နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဂျပန်အဏုမြူဗုံးနှင့် အဏုမြူဗုံးဒဏ်သင့်အဖွဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိ++++++++++++++++++

အောက်တိုဘာလ (၁၁) ရက်။

နော်ဝေနိုင်ငံ နိုဘယ်လ်ဆုရွေးချယ်ကော်မတီက ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအား ဂျပန်အဏုမြူဗုံးနှင့် အဏုမြူဗုံးဒဏ်သင့်အဖွဲ့ (နိပွန်းဟိဒန်းကရိုး – Nippon Hidankyo အတိုကောက်- ဟိဒန်းကရိုး) ထံ ပေးအပ်မည်ဖြစ်ကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက အောက်တိုဘာလ (၁၁) ရက်နေ့တွင် ကြေညာခဲ့သည်။

“နျူကလီးယားလက်နက်ကင်းစင်တဲ့ ကမ္ဘာကြီးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုအတွက် ဆုချီးမြှင့်ခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုဘယ်လ်ဆုရွေးချယ်ကော်မတီက နိပွန်းဟိဒန်းကရိုး (Hidankyo) ကို “နျူကလီးယားလက်နက်တွေကို ဘယ်တော့မှ ထပ်ပြီးအသုံးမပြုရဘူးဆိုတဲ့ သူတို့ကိုယ်တိုင် အဏုမြူဓာတ်ရောင်ခြည်သင့်ခံရတဲ့သက်သေအထောက်အထားကနေတဆင့် ပြသခဲ့တယ်” ဟု ချီးကျူးခဲ့သည်။

ဟိဒန်းကရိုးကို ၁၉၄၅ ခုနှစ်တွင် ဟီရိုရှီးမားနှင့် နာဂါဆာကီတို့တွင် အမေရိကန်တို့ ကျဲချခဲ့သည့် အဏုမြူဗုံးများမှ အသက်ရှင်ကျန်ရစ်သူ အဏုမြူဓာတ်ရောင်ခြည်သင့်သူများက ၁၁ နှစ်အကြာ ၁၉၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

ယင်းအချိန်က ပစိဖိတ်သမုဒ္ဒရာရှိ ဘီကီနီကျွန်းတွင် အမေရိကန်အဏုမြူဗုံးစမ်းသပ်မှုတစ်ခုအတွင်း ဂျပန်တူနာငါးဖမ်းသင်္ဘော ဒိုင်းဂို ဖူကူရူ မာရုမှ သင်္ဘောသားများသည် အဏုမြူဓာတ်ရောင်ခြည် သင့်ခဲ့ရပြီးနောက် ဂျပန်နိုင်ငံတွင် အဏုမြူဗုံးအသုံးပြုမှု တားမြစ်ရန် လှုပ်ရှားမှုသည် အရှိန်အဟုန် မြင့်တက်လာခဲ့သည်။

ထိုအချိန်မှစ၍ ဟိဒန်းကရိုးသည် နူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် ကမ္ဘာကို ပန်ကြားပြီး အဏုမြူဗုံးမှ လွတ်မြောက်လာသူများ၏ ရှုထောင့်မှနေ၍ ဆက်လက် လှုံ့ဆော်ခဲ့သည်။

အရှေ့နှင့်အနောက်ကြား စစ်အေးကာလတွင် ဟိဒန်းကရိုးသည် ကုလသမဂ္ဂ အထူးအထွေထွေညီလာခံသို့ ကိုယ်စားလှယ်အဖွဲ့များကို သုံးကြိမ် စေလွှတ်ခဲ့ပြီး ၎င်းတို့၏ အတွေ့အကြုံများကို အခြေခံ၍ အဏုမြူဗုံး လွတ်မြောက်လာသူများအဖြစ် ၎င်းတို့၏ အတွေ့အကြုံများကို အခြေခံ၍ နျူကလည်းယားလက်နက် ဖျက်သိမ်းရေးကို တိုက်တွန်းတောင်းဆိုခဲ့သည်။

ဟိဒန်းကရိုး၏ကြွေးကြော်သံမှာ “No more Hiroshima, No more Nagasai, No More hibakusha’ ဖြစ်သည်။ နောက်ထပ် ဟီရိုးရှီးမား၊ နောက်ထပ် နာဂါဆာကီ၊ နောက်ထပ် အဏုမြူဓာတ်ရောင်ခြည်သင့်သူများ ထွက်ပေါ်မလာရေးဖြစ်သည်။ (မှတ်ချက်။ ဟီဘကုရှ (‘hibakusha) ၏အဓိပ္ပါယ်မှာ အဏုမြူဓာတ်ရောင်ခြည်သင့်ခံရသူ ဖြစ်သည်။)

ထို့အပြင် ကုလသမဂ္ဂနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် အဏုမြူဗုံး ဓာတ်ပုံပြပွဲများ ကျင်းပခြင်းနှင့် ၂၀၀၅ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခြင်း အခမ်းအနားများတွင်လည်း အဏုမြူဗုံးကြဲချခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ၎င်း၏ လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဂျပန်နိုဘယ်လ်ဆုရွေးချယ်ကော်မတီဥက္ကဌက “ဟိဒန်းကရိုးသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေး အတွက် နှစ်ပေါင်းများစွာ လုပ်ဆောင်နေခဲ့သည်” ဟု ပြောကြားခဲ့ပါသည်။

နျူကလီးယားလက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဝင်လက်ဝယ်ပိုင်ဆိုင်ခြင်းကို တားမြစ်ထားသည့် နျူကလီးယားလက်နက်များ တားမြစ်ရေးဆိုင်ရာ သဘောတူစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများတွင် ဂျပန်နိုင်ငံမှ ဟိဒန်းကရိုးသည် လက်မှတ်ပေါင်း ၃ သန်းခန့်ကို စုဆောင်းပြီး လက်ခံအတည်ပြုရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ယင်းနောက်တွင် နိုင်ငံအားလုံးပါဝင်ရန် တောင်းဆိုသည့် ဟိဘကုရှ အင်တာနေရှင်နယ်သည် လက်မှတ်ပေါင်း ၁၃ ဒသမ ၇ သန်းဖြင့် ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။

ထို့အပြင်၊ နျူကလီးယားလက်နက်တားမြစ်ရေးသဘောတူစာချုပ်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အသက်ဝင်ခဲ့ပြီး ပြီးခဲ့သောနှစ် ဇွန်လတွင် သြစတြီးယားနိုင်ငံ၌ ကျင်းပသည့် ပထမအကြိမ်ညီလာခံတွင် ဂျပန်နိုင်ငံမှ ဟိဒန်းကရိုးမှ အဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီး နျူလက်နက်ဖျက်သိမ်းရေးအတွက် တောင်းဆိုခဲ့သည်။

မကြာသေးမီနှစ်များအတွင်း၊ ကိုရိုနာဗိုင်းရပ်အသစ်၏အကျိုးသက်ရောက်မှုနှင့် အဏုမြူဗုံးဒဏ်သင့်ခံရသူများ၏ အသက်အရွယ်ကြီးရင့်မှုကြောင့် အဏုမြူဗုံးအတွေ့အကြုံကို ဖော်ပြသည့် အဖြစ်အပျက်များကို ဖျက်သိမ်းရန် သို့မဟုတ် လျှော့ချရန် ဖိအားပေးခံခဲ့ရသော်လည်း အဏုမြူဗုံးအကြောင်း သက်သေထွက်ဆိုချက်များကို ဖော်ပြရန် ကြိုးပမ်းမှုများကိုလည်း အာရုံစိုက်လုပ်ဆောင်လျက်ရှိသည်။

နော်ဝေနိုဘယ်ငြိမ်းချမ်းရေး ကော်မတီသည် နူကလီးယားလက်နက်များ ကင်းစင်သော ကမ္ဘာကြီးကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် နိပွန် ဟီဒန်ကျိုအား ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့ကြောင်းနှင့် ၎င်းတို့၏ ကိုယ်တွေ့တွေ့အကြုံများကို သက်သေအဖြစ် ထုတ်ဖော်အသုံးပြုပြီး နျူကလီးယားလက်နက်များကို ထပ်မံအသုံးမပြုရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း “အေဆာကု ဆာတိုး” က NPT လက်မှတ်ရေးထိုးပြီး ၁၉၇၄ ခုနှစ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြီးနောက်ပိုင်း ဂျပန်နိုင်ငံသည် နှစ်ပေါင်း ၅၀ အတွင်း ဒုတိယအကြိမ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

နော်ဝေနိုင်ငံ မြို့တော် အော်စလိုတွင် နိုဘယ်လ်ကော်မတီက ဆုံးဖြတ်ချက်ကို ကြေညာခဲ့ရာတွင် “ဟီရိုရှီးမားနှင့် နာဂါဆာကီတို့တွင် အဏုမြူဗုံးကြဲချမှုမှ လွတ်မြောက်ခဲ့သော သမိုင်းသက်သေများ (အဏုမြူဓာတ်ရောင်ခြည်သင့်ခဲ့ရသူများ)တစ်နေ့မှာတော့ ပျောက်ကွယ်သွားမယ့်အချိန် ရောက်လာမှာပါ ။” “ဒါပေမယ့် ခိုင်မာတဲ့ မှတ်ဉာဏ်ရဲ့ ယဉ်ကျေးမှုနဲ့ စဉ်ဆက်မပြတ် ကြိုးစားမှုတွေကြောင့် ဂျပန်နိုင်ငံရဲ့ မျိုးဆက်သစ်တွေဟာ အဏုမြူဗုံးရဲ့ အတွေ့အကြုံတွေနဲ့ သက်သေပြောပြချက်တွေကို ဆက်လက်သိနိုင်စွမ်းရှိနေကြပါသေးတယ်” ဟု ရှင်းပြသည်။

“နျူကလီးယားအသုံးပြုမှုတားမြစ်ချက်” ကို ထိန်းသိမ်းရာတွင် ၎င်းတို့၏ပါဝင်ကူညီမှုအတွက် ဟီဒန်းကရိုးအား ချီးကျူးခဲ့ပြီး နျူကလီးယားအသုံးပြုမှုတားမြစ်ချက်သည် “လူသားမျိုးနွယ်အတွက် ငြိမ်းချမ်းသောအနာဂတ်အတွက် မရှိမဖြစ် လိုအပ်သည်´ ဟု ထောက်ပြခဲ့သည်။

နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက ဆုံးဖြတ်ချက်သည် နှစ် ၈၀ နီးပါး စစ်ပွဲတွင် နျူကလီးယားလက်နက်များ အသုံးမပြုခဲ့ကြောင်း စိတ်ချသေချာစေမည့်အချက်ကို မီးမောင်းထိုးပြသော်လည်း “နျူကလီးယားလက်နက်အသုံးပြုမှုအား ဆန့်ကျင်သည့် တားမြစ်ချက်သည် ဖိအားအောက်တွင် ရှိနေသည်” ဟု အသိအမှတ်ပြုခဲ့သည်။

နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဖရစ်ဒ်နက်စ်က ”အဏုမြူဗုံးမှာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဇာတ်လမ်းတွေနဲ့ သက်သေခံချက်တွေဟာ နျူကလီးယားလက်နက်အသုံးပြုမှုကို ဘယ်လိုမှလက်မခံနိုင်ဘူးဆိုတာကို အရေးကြီးတဲ့ သတိပေးချက်တစ်ခုဖြစ်ပါတယ်ဟု နိုဘယ်ဆုရွေးချယ်မှုကြေညာပွဲမှာ ပြောဆိုခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 85 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက