နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတ္တရာမြို့နယ်ထဲက စခန်းတွေပြန်ရဖို့ စစ်ကောင်စီကြိုးစားနေ၊ စစ်ကောင်စီစခန်းတွေကို အပြည့်အဝထိန်းချုပ်ထားတယ်လို့ MDY-PDF ထုတ်ပြန်

အောက်တိုဘာလ (၁၄)ရက်။

မတ္တရာမြို့နယ်ထဲက စခန်းတွေကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက ကြိုးစားနေကာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ MDY-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မတ္တရာမြို့နယ်ထဲ စခန်းတွေပြန်လည်ရရှိဖို့ကို စစ်ကောင်စီက လက်နက်ကြီးတွေအပါအဝင် လေကြောင်းတိုက်ခိုက်တာတွေသာမက မြေပြင်စစ်ကြောင်းတွေကိုပါ အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အင်အားအများအပြားနဲ့ တန်ပြန်ထိုးစစ်ဆင်နေပေမယ့် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တဲ့ စခန်းတွေကို MDY-PDF က ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မတ္တရာနယ်ထဲ တန်ပြန်ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး လက်နက်ခဲယမ်းတွေလဲ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်ထဲ အကြမ်းဖက်စစ်ကောင်စီက စစ်ရေးပစ်မှတ်တွေသာမက အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ပြောဆိုထားပါတယ်။

ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(မန္တလေး) MDY-PDF အနေနဲ့ မတ္တရာမြို့နယ်ထဲ စစ်ကောင်စီရဲ့ စခန်းစုစုပေါင်း (၃၅)ခုအထိ သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အွန်လိုင်းကနေ ငွေပေးချေတဲ့ MyanmarPay ကို စစ်ကောင်စီဗဟိုဘဏ် စမ်းသပ်စီစဉ်နေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 3 Views
အောက်တိုဘာလ (၁၈)ရက်။ အွန်လိုင်းကနေ ငွေပေးချေနိုင်တဲ့ MyanmarPay ကို စစ်ကောင်စီဗဟိုဘဏ်က အကောင်အထည်ဖော်နေပြီး ရှေ့ပြေးစမ်းသပ်နေတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်သူတွေ အာဟာရပြည့်ဝဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 3 Views
အောက်တိုဘာလ (၁၈)ရက်။ ပြည်သူတွေ အာဟာရပြည့်ဝပြီး စားရေရိက္ခာတွေ ထုတ်လုပ်နိုင်ဖို့ နှစ်တို နှစ်ရှည်စီမံကိန်းတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ စိုက်/မွေး/ဆည်ဝန်ကြီး ဦးမင်းနောင်က
1027 Operations မြန်မာသတင်း

နမ့်ဖက်ကာမြို့မှာ လက်နက်ကြီးဖြုတ်ရာက ပေါက်ကွဲပြီး အမျိုးသား (၂)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 8 Views
အောက်တိုဘာလ (၁၈)ရက်။ အောက်တိုဘာလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီအချိန်က နမ့်ဖက်ကာမြို့နယ်၊ ပန်ခါးရွာမှာ လက်နက်ကြီးဖြုတ်ရာက အမျိုးသား (၂)ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပန်ခါးရွာမှာ အမျိုးသား
မြန်မာသတင်း

ရွှေတိဂုံစေတီပေါ်မှာ စစ်သုံးစစ်အမြစ်ဖြတ်ဖို့ တော်လှန်လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 9 Views
အောက်တိုဘာလ (၁၈)ရက်။ မနေ့က သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီပေါ်မှာ တော်လှန်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြတယ်လို့ မျိုးဆက်သစ်လူငယ်သပိတ်ကော််မတီ(NGYSC)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွှေတိဂုံစေတီပေါ်မှာ လူငယ်သပိတ်ကော်မတီက တော်လှန်စာသားတွေကပ်ပြီး ဘုရားပူဇော်တာ၊ စတေကာတွေကပ်ပြီး ပြည်သူကို လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ သပိတ်ကော်မတီက
မြန်မာသတင်း

စွယ်တော်ကုန်းအမြောက်စခန်းကို (၇)လအကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU အတည်ပြုထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 10 Views
အောက်တိုဘာလ (၁၈)ရက်။ မနေ့က နံနက် (၄)နာရီခွဲအချိန်မှာ လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီရဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ လေးကေ့ကော်မြို့သစ်အနီး ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ မစခ(၆၀၆)လက်အောက်ခံ အမြောက်တပ်ဖွဲ့
မြန်မာသတင်း

ဒီပဲယင်းမြို့မရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးတာနဲ့ ဖမ်းမိတာတွေရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 9 Views
အောက်တိုဘာလ (၁၇)ရက်။ ဒိကနေ့ နံနက် (၈)နာရီခွဲအချန်က ဒီပဲယင်းမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် အဖြူရောင်(ပကဖ)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းမြို့မရဲစခန်းကနေ ပြည်သူတွေရဲ့နေအိမ်ကို လုယက်ခိုးယူဖို့ ထွက်လာတဲ့ စခနဲ့
မြန်မာသတင်း

ထောက်ကြန့် လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီဂိတ် မိုင်းခွဲတိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 18 Views
အောက်တိုဘာလ (၁၇)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က ထောက်ကြန့်မြို့ လှော်ကားလမ်းဆုံအနီး (၁၀၆) စစ်ကောင်စီဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ညနေ (၆)နာရီခွဲလောက်
မြန်မာသတင်း

မြန်မာစစ်တပ်ကို လက်နက်နဲ့လေယာဉ်ဆီ တင်ပို့တာမလုပ်ဖို့ မေတ္တာရပ်ခံပေမယ့် ကုလအဖွဲ့ဝင်နိုင်ငံအချို့က လုံးဝ တုန့်ပြန်တာမရှိဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 12 Views
အောက်တိုဘာလ (၁၇)ရက်။ မြန်မာစစ်တပ်ကို လက်နက်တင်ပို့တာနဲ့ တိုက်လေယာဉ်ဆီ တင်ပို့တာ မပြုလုပ်ဘဲ အရေးယူဆောင်ရွက်ပေးဖို့မေတ္တာရပ်ခံခဲ့ပေမယ့် ကုလအဖွဲ့ဝင်နိုင်ငံအချို့က လုံးဝ တုန့်ပြန်တာမရှိဘူးလို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကုလညီလာခံမှာ ပြောဆိုထားချက်အရ သိရပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်အပေါ် အမှန်တကယ် စိုးရိမ်