အောက်တိုဘာလ (၁၀)ရက်
ဒီကနေ့ နံနက် (၂)နာရီခွဲဝန်းကျင်က သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ ဒီကနေ့ နံနက်အစောပိုင်းမှာ သိန္နီမြို့ မန်ချက်ရွာက လူနေအိမ်တွေကို စကစက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ လူသေဆုံးတာမရှိပေမယ့် (၅)ဦး ဒဏ်ရာရခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ လေကြောင်းကနေ သိန္နီမြို့၊ ပန်လော့ကေိးရွာအုပ်စုရှိ မန်ချက်ရွာက လူနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူသေဆုံးတာမရှိခဲ့ပေမယ့် ပြည်သူ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ထဲ လူနေအိမ်အချို့နဲ့ မော်တော်ယာဉ်အချို့ ထိမှန်ပျက်စီးခဲ့ကာ သိန္နီမြို့ဟာ ကိုးကန့်တပ်(MNDAA)က သိမ်းပိုက်ထိန်းချုပ်ထားတာပါ။
အခုအခါ သိန္နီမြို့မှာ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး ဖုန်းလိုင်းသာရရှိတယ်လို့ သိရပြီး စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ဒေသတွေကို နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ သိရပါတယ်။