယ် (၁)နာရီခွဲအချိန်မှာ ရှာဖွေဖို့ ထွက်လာခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

လူပျောက်ရှာဖို့ထွက်လာခဲ့ပြီး (၅)မိနစ်အကြာ ဂုံးနားမူဆလင်ရွာအဝင်ဝအနီးကို ရောက်ရှိချိန် ARSA လက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ကာ AA တပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းနဲ့ ဝမ်းဗိုက်ထိမှန်ကျဆုံးပြီး (၂)ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

ခြုံခိုတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ကျဆုံးခဲ့သူဟာ အသက် (၄၁)နှစ်အရွယ်ရှိ အုတ်တောင်ဇာတိဖြစ်ကာ စီးလာတဲ့ ဆိုင်ကယ်တွေလဲ တိုက်ခိုက်ခံခဲ့ရတဲ့နေရာမှာပဲ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ARSA မူဆလင်လက်နက်ကိုင်အဖွဲ့ကို အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အာရက္ခတပ်တော်တို့က လိုက်လံဖမ်းဆီးနေသလို ပျောက်ဆုံးနေတဲ့ ရွာသား (၂)ဦးကိုလဲ ရှာဖွေနေတယ်လို့ အသိပေးထားပါတယ်။

အာရက္ခတပ်တော်(AA)အနေနဲ့ အာရက္ခဒေသထဲ ဘယ်အကြမ်းဖက်အဖွဲ့ကိုမှ အခြေချခွင့်ပြုမှာမဟုတ်သလို အကြမ်းဖက်သမားနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ရှင်သန်ခွင့်မပြုဘဲ အမြန်ဆုံးနှိမ်နင်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ နောက်ဆုံးရရှိထားသော အချက်အလက်များအရ အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ (Operation Epic Fury) ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 5 Views
နိုင်ငံခြားသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ (၃)ရက် လက်ရှိ စစ်ရေးအခြေအနေနှင့် အဓိကဖြစ်ရပ်များ အဓိကတိုက်ခိုက်မှု စတင်ခြင်း (ဖေဖော်ဝါရီ ၂၈ရက်) အမေရိကန်နှင့်
မြန်မာသတင်း

ဖောင်းပြင်မြို့မှာ စစ်ကော်မရှင်စခန်းက တပ်ကြပ်တဦး မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းထံ အလင်းဝင်

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 7 Views
မတ်လ (၃)ရက်။ ဖောင်းပြင်မြို့ အင်းဝိုင်းလမ်းဆုံရှိ စစ်ကော်မရှင်စခန်းက တပ်ကြပ်အဆင့်ရှိသူတဦး အလင်းဝင်လာခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေ

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 12 Views
‌မတ်လ (၃)ရက်။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲသပ်လျှိုဖို့ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးပြုနေတယ်လို့ MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလို စစ်ကောင်စီတပ်ဟာ ဆိုရှယ်မီဒီယာကို ဒုတိယစစ်မျက်နှာအနေနဲ့ အသုံးချပြီး သတင်းတု၊
မြန်မာသတင်း

အကျဉ်းသား/သူ (၂၉)ဦးကို KNU လွတ်ငြိမ်းခွင့်ပြုခဲ့

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 20 Views
‌မတ်လ (၂)ရက်။ ခလယ်လွီထူခရိုင်ထောင်က အကျဉ်းသူ (၅)ဦးနဲ့ အကျဉ်းသား (၂၄)ဦးကို KNU က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခလယ်လွီထူခရိုင် ထောင်က KNU ဥက္ကဋ္ဌရဲ့ အမိန့်နဲ့ ကော်သူးလေ
မြန်မာသတင်း

ြည်သူယုံကြည်မှု ပျက်ယွင်းရင် တော်လှန်ရေးဆက်လုပ်လို မလွယ်ဘူးလို NUG ယာယီသမ္မတပြော

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 26 Views
မတ်လ (၂)ရက်။ ပြည်သူယုံကြည်မှု ပျက်ယွင်းရင် တေယ်လှန်ရေးဆက်လုပ်လို မလွယ်ကူနိုင်ဘူးလို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ ကျွန်တော်တိုအနေနဲ့ လူထုယုံကြည်မှု/ပြည်သူ့ယုံကြည်မှုဟာ အသက်ဖြစ်ပါတယ်။ ပြည်သူ့ယုံကြည်မှု ပျက်ယွင်းသွားရင်၊
မြန်မာသတင်း

အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ခံရတဲ့ အကျဉ်းသား/သူ (၇၀၀၀)ကျော်ကို စစ်ကော်မရှင် ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 24 Views
မတ်လ (၁)ရက်။ အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၇၃၃၇)ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းအမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က လွတ်ငြိမ်းမိန့်နဲ့ ပြန်လွှတ်ပေးတဲ့သူတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ၅၂(က)တိုနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့
မြန်မာသတင်း

“နျူဂျီဦးဆောင်တဲ့တော်လှန်ရေးမအောင်မြင်နိုင်တဲ့အကြောင်းရင်းများ”

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 31 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၆) ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးသုံးသပ်ချက်များတနင်္ဂနွေနေ့အစီအစဥ်ကို တင်ပြကြမှာဖြစ်ပါတယ်၊ ဒီအပတ်အထူးအစီအစဥ်အနေနဲ့ တင်ပြမှာကြတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ခံယူထားတဲ့ နျူဂျီအနေနဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က အချက်အလက်များနဲ့ထောက်ပြပြီး ပြတ်ပြတ်သားသား နျူဂျီ ဦးဆောင်မှုနဲ့ တော်လှန်ရေးမအောင်မြင်နိုင်ကြောင်းကိုဝေဖန်ဆွေနွေးသွားကြမှာဖြစ်ပါတယ်၊ တော်လှန်ရေးအောင်မြင်လိုသူများအားလုံးသိသင့်သိထိုက်တာတွေသိပြီး
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေနဲ့ စစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၂၁)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလဲ