အာဆီယံနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးလိုတယ်လို့ စစ်ခေါင်းဆောင်ပြော
အောက်တိုဘာလ (၁၁)ရက်။
မနေ့က နေပြည်တော်မှာ အာဆီယံရေတပ်ဦးစီးချုပ်အစည်းအဝေးကို တက်ရောက်လာတဲ့ အာဆီယံရေတပ်ခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံအဖွဲ့ထဲ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေအပါအဝင် ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ သဘာဝဘေး ပူးပေါင်းလေ့ကျင့်ဖို့တို့ကို ပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးတာကို လိုလားပြီး အာဆီယံစိတ်ဓါတ်အပြည့်နဲ့ အာဆီယံပဋိညာဉ်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲထဲ တက်ရောက်လာတဲ့ အာဆီယံရေတပ်အကြီးအကဲတွေက အစည်းအဝေးကျင်းပပြုလုပ်မယ့် အခြေအနေအပါအဝင် ရေတပ်တွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တာတွေ ဆက်လက်မြှင့်တင်သွားဖို့ ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
(၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးကို နေပြည်တော်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဘရုနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။