နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်အဆင့်ရှိ ယာဉ်ထိန်းရဲမေတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

အောက်တိုဘာလ (၁၄)ရက်။

မနေ့က နေ့လယ် (၄)နာရီဝန်းကျင်ခန့်မှာ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်ရှိ (၁၂၅)လမ်းနဲ့ (၆၂)လမ်းထောင့်က စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲမေတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ နေ့လယ် (၄)နာရီဝန်းကျင်လောက် (၁၂၅)လမ်းနဲ့ (၆၂)လမ်းထောင့်မှာ ယာဉ်ထိန်းရဲတွေ စစ်ဆေးနေတုန်း ယာဉ်ထိန်းရဲမေ သေနတ်နဲ့ ပစ်ခတ်ခံရတာပါ၊ ပစ်တဲ့သူတွေက ဆိုင်ကယ်ဖမ်းခံထားရတဲ့အချိန် ပစ်သွားတာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီလက်‌အောက်ခံ အမှတ် (၈၇)ယာဉ်ထိန်းတပ်ဖွဲ့စုက ပိတ်ဆို့စစ်ဆေးနေချိန် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့ရာက ဒုရဲအုပ်အဆင့်ရှိ ယာဉ်ထိန်းရဲမေ ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

အဲ့ဒီ အမှတ်(၈၇)ယာဉ်ထိန်းတပ်ဖွဲ့စုကို ရဲအုပ် သိင်္ဂီဝင်း ဦးဆောင်ကာ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးနေချိန် အနက်ရောင်ဆိုင်ကယ်တစ်စီးကို ဖမ်းဆီးရာက ဒုရဲအုပ် ဖူးပွင့်ဇော်ဟာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့လဲ စစ်ကောင်စီချန်နယ်တွေက ဖော်ပြထားပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ယာဉ်ထိန်းရဲမေ ဒုရဲအုပ် ဖူးပွင့်ဇော်ဟာ ယာရင်အုံအပေါ် ဖောက်ထွက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရဘဲ မဆရ(၁)စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရေးသားထားပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ A USA 9mm Luger ငွေရောင်ကျည်တစ်ခု တွေ့ရှိခဲ့တယ်လို့ သိရပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 29 Views
ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ထုတ်ပြန် မေလ (၃၀)ရက်။
မြန်မာသတင်း

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 22 Views
မေလ (၃၀)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မိုးဗြဲမြို့ထဲတနေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 21 Views
မေလ (၃၀)ရက်။ ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်နယ် (၂)ခုက ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ သင်တောရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စကစတပ်နဲ့ ပျူစောထီးတွေက ရွာပတ်ပတ်လည်နဲ့
မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်က အပစ်ရပ်ထားတဲ့အပေါ် လိုက်နာကြဖို့ဆိုပြီး တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 18 Views
မေလ (၃၀)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပစ်ရပ်ထားတဲ့အပေါ် လိုက်နာဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငလျင်အတွက် အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် ပြန်လည်ထူထောင်ရးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ စစ်တပ်က ဧပြီလ (၂)ရက်နေ့ကစပြီး
India မြန်မာသတင်း

အိန္ဒိယမှာ အထောက်အထားမရှိဘဲ ခရီးမသွားဖို့နဲ့ UN-Card အမြဲဆောင်ဖို့ သတိပေးတာတွေရှိ

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 25 Views
မေလ (၂၉)ရက်။ အိန္ဒိယမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ India for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယအကြား ပဋိပက္ခဖြစ်ပြီးနောက် တရားမဝင်နေထိုင်တဲ့
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 26 Views
မေလ (၂၉)ရက်။ မနေ့က ညနေ (၆)နာရီအချိန် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော့ကရိတ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ကနဲလေးတပ်စခန်းကို မနေ့က
မြန်မာသတင်း

မိုးကုတ်မှာ စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 15 Views
မေလ (၂၉)ရက်။ မေလ (၂၄)ရက်နေ့ ည (၁၀)နာရီအချိန်က စစ်ကောင်စီတပ်ရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)စခန်းဟောင်းအနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အရင် စစ်ကောင်စီရဲ့
မြန်မာသတင်း

တော်လှန်ရေးကာလထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 20 Views
မေလ (၂၉)ရက်။ နွေဦးတော်လှန်ရေး (၄)နှစ်တာထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့တယ်လို့ NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၀၂၄ တနှစ်ထဲမှာ တိုက်ပွဲထဲကျဆုံး ပကဖ (၂၀၀)ကျော်ရှိသလို၊ ၄