နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

သန်းခေါင်စာရင်းကောက်သူ (၉)ဦး ဖမ်းဆီးခဲ့တဲ့အပေါ် လောင်းလုံးမြို့နယ်ပကဖ ထုတ်ပြန်

အောက်တိုဘာလ (၉)ရက်။

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်တာမှာ ပါဝင်သူ (၉)ဦးကို ဖမ်းမိခဲ့တာနဲ့ပတ်သက်ပြီး လောင်းလုံးမြို့နယ်ပကဖရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

အောက်တိုဘာလ (၆)ရက်နေ့က သန်းခေါင်စာရင်းကောက်တာမှာ ပါဝင်တဲ့ လောင်းလုံးမြို့နယ်နေ စာရေးမ (၁)ဦးနဲ့ Non-CDM ဆရာမ (၈)ဦးတို့ကို လောင်းလုံးမြို့နယ်ပကဖက ထားဝယ်မြို့‌ပေါ် လမ်းပိုင်းနဲ့ နေအိမ်တွေမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

သူတို့ (၉)ဦးကို ဖမ်းဆီးခဲ့ပြီးနောက် သက်သေအထောက်အထားတွေအပါအဝင် ပူးတွဲဖမ်းဆီးထိန်းသိမ်းထားတဲ့ ပစ္စည်းတွေကို ဗီဒီယိုမှတ်တမ်းတွေ၊ ဓါတ်ပုံမှတ်တမ်းတွေနဲ့အတူ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့် ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဖမ်းမိခဲ့သူတွေကို (၂၄)နာရီအတွင်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ဖို့ လောင်းလုံးမြို့နယ်ပအဖထံ လူနဲ့ သက်သေခံပစ္စည်းတွေ အပ်နှံခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ပေးနေသူတွေနဲ့ လောင်းလုံးမြို့နယ်ထဲ သန်းခေါင်စာရင်းကောက်ယူပေးရမယ့် ပါဝင်ပတ်သက်သူတွေရဲ့ စာရင်းကို အတိအကျရရှိထားတယ်လို့လဲ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီအလိုကျ ဆက်လက်ဆောင်ရွက်မယ်ဆိုရင် ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူသွားမယ်လို့ လောင်းလုံးမြို့နယ်ပကဖက ထပ်မံသတိပေးထားပါတယ်။

အခုလို သန်းခေါင်စာရင်းကောက်သူတွေ ဖမ်းဆီးခံခဲ့ရတာကို စစ်ကောင်စီဘက်ကလဲ အတည်ပြုထုတ်ပြန်ထားကာ လိုအပ်တဲ့ လုံခြုံရေးတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အားကောင်းတဲ့ စစ်တပ်ကို ဖြိုချဖို့ အရပ်သားအစိုးရဩဇာခံယူမယ့် စစ်တပ်တခုလိုအပ်တယ်လို့ BPLA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 37 Views
ဧပြီလ (၁၇)ရက်။ အားကောင်းတဲ့ စစ်တပ်တခုကို ဖြိုချဖို့ စနစ်ကျပြီး ခိုင်မာတဲ့ အရပ်သားအစိုးရဩဇာကို ခံယူမယ့် စစ်တပ်တခု လိုတယ်လို့ ဒီကနေ့
မြန်မာသတင်း

သင်္ကြန်အတက်နေ့ ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲတာကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 20 Views
ဧပြီလ (၁၇)ရက်။ မနေ့က သင်္ကြန်အတက်နေ့ နေ့လယ် (၁၂)နာရီခွဲကျော်အချိန် ကော့ကရိတ်မြို့ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon
မြန်မာသတင်း

နှစ်ဆန်းတစ်ရက်နေ့ မန္တလေးကို ဗဟိုပြုပြီး ငလျင်ထပ်လှုပ်၊ အင်အားအသင့်အတင့်ရှိကာ မြို့နေပြည်သူတွေ သိသိသာသာ ခံစား‌ခဲ့ရတယ်လို့ဆို

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 18 Views
ဧပြီလ (၁၇)ရက်။ ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့ နေ့လယ် (၁)နာရီကျော်အချိန်မှာ မန္တလေးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဒီတကြိမ်က တော်တော်ကြမ်းတယ်။ (၂၈)ရက်နေ့တုန်းက ငလျင်စလှုပ်တဲ့အချိန်လိုပဲ တော်တော်ဆိုးတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်ဖို့ ပြည်သူတွေ ပူးပေါင်းပေးကြပါဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 17 Views
ဧပြီလ (၁၇)ရက်။ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြပါဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်သစ်ကူးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက်
မြန်မာသတင်း

၂၀၂၅ခုနှစ်မှာ တော်လှန်ရေး အပြီးသတ်အောင်ပွဲနှစ်ဖြစ်အောင် ကြိုးစားဖို့ NUG ယာယီသမ္မတ တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 17 Views
ဧပြီလ (၁၇)ရက်။ ၂၀၂၅ခုနှစ်ဟာ အပြီးသတ်အောင်ပွဲကို ယူဆောင်နိုင်မယ့်နှစ်ဖြစ်အောင် ကြိုးစားသွားဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီ ၂၀၂၅ခုနှစ်ဟာ ကြီးမားတဲ့ တော်လှန်ရေးအလှည့်အပြောင်းဖြစ်လာစေမယ့်နှစ် ပြည်သူလူထုအတွက် တော်လှန်ရေး
မြန်မာသတင်း

မင်းကင်းမြို့နယ် ပကဖနဲ့ ပအဖကို ပြည်သူဆန္ဒထုတ်ဖော်

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 27 Views
မင်းကင်းမြို့နယ် ပကဖနဲ့ ပအဖကို ပြည်သူဆန္ဒထုတ်ဖော် မင်းကင်းမြို့နယ်ပကဖနဲ့ ပအဖတို့က ရွှေတူးဖော်ပြီး စီးပွားရေးရှာတာ လမ်းတံတားတွေမှာ ကောက်ခွန်တွေကောက်ခံတာအပြင် နောက်ပိုင်းမှာ ဇက်ရဲလက်ရဲရှိလာပြီး လောင်းကစား ဝိုင်းတွေထောင်၊ နယ်အနှံက လောင်းကစားဝါသနာပါသူတွေနဲ့ ဒိုင်တွေဖွင့် စီးပွားရှာပြီး ငွေရွှင်နေပေမဲ့  မြို့နယ်နဲ့ကျေးရွာပြည်သူတွေရဲ့
မြန်မာသတင်း

စစ်ကောင်စီ လွတ်ငြိမ်းထဲ နိုင်/ကျဉ်းပါဝင်တာ အလွန်နည်းပါးတယ်လို့ PPNM ပြော

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 28 Views
ဧပြီလ (၁၇)ရက်။ ဒီကနေ့ နှစ်ဆန်းတရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ထဲ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်တာ အလွန်နည်းပါးတယ်လို့ PPNM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နှစ်ဆန်း(၁)ရက်နေ့ စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသားပါဝင်တာ လွန်စွာနည်းပြီး အချို့အကျဉ်းထောင်တွေမှာ
မြန်မာသတင်း

မင်းကင်းမြို့နယ် တောင်တွင်းဒေသ နေရာနှစ်ခုမှာ မြို့နယ်ပကဖနဲ့ ပအဖ တာဝန်ခံနှစ်ဦးကို ဒေသခံ ပြည်သူများ ဆန္ဒထုတ်ဖော်

  • 2025 ခုနှစ်၊ ဧပြီလ 16 ရက်
  • 26 Views
ဧပြီလ (၁၆) ရက်။ မနေ့က ဧပြီလ (၁၅) ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ မင်းကင်းမြို့နယ် တောင်တွင်းဒေသ နေရာနှစ်ခုမှာ မြို့နယ်ပကဖနဲ့ ပအဖ တာဝန်ခံနှစ်ဦးကို ဒေသခံပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။