ဒီအပတ် ခေတ်မျက်လုံးရဲ့ဆွေးနွေးခန်းမှာ ဦးထွန်းအောင်ကျော်၊ ဦးထွန်းကြည်နဲ့ ဦးမျိုးထိုက်တန်သိန်းတို့က မြန်မာ့အရေးနဲ့ပတ်သက်တဲ့ကိစ္စမှာ အာဆီယံက ဝင်ရောက်ဖြေရှင်းပေးမှုအပေါ် သူတို့ရဲ့အမြင်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးထားကြသလို စစ်ကောင်စီက တရုတ်ရဲ့ထောက်ခံမှု ရလာတာကြောင့် စစ်ရှုံးနေတဲ့ဘဝကနေ နိုင်ငံရေးကစားကွင်းထဲကို ဆင်းကစားလာတာနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ အမြင်များနဲ့ ဆွေးနွေးသွားကြတာကို ကြည့်ရှုနားသောတဆင်ရမှာ ဖြစ်ပါတယ်။