နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဂျပန်အဏုမြူဗုံးနှင့် အဏုမြူဗုံးဒဏ်သင့်အဖွဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိ++++++++++++++++++

အောက်တိုဘာလ (၁၁) ရက်။

နော်ဝေနိုင်ငံ နိုဘယ်လ်ဆုရွေးချယ်ကော်မတီက ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအား ဂျပန်အဏုမြူဗုံးနှင့် အဏုမြူဗုံးဒဏ်သင့်အဖွဲ့ (နိပွန်းဟိဒန်းကရိုး – Nippon Hidankyo အတိုကောက်- ဟိဒန်းကရိုး) ထံ ပေးအပ်မည်ဖြစ်ကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက အောက်တိုဘာလ (၁၁) ရက်နေ့တွင် ကြေညာခဲ့သည်။

“နျူကလီးယားလက်နက်ကင်းစင်တဲ့ ကမ္ဘာကြီးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုအတွက် ဆုချီးမြှင့်ခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုဘယ်လ်ဆုရွေးချယ်ကော်မတီက နိပွန်းဟိဒန်းကရိုး (Hidankyo) ကို “ နျူကလီးယားလက်နက်တွေကို ဘယ်တော့မှ ထပ်ပြီးအသုံးမပြုရဘူးဆိုတဲ့ သူတို့ကိုယ်တိုင် အဏုမြူဓာတ်ရောင်ခြည်သင့်ခံရတဲ့သက်သေအထောက်အထားကနေတဆင့် ပြသခဲ့တယ်” ဟု ချီးကျူးခဲ့သည်။

ဟိဒန်းကရိုးကို ၁၉၄၅ ခုနှစ်တွင် ဟီရိုရှီးမားနှင့် နာဂါဆာကီတို့တွင် အမေရိကန်တို့ ကျဲချခဲ့သည့် အဏုမြူဗုံးများမှ အသက်ရှင်ကျန်ရစ်သူ အဏုမြူဓာတ်ရောင်ခြည်သင့်သူများက ၁၁ နှစ်အကြာ ၁၉၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

ယင်းအချိန်က ပစိဖိတ်သမုဒ္ဒရာရှိ ဘီကီနီကျွန်းတွင် အမေရိကန်အဏုမြူဗုံးစမ်းသပ်မှုတစ်ခုအတွင်း ဂျပန်တူနာငါးဖမ်းသင်္ဘော ဒိုင်းဂို ဖူကူရူ မာရုမှ သင်္ဘောသားများသည် အဏုမြူဓာတ်ရောင်ခြည် သင့်ခဲ့ရပြီးနောက် ဂျပန်နိုင်ငံတွင် အဏုမြူဗုံးအသုံးပြုမှု တားမြစ်ရန် လှုပ်ရှားမှုသည် အရှိန်အဟုန် မြင့်တက်လာခဲ့သည်။

ထိုအချိန်မှစ၍ ဟိဒန်းကရိုးသည် နူကလီးယားလက်နက်များ ဖျက်သိမ်းရေးအတွက် ကမ္ဘာကို ပန်ကြားပြီး အဏုမြူဗုံးမှ လွတ်မြောက်လာသူများ၏ ရှုထောင့်မှနေ၍ ဆက်လက် လှုံ့ဆော်ခဲ့သည်။

အရှေ့နှင့်အနောက်ကြား စစ်အေးကာလတွင် ဟိဒန်းကရိုးသည် ကုလသမဂ္ဂ အထူးအထွေထွေညီလာခံသို့ ကိုယ်စားလှယ်အဖွဲ့များကို သုံးကြိမ် စေလွှတ်ခဲ့ပြီး ၎င်းတို့၏ အတွေ့အကြုံများကို အခြေခံ၍ အဏုမြူဗုံး လွတ်မြောက်လာသူများအဖြစ် ၎င်းတို့၏ အတွေ့အကြုံများကို အခြေခံ၍ နျူကလည်းယားလက်နက် ဖျက်သိမ်းရေးကို တိုက်တွန်းတောင်းဆိုခဲ့သည်။

ဟိဒန်းကရိုး၏ကြွေးကြော်သံမှာ “ No more Hiroshima, No more Nagasai, No More hibakusha’ ဖြစ်သည်။ နောက်ထပ် ဟီရိုးရှီးမား၊ နောက်ထပ် နာဂါဆာကီ၊ နောက်ထပ် အဏုမြူဓာတ်ရောင်ခြည်သင့်သူများ ထွက်ပေါ်မလာရေးဖြစ်သည်။ (မှတ်ချက်။ ဟီဘကုရှ (‘hibakusha) ၏အဓိပ္ပါယ်မှာ အဏုမြူဓာတ်ရောင်ခြည်သင့်ခံရသူ ဖြစ်သည်။)

ထို့အပြင် ကုလသမဂ္ဂနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် အဏုမြူဗုံး ဓာတ်ပုံပြပွဲများ ကျင်းပခြင်းနှင့် ၂၀၀၅ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခြင်း အခမ်းအနားများတွင်လည်း အဏုမြူဗုံးကြဲချခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ၎င်း၏ လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဂျပန်နိုဘယ်လ်ဆုရွေးချယ်ကော်မတီဥက္ကဌက “ဟိဒန်းကရိုးသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေး အတွက် နှစ်ပေါင်းများစွာ လုပ်ဆောင်နေခဲ့သည်” ဟု ပြောကြားခဲ့ပါသည်။

နျူကလီးယားလက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဝင်လက်ဝယ်ပိုင်ဆိုင်ခြင်းကို တားမြစ်ထားသည့် နျူကလီးယားလက်နက်များ တားမြစ်ရေးဆိုင်ရာ သဘောတူစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများတွင် ဂျပန်နိုင်ငံမှ ဟိဒန်းကရိုးသည် လက်မှတ်ပေါင်း ၃ သန်းခန့်ကို စုဆောင်းပြီး လက်ခံအတည်ပြုရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ယင်းနောက်တွင် နိုင်ငံအားလုံးပါဝင်ရန် တောင်းဆိုသည့် ဟိဘကုရှ အင်တာနေရှင်နယ်သည် လက်မှတ်ပေါင်း ၁၃ ဒသမ ၇ သန်းဖြင့် ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။

ထို့အပြင်၊ နျူကလီးယားလက်နက်တားမြစ်ရေးသဘောတူစာချုပ်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အသက်ဝင်ခဲ့ပြီး ပြီးခဲ့သောနှစ် ဇွန်လတွင် သြစတြီးယားနိုင်ငံ၌ ကျင်းပသည့် ပထမအကြိမ်ညီလာခံတွင် ဂျပန်နိုင်ငံမှ ဟိဒန်းကရိုးမှ အဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီး နျူလက်နက်ဖျက်သိမ်းရေးအတွက် တောင်းဆိုခဲ့သည်။

မကြာသေးမီနှစ်များအတွင်း၊ ကိုရိုနာဗိုင်းရပ်အသစ်၏အကျိုးသက်ရောက်မှုနှင့် အဏုမြူဗုံးဒဏ်သင့်ခံရသူများ၏ အသက်အရွယ်ကြီးရင့်မှုကြောင့် အဏုမြူဗုံးအတွေ့အကြုံကို ဖော်ပြသည့် အဖြစ်အပျက်များကို ဖျက်သိမ်းရန် သို့မဟုတ် လျှော့ချရန် ဖိအားပေးခံခဲ့ရသော်လည်း အဏုမြူဗုံးအကြောင်း သက်သေထွက်ဆိုချက်များကို ဖော်ပြရန် ကြိုးပမ်းမှုများကိုလည်း အာရုံစိုက်လုပ်ဆောင်လျက်ရှိသည်။

နော်ဝေနိုဘယ်ငြိမ်းချမ်းရေး ကော်မတီသည် နူကလီးယားလက်နက်များ ကင်းစင်သော ကမ္ဘာကြီးကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် နိပွန် ဟီဒန်ကျိုအား ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့ကြောင်းနှင့် ၎င်းတို့၏ ကိုယ်တွေ့တွေ့အကြုံများကို သက်သေအဖြစ် ထုတ်ဖော်အသုံးပြုပြီး နျူကလီးယားလက်နက်များကို ထပ်မံအသုံးမပြုရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း “ အေဆာကု ဆာတိုး” က NPT လက်မှတ်ရေးထိုးပြီး ၁၉၇၄ ခုနှစ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြီးနောက်ပိုင်း ဂျပန်နိုင်ငံသည် နှစ်ပေါင်း ၅၀ အတွင်း ဒုတိယအကြိမ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

နော်ဝေနိုင်ငံ မြို့တော် အော်စလိုတွင် နိုဘယ်လ်ကော်မတီက ဆုံးဖြတ်ချက်ကို ကြေညာခဲ့ရာတွင် “ ဟီရိုရှီးမားနှင့် နာဂါဆာကီတို့တွင် အဏုမြူဗုံးကြဲချမှုမှ လွတ်မြောက်ခဲ့သော သမိုင်းသက်သေများ (အဏုမြူဓာတ်ရောင်ခြည်သင့်ခဲ့ရသူများ)တစ်နေ့မှာတော့ ပျောက်ကွယ်သွားမယ့်အချိန် ရောက်လာမှာပါ ။” “ ဒါပေမယ့် ခိုင်မာတဲ့ မှတ်ဉာဏ်ရဲ့ ယဉ်ကျေးမှုနဲ့ စဉ်ဆက်မပြတ် ကြိုးစားမှုတွေကြောင့် ဂျပန်နိုင်ငံရဲ့ မျိုးဆက်သစ်တွေဟာ အဏုမြူဗုံးရဲ့ အတွေ့အကြုံတွေနဲ့ သက်သေပြောပြချက်တွေကို ဆက်လက်သိနိုင်စွမ်းရှိနေကြပါသေးတယ်” ဟု ရှင်းပြသည်။

“ နျူကလီးယားအသုံးပြုမှုတားမြစ်ချက်” ကို ထိန်းသိမ်းရာတွင် ၎င်းတို့၏ပါဝင်ကူညီမှုအတွက် ဟီဒန်းကရိုးအား ချီးကျူးခဲ့ပြီး နျူကလီးယားအသုံးပြုမှုတားမြစ်ချက်သည် “ လူသားမျိုးနွယ်အတွက် ငြိမ်းချမ်းသောအနာဂတ်အတွက် မရှိမဖြစ် လိုအပ်သည်´ ဟု ထောက်ပြခဲ့သည်။

နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက ဆုံးဖြတ်ချက်သည် နှစ် ၈၀ နီးပါး စစ်ပွဲတွင် နျူကလီးယားလက်နက်များ အသုံးမပြုခဲ့ကြောင်း စိတ်ချသေချာစေမည့်အချက်ကို မီးမောင်းထိုးပြသော်လည်း “ နျူကလီးယားလက်နက်အသုံးပြုမှုအား ဆန့်ကျင်သည့် တားမြစ်ချက်သည် ဖိအားအောက်တွင် ရှိနေသည်” ဟု အသိအမှတ်ပြုခဲ့သည်။

နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဖရစ်ဒ်နက်စ်က ” အဏုမြူဗုံးမှာ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ဇာတ်လမ်းတွေနဲ့ သက်သေခံချက်တွေဟာ နျူကလီးယားလက်နက်အသုံးပြုမှုကို ဘယ်လိုမှလက်မခံနိုင်ဘူးဆိုတာကို အရေးကြီးတဲ့ သတိပေးချက်တစ်ခုဖြစ်ပါတယ်ဟု နိုဘယ်ဆုရွေးချယ်မှုကြေညာပွဲမှာ ပြောဆိုခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 29 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 34 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ