နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 17 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဘူးသီးတောင်မှာ ARSA အဖွဲ့က အရပ်သား (၂)ဦးကို သတ်ဖြတ်အလောင်းဖျောက်ခဲ့တယ်လို့ AA ထုတ်ပြန်

အောက်တိုဘာလ (၁၁)ရက်။

ဘူးသီးတောင်မြို့မှာ ဝါးခုတ်ဖို့သွားတဲ့ အရပ်သား (၂)ဦးကို ARSA အဖွဲ့က သတ်ဖြတ်အလောင်းဖျောက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အောက်တိုဘာလ (၇)ရက်နေ့ နံနက် (၈)နာရီအချိန်က ရွာသစ်နေ အသက် (၆၇)နှစ်နဲ့ (၆၅)နှစ်အရွယ် အရပ်သား (၂)ဦးဟာ အိမ်ဆောက်လုပ်ဖို့အတွက် ဂုံးနား(မူဆလင်)ရွာဘက်ကို ဝါးခုတ်ဖို့ သွားခဲ့တာလို့ ဆိုပါတယ်။

သူတို့(၂)ဦးကို ARSA အဖွဲ့က ဖမ်းဆီးသွားခဲ့ကာ ရုပ်အလောင်းတွေကို မနေ့က နံနက် (၇)နာရီ (၄၀)မိနစ်အချိန်က ဂုံးနားရွာရှိ ဖာရုပ်ရဲ့ အိမ်ခြံဝင်းထဲ ‌ဦးခေါင်းဖြတ်ပြီး မြေမြှုပ်ထားတာကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီရုပ်အလောင်း (၂)လောင်းကို အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဘက်ဆိုင်ရာဝန်ထမ်းတွေအပါအဝင် မှုခင်းဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက တူးဖော်စစ်ဆေးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး အသက်ဆုံးပါးသွားရသူ (၂)ဦးရဲ့ မိသားစုဝင်တွေကို အကြောင်းကြားပြီး အလောင်းတွေ့ရှိခဲ့တဲ့‌ နေရာအနီးမှာပဲ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အာရက္ခ‌တပ်တော်(AA)အနေနဲ့လဲ အပြစ်မဲ့ရွာသား (၂)ဦးကို သတ်ဖြတ်သွားခဲ့တဲ့ ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို လိုက်လံရှာဖွေနေတယ်လို့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 7 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ အစွမ်းကုန်ဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 6 Views
မေလ (၁၆)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ NUG ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

MNDAA ရဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်တာက အသက်ပေးခဲ့တဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ SAC-M ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 15 Views
မေလ (၁၆)ရက်။ MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်ဖို့ ‌ဆုံးဖြတ်ခဲ့တာဟာ အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ “ MNDAA က လားရှိုးမြို့ကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၈)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 15 Views
မေလ (၁၆)ရက်။ မေလ (၁၄)ရက်နဲ့ (၁၅)ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၂)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌မေလ (၁၄)ရက်နေ့က ကျောက်တော်မြို့ ရွာမရပ်ကွက်ကို
မြန်မာသတင်း

မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တဲ့ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 18 Views
မေလ (၁၆)ရက်။ မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တာတွေ ကျူးလွန်တဲ့ (၁၇)ဦးပါ ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ဂိုဏ်းအဖွဲ့မှာ အမျိုးသား (၁၅)ဦးနဲ့ အမျိုးသမီး (၂)ဦးတို့ဖြစ်ပြီး အမရပူရ၊
နိုင်ငံတကာသတင်း မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာခုံရုံးတွေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့ ဆွေးနွေး

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 20 Views
မေလ (၁၅)ရက်။ မနေ့က တောင်ကိုရီးယားနိုင်ငံမှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ SAC-M အဖွဲ့ဝင် Professor Yanghee Lee တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ
မြန်မာသတင်း

ဘုရားသုံးဆူတွင် စစ်ရေးတင်းမာနေ

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 29 Views
၂၀၂၅ခုနှစ်၊ မေလ ၁၅ ရက် ဘုရားသုံးဆူတွင် ကျားဖြန့်များ ရှိနေမှုကြောင့် ထိုင်းအစိုးရက နယ်စပ်ကို ပိတ်ခဲ့ပြီး လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီများကိုလည်း ပိတ်ပင်လိုက်ကြောင်း ထိုင်းဖက်မှ လူသိရှင်ကြား ကြေညာခဲ့သောကြောင့် ဘုရားသုံးဆူလူထုမှာ ဒုက္ခရောက်နေကြသည်ဟု သိရှိရသည်။
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီကို အရေးယူပေးဖို့ NLD တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 26 Views
မေလ (၁၅)ရက်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီရဲ့ ပြည်သူတွေကို ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာကို အရေးယူပေးဖို့ NLD က ဒီကနေ့မှာ ထုတ်ပြန်တိုက်တွန်းထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက အပစ်ရပ်ကာလဆိုပြီး ကြေညာထားတဲ့ ဧပြီလ (၃)ရက်နေ့ကနေ မေလ